မင်းတပ်မြို့ပေါ်က လူနေအိမ်များ စစ်ကောင်စီတပ်က ဆက်တိုက်မီးရှို့

မင်းတပ်မြို့ပေါ်က လူနေအိမ်များ စစ်ကောင်စီတပ်က ဆက်တိုက်မီးရှို့

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့ပေါ်  အနောက်ရပ်ကွက်တွင်  လူနေထိုင်ခြင်း မရှိသည့်နေအိမ်များကို စက်တင်ဘာလ ၁၄ ရက်နှင့် စက်တင်ဘာလ ၁၅ ရက်နေ့များတွင်  စစ်ကောင်စီတပ်က မီးရှိုခဲ့မှုကြောင့် လူနေအိမ် ၁၀ လုံးကျော်ပျက်စီးခဲ့သည်ဟု မင်းတပ်မြို့ခံများထံမှသိရသည်။

မင်းတပ်မြို့ခံတစ်ဦးက ”အရင် ၁၄ ရက်နေ့က လောင်တာက လှေ့ကောင်းလမ်းခွဲ၊ မနေ့က ညနေ ၃ နာရီ လောက်မှာ အနောက်ရပ်ကွက်က (၃) လုံးလောင်တယ်။ အိမ်ခြေ (၁၀) လောက်လောင်သွားပြီ။ တခြားကူးစက်မူတော့မရှိဘူး၊ မိုးလည်းရွာတဲ့အတွက်ကြောင့် မနေ့ကလောင်တာကတော့ ကွက်ကြားလောင်တယ်၊ အားလုံးကရှို့မီးတွေပဲ” ဟု ပြောသည်။

မင်းတပ်မြို့အနောက်ရပ်ကွက် ခလရ (၂၇၄) တပ်ရင်း ဖက်သွားသော ဘုရင့်နောင်လမ်းခွဲအပေါ်နားတွင်ရှိသည့် ပြည်သူနေအိမ်များကို စက်တင်ဘာလ ၁၅ ရက်နေ့က မီးရှို့ခံရမှုကြောင့် ပျဉ်ထောင်အိမ်၊ တိုက်အိမ်များအပါအဝင် အိမ်ခြေ ၃ လုံး ပျက်စီးခဲ့သည်။

ထိုအိမ်များသည် လူနေထိုင်ခြင်းမရှိသည့်အိမ်များဖြစ်ကြပြီး အိမ်ပိုင်ရှင်များမှာ စစ်ဘေးတိမ်းရှောင်သွားကြသည်မှာ တစ်နှစ်ခန့်ကြာရှိနေပြီဟုသိရသည်။

စက်တင်ဘာ ၁၄ ရက်နေ့ ညနေပိုင်းကလည်း ခလရ (၂၇၄) တပ်ရင်းအောက်ဘက်၊ လှေ့ကောင်းလမ်းခွဲတွင်ရှိသည့် နေအိမ် (၅) လုံးနှင့် ထိုနေရာမှ တဖာလုံခန့်အကွာအဝေးတွင်ရှိသည့် နေအိမ် (၃) လုံးတို့ မီးရှို့ခံခဲ့ရသည်ဟု သိရသည်။

ထို့အပြင် ဩဂုတ်လ (၂၂) နေ့ကလည်း မင်းတပ်မြို့ အနောက်ဘက်ရပ်ကွက်ရှိ နေအိမ် (၅) လုံးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သည်။

ဓာတ်ပုံ -(ပုံဟောင်း / Crd)
August 28, 2026
ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရသည် ဒေသန္တရအစိုးရများကို မြို့နယ်နှင့် ဒေသ ၁၉ ခုတွင်...
August 28, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ ချင်းပြည်မြောက်ပိုင်း ဖလမ်းနှင့် တီးတိန်မြို့သို့ ဆက်သွယ်ထားသည့်...
August 26, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ ပလက်ဝမြို့နယ်၊ မရာဒေသ၊ ရွှေလိုက်ဝကျေးရွာအနီးရှိ မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (...
August 19, 2026
ချင်းတော်လှန်ရေး အင်အားစုများ ဖြစ်ကြသည့် ချင်းပြည်ကောင်စီ (CC) အင်အားစုနှင့် ကြားကာလ ချင်းအမျိုး...