လက်နက်ကြီးကြောင့် ဖားကန့်မြို့နယ်မှာ တစ်ရက်တည်း ဒေသခံ(၂)ဦးသေဆုံး ၊ (၁၁)ဦးဒဏ်ရာရ

လက်နက်ကြီးကြောင့် ဖားကန့်မြို့နယ်မှာ တစ်ရက်တည်း ဒေသခံ(၂)ဦးသေဆုံး ၊ (၁၁)ဦးဒဏ်ရာရ

ဖားကန့်မြို့နယ်မှာ  စက်တင်ဘာလ(၁၆)ရက် တစ်ရက်တည်း စစ်ကောင်စီရဲ့လက်နက်ကြီးကျရောက်ပေါက်ကွဲမှုတွေကြောင့် ဒေသခံ(၂)ဦးသေဆုံးခဲ့ပြီး (၁၁)ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဖားကန့်မြို့နယ်အတွင်းနေထိုင်သူတွေထံကနေ သိရပါတယ်။

ဖားကန့်မြိို့ပေါ်ရပ်ကွက် အပါအဝင် စစ်ရေးတင်းမာမှုတွေရှိနေတဲ့  မြို့ရဲ့မြောက်ဘက်ခြမ်းက ကျေးရွာတွေဆီကိုလည်း ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။

ဖားကန့်မြို့ပေါ်  ငှက်ပျောတောရပ်ကွက်မှာ  မနေ့က စက်တင်ဘာလ ၁၆ ရက်နေ့ နေ့လည်ပိုင်း(၁)နာရီခွဲဝန်းကျင်အချိန်မှာ  လူသွားလမ်းပေါ် စစ်ကောင်စီရဲ့ ပစ်ခတ်တဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသား(၂)ဦးထိမှန်သေဆုံးခဲ့ပြီး (၅)ဦးဒဏ်ရာရရှိခဲ့တယ်လို့  မြို့တွင်းနေထိုင်သူတစ်ဦးက ဆိုပါတယ်။

ဒါ့အပြင် တစ်ရက်တည်း   ဖားပြင်ကျေးရွာ နဲ့ မှော်တောင်းကျေးရွာတွေမှာလည်း လက်နက်ကြီးကျည်ကြောင့်  ကျေးရွာဒေသခံ(၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

မနေ့က တစ်ရက်တည်းမှာပဲ ဆိပ်မူကျေးရွာဘက်ကိုလည်း  လက်နက်ကြီးပစ်ခတ်မှုတွေရှိခဲ့ကာ သေဆုံးသူများနှင့် ဒဏ်ရာရရှိသူတွေရှိနေပြီး စာရင်းတိတိကျကျ မသိရသေးပါဘူး။

ဆိပ်မူကျေးရွာမှာ စစ်ကောင်စီနဲ့ KIA+PDF ပူးပေါင်းတပ်ဖွဲ့တို့ကြား စစ်ရေးတင်းမာနေတာ (၁၁)ရက်ကြာမြင့်ခဲ့ပြီဖြစ်ပြီး  စစ်ကောင်စီဘက်က လေယာဉ်နဲ့ဗုံးကြဲတာတွေ၊ ဖားကန့်မြို့ ဗျူဟာကုန်းကနေ လက်နက်ကြီးပစ်ကူတာတွေလည်း ပြုလုပ်နေတယ်လို့ ဆိုကြပါတယ်။

“ ဖားကန့်ကအိမ်တွေမထိဘူး ဆိပ်မူကတော့ တော်တော်ဆိုးသွားတယ် စဖြစ်တဲ့၇ရက်နေ့ကနေ ဒီနေ့ဆို(၁၁)ရက်မြောက်နေ့အထိ လေယာဉ်ဗုံးကြဲတာရယ် လက်နက်ကြီးရယ် တမင်မီးရိူ့တာရယ်ကြောင့် အိမ်တွေအများကြီး မီးလောင်ပြာကျပျက်စီးသွားပြီ”   ဟု ဆိပ်မူကျေးရွာသားတစ်ဦးက ရှမ်းနီအသံကို ပြောပြပါတယ်။

ဆိပ်မူကျေးရွာတွင်းက ရပ်ကွက်(၃)၊ ရပ်ကွက်(၄)တွေမှာ ပြီးခဲ့တဲ့ရက်ပိုင်းက မီးကူးစက်လောင်ကျွမ်းခဲ့မှုကြောင့် အိမ်ခြေ(၂)ရာခန့် ပျက်စီးခဲ့ပြီး ရပ်ကွက်(၄)တစ်ရပ်ကွက်လုံးနီးပါး ပြာကျဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

May 1, 2026
ကချင်ပြည်နယ်၊ကာမိုင်း-ဖားကန့် လမ်းပိုင်းကို ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)+PDF...
April 30, 2026
ကချင်ပြည်နယ်က ဧရာဝတီမြစ်ဆုံ-မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းကို တမံအရွယ်အစားနဲ့ ဆည်ရဲ့...
April 29, 2026
မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသအတွင်းက တောင်သူတွေဟာ စပါးစိုက်ပျိုးဖို့အတွက်...
ရပ်နားထားရတဲ့ မိုးညှင်းဘူတာကို ၂၀၂၅ ခုနှစ်ကုန်ပိုင်း မြင်ကွင်း/ShanNi Voice
April 28, 2026
ကချင်ပြည်နယ်အတွင်းရှိ ၂၀၂၁ ခုနှစ်ကနေ ငါးနှစ်အကြာပိတ်ထားတဲ့ မိုးညှင်းမြို့မှ မြစ်ကြီးနားမြို့အထိ...