ပင်လည်ဘူးမြို့သိမ်းပြီး ၃ လကျော်ကြာသည်အထိ စစ်ရှောင်များ မြို့တွင်း ပြန်လည်နေထိုင်နိုင်ခြင်းမရှိသေး

ပင်လည်ဘူးမြို့သိမ်းပြီး ၃ လကျော်ကြာသည်အထိ စစ်ရှောင်များ မြို့တွင်း ပြန်လည်နေထိုင်နိုင်ခြင်းမရှိသေး

စစ်ကိုင်းတိုင်းဒေသကြီးရှိ NUG သိမ်းပိုက်ထားတဲ့ ပင်လည်ဘူးမြို့ဟာ ၃ လကျော်ကြာသည်အထိ စစ်ရှောင်တွေက မြို့တွင်း ပြန်လည်ဝင်ရောက်နေထိုင်ခြင်း မရှိသေးဘူးလို့ ဒေသခံတွေဆီကနေ သိရပါတယ်။

“မီးလောင်တာများတယ်၊ မြို့မ ၂ ရပ်ကွက်တော့ သိပ်မပျက်ဘူး၊ အိမ်တွေကတော့ အားလုံး အပွင့်ပဲ၊ သန့်ရှင်းရေးလုပ်ဖို့ ဝင်ကြည့်ခွင့်တော့ ပကဖ တွေက ပေးတယ်။ ပစ္စည်းသယ်ပြီး ပြန်ကြတာပါပဲ။ ဝင်မနေရဲကြသေးဘူး။ လေယာဉ်ကြောက်ကြလို့” ဟု ပင်လည်ဘူးမြို့တွင်း ရောက်ခဲ့သူတစ်ဦးက ရှမ်းနီအသံကို ပြောပြပါတယ်။

ပင်လည်ဘူးမြို့ကို အောက်တိုဘာလ ၉ ရက်နေ့မှာ NUG အမှတ် (၁) စစ်ဒေသမှ  KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်ထိ ပင်လည်ဘူးမြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပကဖ) ကလည်း မြို့အတွင်း ဝင်ရောက်နေထိုင်ခွင့် မပေးထားသေးဘဲ နေအိမ်တွေကို ဝင်ရောက်ကြည့်ရှုခွင့်နဲ့ သန့်ရှင်းရေးပြုလုပ်ခွင့်တွေကိုသာ ပေးထားတယ်လို့ သိရပါတယ်။

“သိမ်းချင် သူ့အိမ် ကိုယ့်အိမ် ပြန်သိမ်း၊ သန့်ရှင်းချင်ရင်ပေါ့လေ၊ နေထိုင်ခွင့်က တရားဝင်မပေးသေးဘူး။ သူခိုးပေါလို့ ပစ္စည်းလဲ တော်တော်ပျောက်တယ်။  သရဲလည်း တော်တော်ခြောက်တယ်၊ မကျွတ်မလွတ်တွေ တော်တော်များတယ်နေမယ်” လို့ သူက ဆက်ပြောပါတယ်။

တိုက်ပွဲကြောင့် မြို့တွင်းနေအိမ်အများစု မီးလောင်ပျက်စီးခဲ့ပြီး ကြွင်းကျန်ထားတဲ့ ပစ္စည်းတွေကိုလည်း လက်ရှိမှာ ခိုးယူနေကြတယ်လို့ သူကဆ ိုပါတယ်။

မြို့သိမ်းတိုက်ပွဲပြီးနောက် မြို့ကို ပြန်လည်ထူထောင်ရေးလုပ်ငန်းတစ်ခုမှ ဆောင်ရွက်နေခြင်း မရှိသေးဘူးလို့လည်း သိရပါတယ်။

ပင်လည်ဘူးမြို့က ၂၀၂၁ ခုနှစ်နောက်ပိုင်းမှာ အစောဆုံး လက်နက်ကိုင်တော်လှန်တဲ့ မြို့တစ်ခုဖြစ်သလို မြို့နယ်တစ်ခုလုံးကို NUG အပြည့်အဝ သိမ်းပိုက်ထားနိုင်တဲ့ မြို့နယ်တစ်ခုလည်းဖြစ်ပါတယ်။

ချီဖွေငယ်ရေအားလျှပ်စစ်ကိုတွေ့ရစဉ်/Credit
May 4, 2026
ချီဖွေငယ်ရေအားလျှပ်စစ်ကို ပြန်လည်ပြုပြင်နေတာပြီးစီးသွားပေမယ့် မြစ်ကြီးနားမြို့...
May 1, 2026
ကချင်ပြည်နယ်၊ကာမိုင်း-ဖားကန့် လမ်းပိုင်းကို ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)+PDF...
April 30, 2026
ကချင်ပြည်နယ်က ဧရာဝတီမြစ်ဆုံ-မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းကို တမံအရွယ်အစားနဲ့ ဆည်ရဲ့...
April 29, 2026
မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသအတွင်းက တောင်သူတွေဟာ စပါးစိုက်ပျိုးဖို့အတွက်...