ထားဝယ်မှာ မြေမြှုပ်မိုင်းကြောင့် လူငယ်တစ်ဦးသေဆုံး

ထားဝယ်မှာ မြေမြှုပ်မိုင်းကြောင့် လူငယ်တစ်ဦးသေဆုံး

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ကနိုင်းဒါကျေးရွာမှာ မြေမြှုပ်မိုင်းကြောင့် ငါးရှဉ့်သွားထောင်တဲ့ လူငယ်တစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒီဇင်ဘာလ ၁ ရက်နေ့၊ မနက် ၇ နာရီအချိန်ခန့်မှာ ကနိုင်းဒါကျေးရွာနေ အသက် ၁၄ နှစ်အရွယ် လူငယ်တစ်ဦးဟာ ကျေးရွာနားက ပေါက်တိုင်းချောင်းမှာ ငါးရှဉ့်သွားထောင်ချိန် မြေမြှုပ်မိုင်းတက်နင်းမိလို့ ပေါက်ကွဲမှုနဲ့ ကြုံခဲ့ရတာပါ။

မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် အဲဒီလူငယ်ဟာ ခြေထောက်နှစ်ဖက်စလုံး ပြတ်တောက်ဒဏ်ရာနဲ့ သွေးထွက်လွန်ပြီး အခင်းဖြစ်ရာနေရာမှာပဲ သေဆုံးခဲ့တာဖြစ်ပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ မြေမြှုပ်မိုင်းပေါက်ကွဲခဲ့တဲ့ ပေါက်တိုင်းချောင်းအနီးမှာ စစ်ကောင်စီတပ်က မြေမြှုပ်မိုင်းတွေထောင်ထားပြီး သတိပေးဆိုင်းဘုတ်တွေလည်း ကပ်ထားတယ်လို့ သိရပါတယ်။

မြေမြှုပ်မိုင်းထိမှန်သေဆုံးနေတဲ့ အဲဒီလူငယ်ရဲ့ ရုပ်အလောင်းကို မနက် ၁၀ နာရီအချိန်ခန့်မှာ လမ်းသွားလမ်းလာတွေကတွေ့ရှိပြီး မိသားစုထံ အကြောင်းကြားခဲ့ပြီးနောက် နေ့တွင်းချင်း သင်္ဂြိုဟ်ခဲ့ပါတယ်။

မိုင်းထိမှန်သေဆုံးခဲ့တဲ့  လူငယ်ရဲ့ မိသားစုဟာ နဂိုက သရက်နှစ်ခွကျေးရွာမှာ နေထိုင်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လကလည်း ဖခင်ဖြစ်သူဟာ စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃၀ ရက်နေ့ကလည်း တနင်္သာရီမြို့နယ်၊ ကမ်းတိုကျေးရွာနေ အသက် ၂၇ နှစ်အရွယ် အမျိုးသမီးတစ်ဦး မြေမြှုပ်မိုင်းနင်းမိတာကြောင့် ခြေတစ်ဖက် ပြတ်တောက်ဒဏ်ရာရရှိခဲ့ပါတယ်။

အပြည်ပြည်ဆိုင်ရာ မြေမြှုပ်မိုင်း ပိတ်ပင်တားဆီးရေးလှုပ်ရှားမှုအဖွဲ့ ICBL ရဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၀ ရက်နေ့ထုတ် အစီရင်ခံစာအရ မြန်မာနိုင်ငံဟာ ကမ္ဘာမှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးသူ အများဆုံးဖြစ်လာခဲ့ပြီး ၂၀၂၃ ခုနှစ်အတွင်း လူပေါင်း ၁,၀၀၀ ကျော် ထိခိုက်သေဆုံးထားပါတယ်။

August 27, 2026
မွန်ပြည်တွင် စစ်အုပ်စုတပ် အာဏာသိမ်းပြီးကတည်းက တစ်ဆထက်တစ်ဆ မြင့်တက်လာသည့် ကုန်ဈေးနှုန်း နှင့်အတူ...
ဓာတ်ပုံ - CJ
August 26, 2026
ကရင်ပြည်၊ ဘားအံမြို့ရှိ စက်သုံးဆီဆိုင်ကြီးများသည် စက်သုံးဆီများကို အကန့်အသတ်ဖြင့်သာ ရောင်းချပေး...
ဓာတ်ပုံ -(MOI)
August 25, 2026
မွန်ပြည်၊ မုဒုံမြို့နယ်အတွင်း လည်ပတ်နေသည့် ရော်ဘာစက်ရုံများမှ အနံ့ဆိုးများ ပြင်းပြင်းထန်ထန်...
 ဓာတ်ပုံ - (MOI)
August 24, 2026
မွန်ပြည်အတွင်းရှိ အခြေခံပညာကျောင်းများတွင် စစ်အုပ်စု လက်အောက်ခံ ဌာနဆိုင်ရာများနှင့် ကျောင်းသား၊...