မော်လမြိုင်မှာ ယာဉ်ထိန်းရဲတွေ အစစ်ဆေးကြမ်း၊ ငွေညှစ်မှုတွေရှိနေ

မော်လမြိုင်မှာ ယာဉ်ထိန်းရဲတွေ အစစ်ဆေးကြမ်း၊ ငွေညှစ်မှုတွေရှိနေ

မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်ကောင်စီလက်အောက်ခံ ယာဉ်ထိန်းရဲတပ်ဖွဲ့က မော်တော်ယာဉ်တွေကို အသေးစိတ်စစ်ဆေးပြီး ငွေညှစ်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တွေဟာ လူစည်းကားရာ လမ်းဆုံလမ်းခွနဲ့ မီးပွိုင့်လိုနေရာတွေမှာ အင်အားအများအပြား အသုံးပြုပြီး မော်တော်ယာဉ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင်တွေအပြင် တချို့ ကုန်တင်ယာဉ်တွေဆိုရင် လေပေါင်ကအစ စစ်ဆေးတာတွေ လုပ်ဆောင်နေတာပါ။

ဒါအပြင် မော်တော်ဆိုင်ကယ်တွေကိုလည်း ဆိုင်ကယ်နံပါတ်ပြား၊ မှန်ထောင်၊ ဦးထုပ်၊ ဆိုင်ကယ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင်တွေကအစ စစ်ဆေးပြီး နည်းလမ်းအမျိုးမျိုးနဲ့ ငွေကြေးတောင်းခံနေပါတယ်။

ဖမ်းဆီးစစ်ဆေးခံရသူတွေရဲ့ ပြောပြချက်အရ သတ်မှတ်ထားတဲ့ အချက်အလက်တွေ မပြည့်စုံပါက အမှုတစ်မှုလျှင် ကျပ် သုံးသောင်းခွဲနှုန်း ပေးဆောင်နေပြီး တချို့ဆိုင်ကယ်တွေဆိုရင် ငွေကျပ် သိန်းနဲ့ချီ ပေးဆောင်နေရတာပါ။

အမည်မဖော်လိုတဲ့ မြို့ခံတစ်ဦးက ယာဉ်ထိန်းရဲတွေရဲ့ လုပ်ဆောင်ချက်ဟာ နယ်မြေတည်ငြိမ်မှုအပေါ် ပိုက်ဆံရှာနေတာဖြစ်တယ်လို့ ဝေဖန်ပါတယ်။

“ယာဉ်ထိန်းရဲတွေက တော်တော်လေးကို အစစ်ဆေးကြမ်းလာတယ်။ အခုက နေရာတွေ အများကြီး ဖြစ်လာတယ်။ ဦးထုပ်ဆောင်းထားတယ်။ မှန်ထောင်ရှိတယ် ဘာညာဆိုရင် အရင်တုန်းကဆိုရင် မခေါ်ဘူး။ အခုက အကုန်ခေါ်စစ်တယ်။ ခေါ်ပြီးရင် သူတို့က တစ်ခုမဟုတ်တစ်ခု ရစ်ပြီးတော့ စစ်တာပေါ့။ ဘယ်လိုပြောမလဲဆိုတော့ ပိုက်ဆံရှာနေတာပေါ့၊ ပိုက်ဆံကို တအားရှာတာ” လို့ ဆိုပါတယ်။

မော်တော်ယာဉ်တွေ စစ်ဆေးစဉ် လိုင်စင်မဲ့မော်တော်ဆိုင်ကယ် ဖမ်းဆီးရမိပါက ဆိုင်ကယ်အမျိုးအစားပေါ်မူတည်ကာ ငွေကြေး အဆမတန် တောင်းခံတာတွေ ပြုလုပ်နေပြီး ငွေကြေးမပေးဆောင်ပါက ဆိုင်ကယ်တွေကိုပါ သိမ်းဆည်းတာတွေ ရှိနေပါတယ်။

အခုလို ယာဉ်ထိန်းရဲတွေက နေရာအစုံမှာ အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးငွေညှစ်နေတဲ့အတွက် အလုပ်သွားအလုပ်ပြန်တွေကအစ သတိထားနေရသလို ဖမ်းဆီးခံရပါကလည်း နေ့စားလုပ်သားတွေအနေနဲ့ စားသောက်ဖို့ပါ အခက်အခဲရှိလာတယ်လို့ မြို့ခံတွေက ပြောကြပါတယ်။

May 26, 2026
ပဲခူးတိုင်း မုန်းမြို့နယ်အခြေစိုက် စစ်တပ်ဂိတ်စခန်း နှစ်ခုကို ဝင်ရောက်စီးနင်းပြီး...
May 25, 2026
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်မှာ စစ်ကော်မရှင်တပ် စစ်ကြောင်း ရုတ်တရက် ဝင်ရောက်လာမှုနဲ့အတူ...
ဓာတ်ပုံ-CJ
May 23, 2026
မွန်ပြည်နယ်မှာ စိုက်ပျိုးရေး ကုန်ကျစရိတ် အဆမတန် ကြီးမြင့်လာမှုနဲ့အတူ အလုပ်သမား အခက်အခဲတွေကြောင့်...
May 22, 2026
မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာ ဈေးရောင်းပွဲတော် လာရောက်သူတွေကို စစ်တပ်လက်အောက်ခံတွေက ပေါ်တာဆွဲ...