မင်းတုန်းမြို့နယ်က နေအိမ် ၆၀ ကျော်ကို စစ်ကောင်စီ မီးရှို့ဖျက်ဆီး

မင်းတုန်းမြို့နယ်က နေအိမ် ၆၀ ကျော်ကို စစ်ကောင်စီ မီးရှို့ဖျက်ဆီး

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်က နေအိမ် ၆၀ ကျော်ကို စစ်ကောင်စီက မီးရှို့ ဖျက်ဆီးသွားတယ်လို့ သရက်ခရိုင် အမှတ် ၄ တပ်ရင်းထံကနေ သိရပါတယ်။

ဒီဇင်ဘာလ ၃ ရက်နေ့ကစပြီးတော့ စစ်ကောင်စီတပ်တွေဟာ မြောက်ပြင်၊ ကြိုးဝ၊ ရွာသစ်ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်လာတာဖြစ်ပြီး အဲဒီနေ့ညနေမှာပဲ မီးရှို့ဖျက်ဆီးခဲ့တာပါ။

သရက်ခရိုင် အမှတ် ၄ တပ်ရင်းရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က "လက်ရှိအချိန်မှာ တစ်နိုင်ငံလုံး စစ်ရေး အရှိန်မြင့်တက်လာမှုနဲ့အတူ ကျွန်တော်တို့ဒေသမှာလည်း စစ်ရေးအရှိန်မြင့်တက်လာပြီ။ တစ်ဖက်က ရန်သူဘက်ကလည်း စစ်ကြောင်းထိုးဝင်ရောက်တာတွေ၊ ဖောက်ထွင်းခိုးယူတာတွေ၊ အခုလိုမျိုး မီးရှို့တာတွေ လုပ်ဆောင်လာပြီ" လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

အခုလိုမျိုး စစ်ရေးအရှိန်မြင့်တက်လာလို့ ပြည်သူလူထုအနေနဲ့ တိုင်းပြည်ရဲ့ စစ်ရေးနဲ့ ဒေသတွင်း စစ်ရေးအခြေအနေတွေကို အဆက်မပြတ်လေ့လာကာ ဆောင်ရန်၊ ရှောင်ရန်တွေကို သုံးသပ်ပြီး တော်လှန်ရေးမှာ ပါဝင်ဆောင်ရွက်ကြဖို့ ကိုမြတ်က တိုက်တွန်းထားပါတယ်။

အခုလိုမျိုး ကျေးရွာတွေကို မီးရှို့ခဲ့တဲ့ စစ်ကြောင်းကို သရက်ခရိုင် အမှတ် ၄ တပ်ရင်းရဲ့ တပ်ခွဲ ၂ က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မိနစ် ၂၀ ဝန်းကျင် ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။

အင်အား ၈၀ ပါတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံခဲ့ရတာကြောင့် ၃ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိကာ ကာကွယ်ရေးရဲဘော်တစ်ဦး ခြေထောက် ကျည်ထိမှန်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီစစ်ကြောင်းက ဒဏ်ရာရလူနာတွေကို ထမ်းခေါ်ပြီး ရွာသစ်ကျေးရွာကနေ ဆုတ်ခွာသွားကာ ဆုတ်ခွာရာလမ်းတစ်လျှောက်မှာလည်း မြေမြှုပ်မိုင်းတွေ ထောင်သွားတယ်လို့ သိရပါတယ်။

အဲဒီ စစ်ကောင်စီစစ်ကြောင်းကြောင့် မြောက်ပြင်၊ ကြိုးဝနဲ့ ရွာသစ်ရွာက ဒေသခံ ၅၀၀ ကျော် စစ်ရှောင်နေရတယ်လို့ ဆိုပါတယ်။

April 11, 2026
မွန်ပြည်နယ်အတွင်းရှိ ပြည်သူလူထုတွေရဲ့ လူမှုစီးပွားဘဝ ဘက်ပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက်...
ဓာတ်ပုံ-CJ
April 10, 2026
မွန်ပြည်နယ်မှာ အစိုးရအဖွဲ့ အပြောင်းအလဲ ဖြစ်လာပေမယ့် ဒေသတွင်းမှာတော့ လောင်းကစားဝိုင်းတွေကို...
ဓာတ်ပုံ - Social Media
April 9, 2026
မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာ စစ်ကော်ရှင်တပ်က အင်အားအလုံးရင်းနဲ့ စစ်ကြောင်းထိုးလာလို့ ဒေသခံ...
April 8, 2026
မွန်ပြည်နယ် ရေးမြို့နယ်ရှိ စစ်ကော်မရှင်တပ်ရဲ့ ကာကင်းစခန်း နှစ်ခုကို...