ချင်းလဲန်းကောင်စီအဖွဲ့ဝင် ကန်ပက်လက်ကောင်စီနှင့် CDF-Kanpetlet တပ်ရင်း ၇ နယ်မြေထဲကို AA နှင့် ချင်းညီနောင်တပ်ဖွဲ့က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး

ချင်းလဲန်းကောင်စီအဖွဲ့ဝင် ကန်ပက်လက်ကောင်စီနှင့် CDF-Kanpetlet တပ်ရင်း ၇ နယ်မြေထဲကို AA နှင့် ချင်းညီနောင်တပ်ဖွဲ့က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး

ချင်းလဲန်းကောင်စီအဖွဲ့ဝင် ကန်ပက်လက်ကောင်စီနှင့် CDF-Kanpetlet တပ်ရင်း ၇ ထိန်းချုပ်နယ်မြေထဲကို အာရက္ခတပ်တော် AA နဲ့ ချင်းညီနောင်တပ်ဖွဲ့များက အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာနေပြီး အချိန်မရွေး ထိတွေ့တိုက်ပွဲဖြစ်နိုင်သည့် အခြေအနေမှာရှိနေသောကြောင့် ဒေသခံပြည်သူများ စိုးရိမ်ပူပန်နေကြသည်ဟု သိရသည်။

အာရက္ခတပ်တော် AA နှင့် ချင်းညီနောင်တပ်ဖွဲ့ဝင်များသည် အောက်တိုဘာလ ၁၁ ရက်နှင့်  ၁၂ ရက်နေ့မှာ စစ်ကြောင်း ၂ ကြောင်းဖြင့် CDF-Kanpetlet တပ်ရင်း ၇ အခြေချတပ်စွဲထားသော စခန်းအနီးပတ်ဝန်းကျင်အထိ စစ်ကြောင်းထိုးလာခြင်းဖြစ်သည်ဟု ကန်ပက်လက်ဒေသခံများထံမှ သိရသည်။

ကန်ပက်လက်ကောင်စီလက်အောက်ခံတပ်ရင်းဖြစ်သော CDF-Kanpetlet တပ်ရင်း ၇ ဘက်က နှစ်ဖက်ထိတွေ့ပစ်ခတ်မှုမဖြစ်လိုသောကြောင့် တပ်ပြန်ရုပ်သိမ်းရန်ဆွေးနွေးခဲ့သော်လည်း AA နှင့် ချင်းညီနောင်ဘက်က လက်မခံဘဲ ဆက်လက်စစ်ကြောင်းထိုးလာခြင်းဖြစ်သည်ဟု သိရသည်။

ထိုကဲ့သို့အခြေအနေကြောင့် အချင်းချင်းပွတ်တိုက်မှုဖြစ်ပွားလာမည်ကို ယင်းဒေသတွင်နေထိုင်ကြသော ပြည်သူများက အလွန်စိုးရိမ်နေကြပြီး ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့များကလည်း ကြားဝင်ညှိနှိုင်းပေးရန် ကြိုးစားခဲ့ကြသော်လည်း ချင်းညီနောင်အဖွဲ့ဝင် CDF-Kanpetlet တပ်ရင်းများက လက်မခံကြကြောင်း ကန်ပက်လက်ဒေသခံတစ်ဦးကပြောသည်။

ယခုအနေအထားသည် AA နှင့် ချင်းညီနောင်တပ်ဖွဲ့ဘက်က စစ်ကြောင်းပြန်မလှည့်ဘဲ ဆက်ပြီးစစ်ကြောင်းထိုးလာမည်ဆို အပြန်အလှန်ပွတ်တိုက်မှုဖြစ်နိုင်သည့်အခြေအနေတွင်ရှိနေပြီး ကန်ပက်လက်ပြည်သူများက အချင်းချင်းပစ်ခတ်မှု ဖြစ်ပွားကြမည်ကို အလွန်အမင်းစိုးရိမ်နေကြသည်ဟု ကန်ပက်လက်ဒေသခံများထံမှ သိရသည်။

မြန်မာ့နွေဦးတော်လှန်ရေးကနေ ပေါက်ဖွားလာသော CDF-Kanpetlet တပ်ဖွဲ့တွင် တပ်ရင်း ၇ ရင်းရှိခဲ့ပြီး ယင်းအနက် တပ်ရင်း ၅ ရင်းဖြစ်သည့် တူမီးတပ်ရင်း၊ ဝကောက်တပ်ရင်း၊ ဗစ်တိုရိယတပ်ရင်း၊ ခေါနူးတပ်ရင်းနှင့် မဟူရာတပ်ရင်းတို့သည် ချင်းညီနောင်အဖွဲ့နှင့်ပူးပေါင်းခဲ့သည်။

ကန်ပက်လက်ကောင်စီလက်အောက်ခံ ထားကြယ်တပ်ရင်းဟုခေါ်သော တပ်ရင်း ၇ တစ်ခုတည်းသာ ချင်းလဲန်းကောင်စီဘက်တွင် ပူးပေါင်းခဲ့ကြောင်း သိရသည်။

နောက်ထပ်တပ်ရင်းတစ်ခုဖြစ်သည့် Kkei Sing တပ်ရင်းမှာမူ CDF-Kanpetlet မှခွဲထွက်ပြီး CDF-Daai တပ်ဖွဲ့တွင် ပူးပေါင်းရပ်တည်ခဲ့သည်။

April 3, 2026
ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်နှင့် တွန်ဇံမြို့နယ် (ဇိုဂမ်ဒေသ)တွင် အခြေ စိုက် လှုပ်ရှားနေသော...
April 2, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်တွင် စစ်ကော်မရှင်တပ်ဖွဲ့သည် စစ်မှုထမ်းဥပဒေအကြောင်းပြုကာ...
April 1, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ခရစ်ယာန်ဘာသာဝင်များ မြေမြုပ်သဂြိုလ်သော ခရစ်ယာန်သုသာန်တွင်...
March 30, 2026
ချင်းပြည်နယ်၊ ဟားခါးမြို့တွင် မိသားစုကိစ္စဖြင့် သွားလာနေသည့် လူငယ် ၃ ဦးကို စစ်ကော်မရှင်တပ်က...