စစ်ကောင်စီရဲ့ နိုင်ငံရေးဆွေးနွေးပွဲ ဖိတ်ခေါ်ချက် မွန်ပြည်ဖက်ဒရယ်ကောင်စီ လက်မခံ

စစ်ကောင်စီရဲ့ နိုင်ငံရေးဆွေးနွေးပွဲ ဖိတ်ခေါ်ချက် မွန်ပြည်ဖက်ဒရယ်ကောင်စီ လက်မခံ

နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ စစ်ကောင်စီရဲ့ နိုင်ငံရေးဆွေးနွေးပွဲ ဖိတ်ခေါ်ချက်နဲ့ပတ်သက်ပြီး မွန်ပြည်ဖက်ဒရယ်ကောင်စီက ပါဝင်လက်ခံမှာ မဟုတ်ဘူးလို့ စက်တင်ဘာ ၂၉ ရက်နေ့မှာ သဘောထားထုတ်ပြန်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကို လက်နက်ကိုင်လမ်းစဉ်ကို စွန့်ပြီး နိုင်ငံရေးဆွေးနွေးဖို့ စစ်ကောင်စီက စက်တင်ဘာ ၂၆ ရက်နေ့မှာ ဖိတ်ခေါ်ခဲ့ပါတယ်။

စစ်ကောင်စီဟာ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး အဘက်ဘက်ကနေ ပြိုလဲကျဆုံးနေချိန် နိုင်ငံတကာမှာ တရားဝင်မှုရရှိရေးကို အားထုတ်တဲ့အနေနဲ့  အတုအယောင် ရွေးကောက်ပွဲကို ကျင်းပဖို့ ပြင်ဆင်တာနဲ့ တပြိုင်နက် နိုင်ငံရေးဆွေးနွေးဖို့ အားထုတ်လာတာလို့ မွန်ပြည်ဖက်ဒရယ်ကောင်စီက ဆိုပါတယ်။

တော်လှန်ရေးအဖွဲ့တွေကို လက်နက်စွန့်ကာ နိုင်ငံရေးဆွေးနွေးပွဲသို့ လာရောက်ဖို့ ဖိတ်ခေါ်ထားချိန်မှာ စစ်ကောင်စီက လေကြောင်းအသုံးပြုပြီး အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တာဟာ ရိုးသားဖြောင့်မှန်မှု မရှိတဲ့လုပ်ရပ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မွန်ပြည်ဖက်ဒရယ်ကောင်စီက နိုင်ငံရေးပြဿနာကို လက်နက်နဲ့ဖြေရှင်းခြင်း၊ အာဏာသိမ်းခြင်းလုပ်ရပ်တွေကို ဆန့်ကျင်ကာ စစ်မှန်ပြီး တိုင်းရင်းသား ပြည်သူတရပ်လုံး ပါဝင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ကြိုဆိုတယ်လို့ ထုတ်ပြောထားတာပါ။

ဒါ့အပြင် စစ်တပ်အာဏာရရှိရေးကို ဒေါက်တိုင်ပြုထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ဖျက်သိမ်းရေးနဲ့ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးကို ဦးတည်တဲ့ ဘယ်နိုင်ငံရေးဆွေးနွေးပွဲကို မဆို ထောက်ခံပါဝင်သွားဖို့လည်း အသင့်ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီအတွက်ကြောင့် မွန်ပြည်ဖက်ဒရယ်ကောင်စီက စစ်ကောင်စီရဲ့နိုင်ငံရေးလှည့်ကွက်အဖြစ် ဖန်တီးထားတဲ့ ဆွေးနွေးပွဲမှာ ပါဝင်ဖို့လက်ခံစဉ်းစားမှာ မဟုတ်ဘဲ စစ်အာဏာရှင်စနစ် ပျက်သုဉ်းတဲ့အထိ ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့ အသိပေးပါတယ်။

ဘဝတူတော်လှန်ရေး အဖွဲ့အစည်းတွေနဲ့လည်း လက်တွဲကာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးကို ပန်းတိုင်အဖြစ် ထားရှိပြီး အတူတကွ ချီတက် လုပ်ဆောင်သွားမယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ - CJ
August 26, 2026
ကရင်ပြည်၊ ဘားအံမြို့ရှိ စက်သုံးဆီဆိုင်ကြီးများသည် စက်သုံးဆီများကို အကန့်အသတ်ဖြင့်သာ ရောင်းချပေး...
ဓာတ်ပုံ -(MOI)
August 25, 2026
မွန်ပြည်၊ မုဒုံမြို့နယ်အတွင်း လည်ပတ်နေသည့် ရော်ဘာစက်ရုံများမှ အနံ့ဆိုးများ ပြင်းပြင်းထန်ထန်...
 ဓာတ်ပုံ - (MOI)
August 24, 2026
မွန်ပြည်အတွင်းရှိ အခြေခံပညာကျောင်းများတွင် စစ်အုပ်စု လက်အောက်ခံ ဌာနဆိုင်ရာများနှင့် ကျောင်းသား၊...
ဓာတ်ပုံ - CJ
August 22, 2026
မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေများ စီးဆင်းလာမှုကြောင့် ကရင်ပြည်ရှိ ဘားအံမြို့အပါအဝင်...