စစ်တောင်းမြစ်တစ်လျှောက် စစ်ကောင်စီတပ်အင်အားတိုးချဲ့လာ

စစ်တောင်းမြစ်တစ်လျှောက် စစ်ကောင်စီတပ်အင်အားတိုးချဲ့လာ

ပဲခူးတိုင်း ဝေါမြို့နယ်နဲ့ရွှေကျင်မြို့နယ်၊ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တို့နဲ့ ထိစပ်နေတဲ့ စစ်တောင်းမြစ်တလျှောက် စစ်ကောင်စီ တပ်အင်အားတိုးချဲ့လာတယ်လို့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ နိုဝင်ဘာလဆန်းပိုင်းကစပြီး စစ်တောင်းမြစ်ကမ်းဘေးရှိ စစ်ဆေးရေးဂိတ်တွေ၊ အခိုင်အမာတပ်စွဲထားတဲ့ စခန်းတွေနဲ့ တပ်ရင်းတွေမှာ နဂိုရှိရင်းစွဲ အင်အားတွေထက် ပိုပြီးတိုးချဲ့လာတာ ဖြစ်ပါတယ်။

တပ်အင်အားတိုးချဲ့ရာမှာ စစ်ဆေးရေးဂိတ်မှာဆိုရင် ထပ်တိုးအင်အား ၂၀ ဝန်းကျင်၊ တပ်ရင်းတပ်ဖွဲ့တွေမှာ ထပ်တိုးအင်အား ၁၀၀ လောက် ထပ်မံတိုးမြှင့်ပြီး စစ်ရေးအတွက် ပြင်ဆင်မှုတွေ လုပ်ဆောင်ထားတာပါ။

စစ်ကောင်စီရဲ့ တပ်အင်အားတိုးမြှင့်မှုဟာ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲလာနိုင်တဲ့အပေါ် လမ်းကြောင်းဖြတ်တောက်ဖို့ ဒါမှမဟုတ် တိုးချဲ့လာတဲ့အင်အားတွေနဲ့ PDF ထိန်းချုပ်နယ်မြေဘက်ကို ထိုးစစ်ဆင်ဖို့ ဖြစ်နိုင်တယ်လို့ သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တော်လှန်ရေးအင်အားစုတွေရဲ့ ပြောပြချက်အရ စစ်တောင်းမြစ်ကမ်းတစ်လျှောက်ရှိ ကျေးရွာတွေမှာ စစ်ကောင်စီဘက်က ဂိတ်စခန်း ၂၀ နီးပါး ဖွင့်လှစ်ထားသလို အခိုင်အမာတပ်စွဲထားတဲ့ တပ်ရင်း ၄ ရင်း ရှိနေတာပါ။

ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်နေ့ကနေ နိုဝင်ဘာ ၄ ရက်နေ့အထိ စစ်ကောင်စီတပ်က ကျိုက်ထို မြို့နယ်ထဲ စစ်ကြောင်းထိုးလာတဲ့အတွက် နှစ်ဖက်တိုက်ပွဲ ၇ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပါတယ်။

June 6, 2026
တနင်္သာရီတိုင်း ရေဖြူမြို့နယ် ဧကနိကျေးရွာနဲ့ရငဲရွာကြားမှာ စစ်ကော်မရှင်တပ်ရဲ့ စက်တပ်လေထီးနဲ့...
ဓာတ်ပုံ-CJ
June 5, 2026
မြန်မာ-ထိုင်းနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက်ခြမ်း ဝေါ်လေဗျူဟာကုန်းမှာ နှစ်ဖက်တိုက်ပွဲ...
June 4, 2026
မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာ အာဏာသိမ်း စစ်တပ်လက်အောက်ခံ ပြည်သူ့စစ် ဒေသအခေါ် ပျူစောထီးတွေက...
June 3, 2026
တနင်္သာရီတိုင်း လောင်းလုံးမြို့ပေါ်ရှိ စစ်ကော်မရှင်တပ်စခန်းတွေကို...