အင်းတော်မြို့တွင်းတိုက်ပွဲ အခြေအနေကြောင့် မန္တလေး-မြစ်ကြီးနားကားလမ်းပိုင်း သွားလာခွင့် မရသေး

အင်းတော်မြို့တွင်းတိုက်ပွဲ အခြေအနေကြောင့် မန္တလေး-မြစ်ကြီးနားကားလမ်းပိုင်း သွားလာခွင့် မရသေး

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းက အင်းတော်မြို့အတွင်း တိုက်ပွဲကြောင့် မန္တလေး-မြစ်ကြီးနားကားလမ်း ယနေ့ ( ဩဂုတ်လ ၁၉ ရက်) အထိ ပြန်လည်ဖွင့်လှစ်ပေးခြင်းမရှိသေးဘူးလို့ ယာဥ်မောင်းတွေဆီကနေ သိရှိရပါတယ်။

မန္တလေး-မြစ်ကြီးနားကားလမ်းကို အင်းတော်မြို့တွင်းတိုက်ပွဲ မဖြစ်ပွားမီ ဩဂုတ်လ ၁၄ ရက်နေ့ကတည်းက စတင်းပိတ်ထားတာဖြစ်ပြီး ယနေ့အပါအဝင် ၆ ရက်ခန့် ကြာမြင့်နေပြီ ဖြစ်ပါတယ်။

မန္တလေးမြို့မှ  မြစ်ကြီးနားမြို့ကို သွားတဲ့ ယာဥ်မောင်းတစ်ဦးက “မနက်ကလည်း သွားကြည့်တာ။ မသေချာသေးဘူး နောက်ထပ်ဖွင့်ဖို့က။” လို့ ပြောပြပါတယ်။

မန္တလေးမြို့ကနေထွက်ခွာသွားသည့် ကားတွေကို ကျောင်းကုန်းကျေးရွာ နှင့် မဲဇာကျေးရွာမှာ  သွားလာခွင့် ပိတ်ပင်ထားပြီး ကုန်တင်ကားနဲ့ ခရီးသည်တင်ကားများ ရာချီပိတ်မိထားတယ်လို့ နောက်ထပ် ယာဥ်မောင်းတစ်ဦးက ပြောပါတယ်။

“ကျောင်းကုန်းကနေပြီးမှ စပိတ်လိုက်တော့တာ။ မဲဇာဘက်တွေရော ပိတ်ထားတယ်ပြောတယ်။ ဖြစ်တာက အင်းတော်မှာ ဖြစ်တာလေ။ ကားတန်းကြီးက အရှည်ကြီးမို့လို့ တစ်ဖြတ်၊ တစ်ဖြတ်စီ ပိတ်ထားကြတာ။”

မြစ်ကြီးနား အထက်ပိုင်းကနေ ဆင်းလာတဲ့ ကားတွေကို နဘားလမ်းဆုံမှာ ပိတ်ထားဖြစ်ပြီး ကသာမြို့ဘက်ကိုတော့ သွားလာလို့ ရနေတယ်လို့လည်း သိရှိရပါတယ်။

အင်းတော်မြို့အတွင်း တိုက်ပွဲများ  ပြင်းပြင်းထန်ထန် မဖြစ်ပွားမီ ဩဂုတ်လ ၁၅ ရက်နေ့က စတင်ပြီး တော်လှန်ရေးအင်အားစုများနှင့် စစ်ကောင်စီတပ်တို့ အင်တော်မြို့ပြင်နေရာတွေမှာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဩဂုတ်လ ၁၆ ရက်နေ့ မနက် ၄ နာရီမှာတော့ အင်းတော်မြို့တွင်းကို တော်လှန်ရေးအင်အားစုမျာက ဝင်ရောက်တိုက်ခိုက်နိုင်ရာကနေ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့တာပဲ ဖြစ်ပါတယ်။

အင်းတော်မြို့သည် စစ်ကောင်စီ၏ အုပ်ချုပ်ရေး၊ ပညာရေးများ  ပုံမှန်လည်ပတ်နေတဲ့ မြို့တစ်မြို့ဖြစ်သလို တော်လှန်ရေးအင်အားစုများထိန်းချုပ်ထားသည့်ဒေသက ကလေးငယ်များ ပညာသင်ကြားရာနေရာဒေသလည်း ဖြစ်ပါတယ်။

ရှမ်းနီဒေသမှ လက်ဖက်လုပ်ငန်းများကို တွေ့ရစဉ်/ ShanNi Voice
February 4, 2026
မြန်မာ့လက်ဖက်စိုကို ယူနက်စကိုမှာ လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ်...
February 3, 2026
ဝိုင်းမော်မြို့ကနေ မှ တရုတ်နိုင်ငံနယ်စပ် ကန်ပိုင်တည်မြို့ကိုသွားတဲ့ လမ်းပိုင်းတွေမှာ...
February 3, 2026
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းက KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်စိုးမိုးထားတဲ့...
January 31, 2026
မြစ်ကြီးနားမြို့လေဆိပ်မှာ နီပါးရ်ဗိုင်းရပ် ကြိုတင်ပြင်ဆင်မှုတွေအနေနဲ့ ခရီးသည်တွေကို...