စစ်ကောင်စီအောင်ဇေယျ စစ်ဆင်ရေးတပ်များ ကော့ကရိတ် -မြဝတီစစ်ဆင်ရေးနှစ်ဖက်အရှိန်မြှင့် တိုက်ခိုက်လုပ်ဆောင်နေ

စစ်ကောင်စီအောင်ဇေယျ စစ်ဆင်ရေးတပ်များ ကော့ကရိတ် -မြဝတီစစ်ဆင်ရေးနှစ်ဖက်အရှိန်မြှင့် တိုက်ခိုက်လုပ်ဆောင်နေ

စစ်ကောင်စီတပ်၏  မြဝတီမြို့တောင်ဘက် လေးကေ့ကော်ဒေသ စွယ်တော်အမြောက်ကုန်း အပါအဝင်စစ်စခန်း ၄ ခု ခန့်  သိမ်းပိုက်ခံရပြီးနောက် မြဝတီ-ကော့ကရိတ်-သင်္ဃန်းညီနောင်လမ်းပိုင်းကို စစ်ရေးအရှိန်မြှင့်ကာ လေကြောင်းပစ်ကူများအသုံးပြုပြီး တိုက်ခိုက်လာနေကြောင်း စစ်ရေးနယ်မြေသတင်းအရင်းအမြစ်များထံမှ သိရသည်။

KNLA မဟာမိတ် ပူးပေါင်းတပ် စစ်ရေးသတင်းအရင်းအမြစ်က “ကော့ကရိတ်က စစ်တပ်တွေ အာရှလမ်းကို လက်နက်ကြီးတို့၊ ရော့ကက်ဒုံးတို့နဲ့ ပစ်ကူပေးတယ်။ မြေပြင်စစ်ကြောင်း ကစစ်သားသစ်တွေနဲ့ တက်တယ်။ ထိကုန်တော့ ပြန်ဆင်းပြေးတယ်။ ရွှေကြက်မင်းကျောင်းစခန်းကို ပြန်ဆုတ်တယ်။ မနက်ဆိုတက်၊ ညနေဆိုပြန်

ဆုတ် အဲ့လိုဖြစ်နေတယ်။ တိုက်တာကတော့နေ့တိုင်းတိုက်ချနေတာပေါ့။ လေယာဉ်က ဗုံးလာလာကြဲတာလည်းရှိတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် မြဝတီမြို့ဘက်တွင်လည်း စွယ်တော်အမြောက်ကုန်းစခန်းက ထွက်ပြေးသွားသည့် တပ်မ ၄၄ လက်အောက်ခံစစ်ကောင်စီတပ်ဖွဲ့များအနေဖြင့် ခြေလျင်တပ်ရင်း-ခလရ ၂၇၅ တပ်နှင့် မြဝတီကုန်သွယ် ရေးဇုန် နေရာတွင် မြဝတီသို့ စစ်ကူရောက်ရှိနေသည့် တပ်ဖွဲ့များနှင့်ပူးပေါင်းပြီး လမ်းကင်း၊ ဝပ်ကင်းချထားကြာင်း သိရှိရသည်။

ထိုသို့ သင်္ဃန်းညီနောင် တပ်စခန်းများပြန်လည်သိမ်းပိုက်ရေးအတွက် စစ်ကြောင်းပြင်ဆင်နေသည့် ခလရ ၂၇၅ တပ်နေရာသို့ အောက်တိုဘာလ ၂၀ ရက်၊ နေ့လည်ပိုင်းက စစ်ကောင်စီလေကြောင်းမှတဆင့် လက်နက်ခဲယမ်းနှင့် ရိက္ခာများပို့ဆောင်ခဲ့ကြောင်း မြဝတီမြို့ခံတစ်ဦးက ပြောသည်။

“စစ်တပ်လေယာဉ်က ထောက်ပံပစ္စည်းတွေလာချတယ်၊ စားစရာနဲ့ ငါးခြာက်ထုပ်တွေပါတယ်။ ကျည်ထုတ်တွေ၊ လက်နက်ထုတ်တွေလည်းပါတယ်။ လူလေးငါးခြောက်ယောက်မနည်းမပြီး ကားပါ်တင်ရတဲ့ အထုပ်တွေလည်း ပါ တယ်။ ကုန်သွယ်ရေးဇုန်ဘက်က ကျတာတွေကိုတော့ BGF က လိုက်ကောက်သယ်ပေးတယ်။ စစ်တပ်ကို ပို့ပေးတယ်။ သူတို့ စစ်ကြောင်းတွေ ညီနောင်ကို ပြန်တိုက်ဖို့ လုပ်နေတယ်။” ဟု ၎င်းမြို့ခံက ပြောသည်။

လက်ရှိ မြဝတီမြို့ဘက်တွင်မူ နယ်စပ်ဖြတ်သန်းသွားလာရောင်းဝယ်မှုပုံမှန်ရှိနေသေးပြီး မြို့ပြင် ဒေသကျေးရွာ များဘက်တွင် စစ်ကောင်စီတပ်က တိုက်ခိုက်လာမည့် လေကြောင်းနှင့် လက်နက်ကြီးဒဏ်ကိုရှောင်ရှားကာ ညအိပ်နေကြရဆဲအခြေအနေ ဆက်ရှိနေကြောင်း မြို့ခံများက ပြောသည်။

Most read this week

December 4, 2025
ကရင်ပြည်နယ်၊ ကော့ကရိတ်နှင့်ကျုံဒိုးမြို့ အုပ်ချုပ်ရေးမှူးရုံးများသို့ ရွေးကောက်ပွဲ မဲပေးနိုင်ရေး...
Photo credit - CJ
December 3, 2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် ယမန်နေ့ ဒီဇင်ဘာလ(၁)ရက်နေ့ ညကိုးနာရီခွဲ ဝန်းကျင်က...
December 3, 2025
ကရင်အမျိုးသားအစည်းအရုံး-KNU က လေးကေကော်ဒေသမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)များကို...
Photo credit - CJ
December 2, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)နယ်မြေ၊ မြဝတီတောင်ဘက်ခြမ်းရှိ မင်းလက်ပံ...