မိုးညှင်းမြို့ ထန်းတပင်ကျေးရွာရှိ KTV တွင် ပစ်ခတ်မှုဖြစ်ပွားကာ ၆ ဦးသေဆုံး၊ ရဲတစ်ဦးပါဝင်

မိုးညှင်းမြို့ ထန်းတပင်ကျေးရွာရှိ KTV တွင် ပစ်ခတ်မှုဖြစ်ပွားကာ ၆ ဦးသေဆုံး၊ ရဲတစ်ဦးပါဝင်

မိုးညှင်းမြို့နယ်၊ ထန်းတပင်ကျေးရွာမှာရှိတဲ့ VIP KTV မှာ နိုဝင်ဘာလ ၁၂ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်အချိန်မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး  ၆ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ယမန်နေ့ မနက် ၁၀ နာရီဝန်းကျင်အချိန်မှာ   ကိုမင်းသန့်မွန် အပါအဝင်  ၅ ဦးဟာ မိုးညှင်းမြို့ကနေ ထန်းတပင်ကျေးရွာရှိ KTV ကို ကားဖြင့်သွားရောက်ခဲ့ပြီး KTV ရောက်ရှိချိန်တွင် အမည်မသိလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“ မနေ့က ပစ်ခတ်တာက အားလုံးပေါင်း ၆ ယောက်သေတယ်။ ဟို ထန်းတပင်အထွက်ဘက်မှာ ရှိတဲ့ KTV မှာ ပစ်ကြတာ ၊ ကားသမားကို အရင်ပစ်လိုက်တာနေမယ်။ အဲ့တာပြီး အပြန်အလှန်ပစ်ကြတာနဲ့တူတယ်။ သေတဲ့ထဲမှာ ရဲတစ်ယောက်လည်းပါတယ် စခန်းမှူးရဲ့အချစ်တော် ၊  သူတို့ ထန်းတပင် KTV ကိုသွားကြတာ  ဘယ်လိုကိစ္စတွေငြိကြလည်းမသိပါဘူး ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ထိုပစ်ခတ်မှုများကြောင့်  ကိုမင်းသန့် မွန် ၊ နယ်ထိန်းရဲ အောင်ဇော်မိုး ၊ အကြီးကောင် တို့ သုံးဦး သေဆုံးခဲ့သလို VIP KTV ၏ မန်နေဂျာ ၊ KTV တိုးချဲ့ရေးလုပ်ငန်းခွင်အတွင်းအလုပ်လုပ်နေသည့် ပန်းရံဆရာ နှင့် ဝရိန်ဆရာ  တို့လည်း ကျည်ထိမှန် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကျန်နှစ်ဦးကလည်း  လက်မောင်း နဲ့ ဝမ်းဗိုက်တွေမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မိုးညှင်းပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။  

ပစ်ခတ်မှုဖြစ်ပွားရတဲ့ အကြောင်းအရင်းများနှင့် လာရောက်ပစ်ခတ်တဲ့အဖွဲ့အစည်းတွေကိုတော့ မသိရှိရသေးပါဘူး။

မိုးညှင်းမြို့ပေါ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၁ ရက်နေ့မှာလည်း  GYM Trainer တစ်ဦး နဲ့ သစ်တောဦးစီးတစ်ဦးတို့ကို အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့များက နေအိမ်အတွင်း ညသန်းခေါင်အချိန်မှာ ဝင်ရောက်ပစ်ခတ်မှုတွေကြောင့် သေဆုံးခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ပါတယ်။

June 25, 2026
မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်အတွင်းမှာ စစ်တပ်ရဲ့ ထောက်ပို့အသုံးပြုနေတဲ့ Mi-17...
June 24, 2026
မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် မြစ်ကြီးနားမြို့ပေါ်ရှိ ရွှေပြည်သာရပ်ကွက်မှာ ...
June 23, 2026
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်း ဥရုမြစ်ရေမြင့်တက်လာမှုကြောင့်...
June 20, 2026
ရှမ်းလက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်တဲ့ မိုင်းလားတပ်ဖွဲ့ (NDAA)က တိုင်းရင်းသားအဆင့်မြင့်...