အိုးဘိုထောင်မှာ အကျဉ်းသားတွေ အရေပြားရောဂါဖြစ်ပွားနေ

အိုးဘိုထောင်မှာ အကျဉ်းသားတွေ အရေပြားရောဂါဖြစ်ပွားနေ

မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်မှာ လျှပ်စစ်မီး ပြတ်တောက်တာကို အကြောင်းပြပြီး ရေချိုးခွင့် ကန့်သတ်ထားတာကြောင့် အကျဉ်းသားတွေမှာ အရေးပြားရောဂါ ဆိုးဆိုးဝါးဝါး ခံစားနေရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ထံက သိရပါတယ်။

အိုးဘိုအကျဉ်းထောင်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလကစပြီး ရေလုံလောက်စွာ သုံးစွဲခွင့်မရရှိတော့သလို အခုနိုဝင်ဘာလမှာလည်း ချိုးရေတွေနဲ့ အိမ်သာရေတွေပါ မလုံလောက်တဲ့ ပြဿနာတွေနဲ့ ဆိုးဆိုးဝါးဝါး ကြုံတွေ့ နေရတာပါ။

အကျဉ်းထောင်ထဲမှာ ရေအသုံးပြုခွင့်ကို ခွက်ရေတွေနဲ့ သတ်မှတ်ထားပြီး လျှော်ဖွတ်ရာမှာလည်း ရေအသုံးပြုခွင့် ကန့်သတ်ထားတာကြောင့် အနံ့အသက် အနည်းငယ်ပျောက်ကင်းရုံသာ လျှော်ဖွတ်နေကြရပါတယ်။

PPNM ပြောခွင့်ရ ကိုသိုက်ထွန်ဦးက အရေပြားရောဂါ ဖြစ်ပွားနေပေမယ့် ထောင်အာဏာပိုင်တွေဘက်က လုံလောက်တဲ့ ဆေးဝါးမပေးတာကြောင့်ပျောက်ကင်းသင့်သလောက် မပျောက်ကင်းတာတွေလည်း ရှိနေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

အကျဉ်းထောင်ထဲမှာ အကျဉ်းသားတွေ အရေပြားရောဂါ ဖြစ်ပွားမှုအပေါ် ထောင်အာဏာပိုင်တွေဘက်က လက်ရှိအချိန်အထိ ရောဂါပျောက်ကင်းသွားအောင် ဖြေရှင်းနိုင်တာ မတွေ့ရသေးဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် အိမ်သာရေ အလုံအလောက် မသုံးရတာကြောင့် အကျဉ်းသားအကျဉ်းသူတွေ အခက်အခဲ ကြုံတွေ့ နေရပြီး နောက်ဆက်တွဲ ကျန်းမာရေး ထိခိုက်မှုတွေပါ ဖြစ်ပေါ်နေပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ နိုဝင်ဘာ ၈ ရက်နေ့အထိ စာရင်းတွေအရ နိုင်ငံတဝန်းမှာ အာဏာသိမ်း သုံးနှစ်ကျော်ကာလအတွင်း ဆက်လက်ဖမ်းဆီးခံထားရသူ၂၁၀၀၀ ကျော် ရှိနေပါတယ်။

ဓာတ်ပုံ - PPNM

August 27, 2026
မွန်ပြည်တွင် စစ်အုပ်စုတပ် အာဏာသိမ်းပြီးကတည်းက တစ်ဆထက်တစ်ဆ မြင့်တက်လာသည့် ကုန်ဈေးနှုန်း နှင့်အတူ...
ဓာတ်ပုံ - CJ
August 26, 2026
ကရင်ပြည်၊ ဘားအံမြို့ရှိ စက်သုံးဆီဆိုင်ကြီးများသည် စက်သုံးဆီများကို အကန့်အသတ်ဖြင့်သာ ရောင်းချပေး...
ဓာတ်ပုံ -(MOI)
August 25, 2026
မွန်ပြည်၊ မုဒုံမြို့နယ်အတွင်း လည်ပတ်နေသည့် ရော်ဘာစက်ရုံများမှ အနံ့ဆိုးများ ပြင်းပြင်းထန်ထန်...
 ဓာတ်ပုံ - (MOI)
August 24, 2026
မွန်ပြည်အတွင်းရှိ အခြေခံပညာကျောင်းများတွင် စစ်အုပ်စု လက်အောက်ခံ ဌာနဆိုင်ရာများနှင့် ကျောင်းသား၊...