ဒေါနိုးကူး စစ်ရှောင်စခန်းမှာ ဆယ်ကျော်သက်အရွယ်တွေ အရေပြားယားနာမှု အဖြစ်များနေ

ဒေါနိုးကူး စစ်ရှောင်စခန်းမှာ ဆယ်ကျော်သက်အရွယ်တွေ အရေပြားယားနာမှု အဖြစ်များနေ

ထိုင်း – ကရင်နီနယ်စပ်က ဒေါနိုးကူး စစ်ရှောင်စခန်းမှာ ဆယ်ကျော်သက်အရွယ် ကျောင်းသားတွေ အ‌ရေပြားယားနာမှု အဖြစ်များနေတယ်လို့ သိရပါတယ်။

“အများအားဖြင့် ကလေးရယ်လို့တော့ မဟုတ်ဘူးပေါ့နော် ဒီဆယ်ကျော်သက် ကျောင်းနေတဲ့ကလေး အရွယ်တွေမှာ ပိုပြီးတော့မှဖြစ်တယ်။ အဆောင်နေတဲ့ ကလေးတွေဆို ပိုပြီးဖြစ်တယ်၊ အများအားဖြင့်က‌ ယောင်္ကျားတွေ ပိုပြီးတော့ ဖြစ်တယ်၊ မိန်းကလေးလည်း မဖြစ်ဘူးလို့လဲ မပြောပါဘူး။ ဒါပေမယ့် သူတို့က ပိုပြီးနည်းတာပေါ့နော်” လို့ ဒေါနိုးကူးဆေးခန်းရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဖြစ်ပွားတဲ့ လက္ခဏာတွေကတော့ ခန္ဓာကိုယ်အနှံ့ ယားယံတာ၊ ခြေထောက်တွေမှာ အနီဖုတွေ ထွက်နေတာ၊ အရည်ကြည်ဖုထွက်တာ၊ အပြည်တည်တာ ၊ ယောင်ရမ်းတာတွေ ဖြစ်နေကြတယ်လို့ သိရပါတယ်။

အရေပြားယားနာမှုကြောင့် ဆေးခန်းမှာ လာရောက်ပြသသူ တစ်ရက်လျှင် ၁၀ဦးထက်မနည်းရှိနေပြီး တလအတွင်း လူဦးရေ ၁၆၀ ကျော် ရှိတယ်လို့ သိရပါတယ်။

အဆိုပါ အရေပြားယားနာကြတာဟာ မသန့်ရှင်းတဲ့ ရေကိုသုံးစွဲနေကြတာကြောင့် ဖြစ်နိုင်တယ်လို့ ဒေါနိုးကူးဆေးခန်းရဲ့တာဝန်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။

“ဒီဒေါနိုးကူးမှာက ရေလို့ပဲ ကျမတို့တွေ့တာပေါ့နော်။ ရေဆိုလို့ရှိရင် ရေပိုင်းကနေ လာတဲ့ရေတောင်မှ နောက်ကျိနေတယ်။ တစ်ခါတစ်လေဆို အမှိုက်တွေပဲ အဲ့လိုမျိုး ပုံးတွေနဲ့ ခပ်ကြည့်တာ ကျမတို့တွေ့ရတာပေါ့နော်။ ပုံးအောက်ဖက်မှာဆို ဖုန်မှုန့် တစ်ဝက်လောက်ရှိတယ်၊ အဲ့လိုမျိုးဆိုတော့ ကျမတို့က ရေကြောင့်လို့ပဲ သုံးသပ်လို့ ရတာပေါ့နော်” လို့ သူက ပြောပါတယ်။

ဒေါနိုးကူးစစ်ရှောင်စခန်းမှာ အရေပြားယားနာဖြစ်တဲ့သူတွေ များပြားနေပြီး တစ်လ၊ နှစ်လအတွင်း သက်သာပျောက်ကင်းသူတွေရှိသလို နှစ်နဲ့ချီပြီး အရေပြားယားနာ ဖြစ်ပွားသူလည်း ရှိနေဆဲလို့ သိရပါတယ်။

July 16, 2026
ရှမ်း-ကရင်နီနယ်စပ်ရှိ တောင်သူအချို့သည် လက်ရှိ မိုးရာသီ စိုက်ပျိုးချိန် ရောက်ရှိနေပြီဖြစ်သော်လည်း...
July 15, 2026
ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်နှင့် ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့တို့တွင် စစ်တပ်၏...
July 14, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းတွင် မိုးရာသီကာလ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုများကြောင့်...
July 14, 2026
ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်၊ ဘန့်မိုင်နန်းဆွိုင် ဒုက္ခသည်စခန်း (ခေါ်) ဒုက္ခသည်စခန်း အမှတ်...