ဖားအံမြို့နယ်ရှိ ပြည်သူ့ စစ်တပ်ဖွဲ့ဝင်များ စစ်ကောင်စီထံ လက်နက်ပြန်အပ်

ဖားအံမြို့နယ်ရှိ ပြည်သူ့ စစ်တပ်ဖွဲ့ဝင်များ စစ်ကောင်စီထံ လက်နက်ပြန်အပ်

ဖားအံမြို့နယ်၊ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ သထုံခရိုင်၊ တပ်မဟာ(၁)နယ်မြေ အတွင်းရှိ ပြည်သူ့စစ် တပ်ဖွဲ့ဝင်များ ပြီးခဲ့သည့် ဩဂုတ်လဒုတိယအပတ်အတွင်းက စစ်ကောင်စီထံ လက်နက်ပြန်အပ်လိုက် သည်ဟု မြေပြင်သတင်းအရင်းအမြစ်က အတည်ပြုပြောသည်။

အဆိုပါ ပြည်သူစစ်အဖွဲ့ဝင်များကို စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားသော်လည်း ၎င်းတို့ အနေဖြင့် မိမိ ကိုယ်မိမိ ပြန်လည်ကာကွယ်ရန် အခြေအနေမပေးသည့်အတွက် ယခုလို လက်နက်ပြန်အပ်ခဲ့ခြင်း ဖြစ်သည်ဟု အခြေအနေသိထားသူ သတင်းရင်းမြစ်က ပြောသည်။

“ဒီလက်နက်တွေကို သူတို့ကိုင်ပေမယ့်လည်း သူတို့ကိုယ်သူတို့ ပြန်ကာကွယ်လို့မရဘူး။ တကယ်လို့ ဆက်ကိုင်ရင် သူတို့အတွက် အန္တရာယ်ပိုဖြစ်လာမယ်။ စစ်ကောင်စီဘက်က သူတို့ကို ကာကွယ်ပေးနိုင်ရင် ဒီလက်နက်တွေ ကိုင်မယ်။ ဒါပေမယ့် စစ်ကောင်စီဘက်က အခုကာကွယ်မပေးနိုင်ဘူး။ လက်နက်တွေကိုင်ပေမယ့်လည်း သူတို့ကိုယ်သူတို့ မကာကွယ်နိုင်တဲ့အတွက် ပြန်အပ်လိုက်တာလို့ အဲလိုပြောပြီး သွားအပ်လိုက်တာပါ” ဟု မြေပြင် သတင်းရင်းမြစ်က ကေအိုင်စီသို့ ပြောသည်။

ဖားအံမြို့နယ်၊ အရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA၊ တပ်ရင်း(၁)နယ်မြေရှိ ကျေးရွာများတွင် ပြည်သူ့စစ်တပ်ဖွဲ့ဝင်အင်အား ၆၀ ဦးကျော်ရှိပြီး၊ ၎င်းတို့၏ လက်နက်များကို ဖားအံမြို့ရှိ အမှတ် (၁၅၁) လျှပ်/စစ် တပ်ခွဲအတွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ လက်နက် ၆၀ လက်နှင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်အချို့ထံ လက်နက် ၄ လက် သွားအပ်ခဲ့သည်ဟု မြေပြင်အခြေအနေ သိထားသူတစ်ဦးက ပြောသည်။

ဖားအံမြို့နယ်အတွင်းရှိ ဝင်းဒရယ်၊ ကျုံခန၊ နို့လာ၊ ဖောကလော်၊ မယ်ကလော၊ နို့ဖာဒို့၊ တံတားဦး စသည့်ကျေးရွာ များရှိ ပြည်သူ့စစ်တပ်ဖွဲ့ဝင်အားလုံး လက်နက်ပြန်အပ်ကာ ပြည်သူ့စစ်တပ်ဖွဲ့ဝင်မဟုတ်ကြောင်းကိုလည်း နယ်မြေခံ KNLA ထံ ခံဝန်ကတိလက်မှတ်ထိုး အသိပေးခြင်းရှိသည်ဟု ဒေသခံများထံမှ သိရသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အားနည်းလာသည့်အတွက် ဖားအံမြို့နယ်အတွင်းရှိ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအားကောင်းရန်ရည်ရွယ်ကာ လက်နက်တပ်ဆင် ပေးခြင်းနှင့် ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင်များက တွေ့ဆုံပြီး ရိက္ခာထောက်ပံ့မှုများ ရှိကြောင်း သိရသည်။

Most read this week

April 11, 2026
“ကော်သူးလေအစိုးရကို ကော်သူးလေအုပ်ချုပ်ရေးကောင်စီဆိုပြီး ပြောင်းလဲသတ်မှတ်ဖို့ ရှိနေတယ်။...
Photo: KIC
April 11, 2026
ကော်သူးလေဖက်ရယ်ယူနစ်တည်ဆောက်ရေးတွင် အဓိကကျသော တော်လှန်ရေးကာလ ကော်သူးလေ ပဋိဉာဉ်ကို...
Photo: KNU
April 10, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနယ်မြေ၊ တပ်မဟာ(၇)၊ ဖားအံခရိုင်အတွင်းရှိ အကျဥ်းထောင်မှ...
April 9, 2026
စစ်ခေါင်းဆောင်မင်းအောင်လှိုင် အစိုးရအသစ်အနေဖြင့်တက်လာအပြီး ကရင်ပြည်နယ်၊ ဖားအံမြို့နယ်...