ပွင့်ဖြူမြို့နယ်မှာ သန်းခေါင်စာရင်းကောက်ဖို့ ကူညီသူတွေကို အရေးယူမယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြော

ပွင့်ဖြူမြို့နယ်မှာ သန်းခေါင်စာရင်းကောက်ဖို့ ကူညီသူတွေကို အရေးယူမယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြော

မကွေးတိုင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာနဲ့ ရပ်ကွက်တွေမှာ စစ်ကောင်စီက မကြာမီပြုလုပ်မယ့် သန်းခေါင်စာရင်း ကောက်ယူနိုင်ဖို့ပါဝင်ကူညီသူတွေကို အရေးယူမယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပွင့်ဖြူ-ပကဖ) က သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီကို အားပေးထောက်ခံသူတွေအဖြစ် သတ်မှတ်ပြီး ပြင်းထန်ထိရောက်စွာ အရေးယူသွားမှာဖြစ်တယ်လို့ ပွင့်ဖြူ ပကဖ က စက်တင်ဘာ ၂၅ ရ က်မှာ ထုတ်ပြန်ထားတာပါ။

“အဓိကကတော့ Non CDM အုပ်စုတွေကို စစ်ကောင်စီက ဦးတည်ပြီးတော့ အသုံးပြုလာနိုင်တယ်။ ဒီထဲမှာ ဆရာ၊ဆရာမတွေ ကျေးလက်ကျန်းမာရေးဝန်ထမ်းတွေပါနိုင်တာပေါ့။

သူတို့ကို သိစေချင်တာပေါ့ ပြည်သူတွေပေးတဲ့လစာကိုစားပြီး စစ်ကောင်စီသက်ဆိုးရှည်မယ့်အလုပ်မှာ မပါဝင်စေချင်တာပါ” လို့ ပွင့်ဖြူ-ပကဖ သတင်းနဲ့ ပြန်ကြားရေးအဖွဲ့ဝင်တစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ပွင့်ဖြူမြို့နယ်မှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေထံကတစ်ဆင့် သန်းခေါင်စာရင်းကောက်ယူမယ့်ကိစ္စကို သိရတာဖြစ်ပြီး လာမယ့်အောက်တို ဘာ ၂ ရက်မှာ ကောက်ယူမယ်လို့လည်း ဆိုပါတယ်။

သန်းခေါင်စာရင်းကောက်ယူရာမှာ ပါဝင်သူတွေကို မှတ်သားထားပြီးတော့ သက်ဆိုင်ရာ ခရိုင်အဆင့်၊ တိုင်းအဆင့် ကွပ်ကဲရေးတွေရဲ့ လမ်းညွှန်ချက်နဲ့အညီ အရေးယူသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကာကွယ်ရေးအဖွဲ့တွေရဲ့ လှုပ်ရှားရာနယ်မြေနဲ့ဝေးရင်လည်း သေချာမှတ်သားထားပြီး ပြည်သူလူထုအနေနဲ့ သတင်းပေးပို့ကြဖို့ အကူအညီ တောင်းခံထားပါသေးတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လနဲ့ စက်တင် ဘာလအတွင်း ပွင့်ဖြူမြို့နယ်မှာ ကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတို့ကြား မကြာခဏတိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၂၀ ဝန်းကျင်သေဆုံးကာ ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရထားပါသေးတယ်။

ဓာတ်ပုံ - CJ
August 26, 2026
ကရင်ပြည်၊ ဘားအံမြို့ရှိ စက်သုံးဆီဆိုင်ကြီးများသည် စက်သုံးဆီများကို အကန့်အသတ်ဖြင့်သာ ရောင်းချပေး...
ဓာတ်ပုံ -(MOI)
August 25, 2026
မွန်ပြည်၊ မုဒုံမြို့နယ်အတွင်း လည်ပတ်နေသည့် ရော်ဘာစက်ရုံများမှ အနံ့ဆိုးများ ပြင်းပြင်းထန်ထန်...
 ဓာတ်ပုံ - (MOI)
August 24, 2026
မွန်ပြည်အတွင်းရှိ အခြေခံပညာကျောင်းများတွင် စစ်အုပ်စု လက်အောက်ခံ ဌာနဆိုင်ရာများနှင့် ကျောင်းသား၊...
ဓာတ်ပုံ - CJ
August 22, 2026
မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေများ စီးဆင်းလာမှုကြောင့် ကရင်ပြည်ရှိ ဘားအံမြို့အပါအဝင်...