မော်လမြိုင်မှာ ရဲတပ်ဖွဲ့က ဒေသခံတွေအပေါ် အမှုဆင်ငွေညှစ်မှုတွေရှိနေ

မော်လမြိုင်မှာ ရဲတပ်ဖွဲ့က ဒေသခံတွေအပေါ် အမှုဆင်ငွေညှစ်မှုတွေရှိနေ

မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တွေက ဒေသခံတွေအပေါ် အကြောင်းအမျိုးမျိုးပြပြီး အမှုဆင်ငွေညှစ်တာတွေ လုပ်ဆောင်နေတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဖြစ်စဉ်သိရှိသူတွေရဲ့ ပြောပြချက်အရ ရဲတပ်ဖွဲ့ဝင်တွေဟာ လုံခြုံရေးအကြောင်းပြချက်နဲ့ ဆိုင်ကယ်တွေ စစ်ဆေးရာမှာ ဆိုင်ကယ်ဘောက်တွေထဲကို မူးယစ်ဆေးဝါးတွေပစ်ထည့်ပြီး အမှုဆင်ငွေညှစ်မှုတွေ ကျုးလွန်နေတာပါ။

မူးယစ်ဆေးဝါး အကြောင်းပြချက်နဲ့ အမှုဆင်ဖမ်းဆီးခံရသူတစ်ဦးလျှင် အနည်းဆုံး ကျပ်ငွေ ၁၅ သိန်းကနေ ကျပ်သိန်း ၂၀ ကျော်အထိ တောင်းခံတာတွေ ရှိနေပါတယ်။

“အဓိကကတော့ ရဲတွေပေါ့။ ရဲတွေက နည်းပေါင်းစုံနဲ့ လုပ်နေတယ်။ ဆိုင်ကယ်ဘောက် ဖွင့်ခိုင်းတယ်။ ပြီးသွားရင် ဆေးပြားတွေ့တယ်ဆိုပြီးတော့ ဆေးပြားပစ်ထည့်တယ်။ သူတို့ကိုယ်တိုင်ပဲ ပစ်ထည့်တာ။ တက္ကဆီသမားတွေဆို အများကြီးထိတယ်။ ၁၅ သိန်းတို့ သိန်း ၂၀ တို့ ပေးရတယ်။ ပိုက်ဆံပေးရင် ပြန်လွှတ်တယ်။ မပေးရင်အမှုဖွင့်တယ်”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

အခုလို ရဲတပ်ဖွဲ့ဝင်က အမှုဆင်ငွေညှစ်မှုတွေ လုပ်ဆောင်နေတဲ့အတွက် မြို့တွင်း သွားလာဖို့တောင် စိုးရိမ်မှုရှိလာသလို သူတို့ရဲ့ ဥပဒေမဲ့ လုပ်ရပ်တွေကို တိုင်ကြားလို့ မရတာကြောင့် ငြိမ်ခံနေရတဲ့ အခြေအနေ ဖြစ်လာတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အမှုဆင်ခံရပြီး ငွေကြေးပေးဆောင်ရသူတွေကိုတော့ ငွေကြေးပေးဆောင်ရတဲ့အပေါ် အပြင်မှာ ပြန်မပြောဖို့နဲ့ ပြန်ပြောပါက ဖမ်းဆီးအမှုဖွင့်ပြီး ထောင်ချသွားမယ်ဆိုကာ ခြိမ်းခြောက်တာတွေရှိတယ်လို့ မြို့ခံတွေက ပြောကြပါတယ်။

ရဲတပ်ဖွဲ့ အရာရှိဟောင်းတစ်ဦးကတော့ အမှုဆင်ဖမ်းဆီးငွေညှစ်မှုတွေဟာ ရဲတပ်ဖွဲ့ဝင်တိုင်း လုပ်စားနေကျအကွက်တွေဖြစ်ပြီး အာဏာသိမ်းကာလအတွင်း ပိုဆိုးလာတယ်လို့ ပြောပါတယ်။

တဖက်မှာတော့ ရဲတပ်ဖွဲ့ဝင်တွေဟာ လုံခြုံရေးအကြောင်းပြချက်နဲ့ မြို့တွင်းလှည့်လည် စစ်ဆေးတာ၊ ပိတ်ဆို့ရှာဖွေစစ်ဆေးတာတွေအပြင် ရွှေ့ပြောင်းလုပ်သားများတဲ့ နေရာတွေမှာ ဧည့်စာရင်း ဝင်စစ်ပြီး ငွေကြေးတောင်းခံတာတွေ ရှိနေပါတယ်။

မော်လမြိုင်မြို့မှာ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက လုံခြုံရေးအကြောင်းပြချက်နဲ့ နေ့စဉ်ပိတ်ဆို့ စစ်ဆေးတာတွေ ပြုလုပ်နေပေမယ့် ခိုးဆိုးလုယက်မှုတွေကို ဖော်ထုတ်အရေးယူနိုင်တာ မရှိသလောက် နည်းပါးနေပါတယ်။

ဓာတ်ပုံ-CJ

ဓာတ်ပုံ-CJ
January 7, 2026
ရွေးကောက်ပွဲ အပိုင်း ၂ မှာ ပါဝင်နေတဲ့ ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်ရှိ ကျေးရွာတွေထဲကို...
December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...