မင်းတပ်မြို့အနီး ဖွီကျေးရွာကို စစ်ကောင်စီဗုံးကြဲ၊ ဘုရားကျောင်း၊ စာသင်ကျောင်းနှင့် နေအိမ်တချို့ပျက်စီး

မင်းတပ်မြို့အနီး ဖွီကျေးရွာကို စစ်ကောင်စီဗုံးကြဲ၊ ဘုရားကျောင်း၊ စာသင်ကျောင်းနှင့် နေအိမ်တချို့ပျက်စီး

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် ဖွီကျေးရွာထဲကို စစ်ကောင်စီက ဩဂုတ်လ ၁၉ ရက်နေ့ မနက်ပိုင်းမှာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သတ္တမနေ့ခရစ်ယာန်ဘုရားကျောင်းတစ်ကျောင်းနှင့် အဆောက်အအုံအချို့ ထိခိုက်ပျက်စီးသွားသည်ဟု မင်းတပ်မြို့ခံတစ်ဦးက ပြောသည်။

မင်းတပ်ဒေသခံတစ်ဦးက  “ဒီမနက် ၄ နာရီပတ်ဝန်း ကျင်မှာ ဖွီကျေးရွာမှာ ကျလို့ လူကတော့ဘာမှ ထိခိုက်မူမရှိဘူး ၊အိမ်တွေ ကတော့နည်းနည်းပါးပါးထိတယ်၊ ရွာထဲကပြည်သူတွေက လေကြောင်းကြောက်ပြီးတော့ရွာထဲမနေတော့ပဲ ခြံတွေ မှာပုန်းပြီးနေကြတာလေ လူမရှိတဲ့အတွက်ကြောင့် လူထိခိုက်မူမရှိတာပါ” ဟုပြောသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ဖွီကျေးရွာထဲက သတ္တမနေ့ ခရစ်ယာန်ဘုရားကျောင်း၊ စာသင်ကျောင်းနှင့် နေအိမ်အချို့ ပျက်စီးခဲ့သည်ဟု မင်းတပ်မြို့ခံကပြောသည်။

စစ်ကောင်စီသည် မင်းတပ်မြို့နယ်တွင် အာရက္ခတပ်တော် (AA) တို့ အင်အားအများအပြားဖြင့် မြို့သိမ်းတိုက်ပွဲအတွက် ဝင်ရောက်လာသည်ဟု သတင်းရရှိထားသောကြောင့် ယခုကဲ့သို့ လေကြောင်းဖြင့် ဗုံးကြဲခြင်းဖြစ်သည်ဟုလည်း သိရသည်။

ယခု ဗုံးကြဲခံရသည့် ဖွီကျေးရွာသည် မင်းတပ်မြို့၏ အနောက်ဖက် (၉) မိုင်အကွာတွင်တည်ရှိပြီး အိမ်ခြေ (၅၀) နီးပါးရှိသည့်ကျေးရွာဖြစ်သည်။

စစ်ကောင်စီသည် ယခုရက်ပိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှုဆက်တိုက်ပြုလုပ်လျက်ရှိသောကြောင့် မင်းတပ်မြို့ နယ်တွင် လူစုလူဝေးပြုလုပ်ခြင်း၊ မိမိနေ အိမ်များအနီးအိမ်အောက်မဟုတ်သည့်နေရာ၌ ပုန်းခိုစရာနေရာများ သေချာပြင်ဆင်ခြင်း၊ မိမိအန္တရယ်ကင်းရန် သတင်းများကိုအုပ်ချုပ်ရေးမှူး သို့မဟုတ် တာဝန်ရှိသူများထံသာ မေးမြန်းခြင်း၊ အများပြည်သူများစိတ်သောက ရောက်စေသည့်သတင်းမှားဖြန့်ဝေခြင်းများ မပြုလုပ်ကြရန် CDF-Mindat က ယနေ့ဩဂုတ်လ ၁၉ ရက်တွင် အသိပေးထုတ်ပြန်ထားသည်။

Most read this week

December 4, 2025
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစ၍ အပိုင်းလိုက်ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက်...
December 3, 2025
ချင်း - စစ်ကိုင်းအစပ်ရှိ ကလေးမြို့နယ်တောင်ပိုင်းက စစ်ကော်မရှင်တပ်များကို ချင်းလဲန်းကောင်စီ (CC...
December 2, 2025
ချင်းပြည်နယ် ဟားခါးမြို့နယ် Ruan ကျေးရွာကို နိုဝင်ဘာလ ၂၉ ရက်နေ့ မနက်အစောပိုင်း၊ ၁ နာရီအချိန်တွင်...
December 1, 2025
ကလေး -တီးတိန်ကားလမ်းမပေါ်ရှိ စစ်ရေးဗျူဟာကျသည့် သိုင်းငင်းရွာသို့ စစ်ကြောင်းထိုးသော...