ဗန်းမောက်မြို့နယ် မြောက်ပိုင်းက နန့်မားကျေးရွာအုပ်စုမှာ နှစ်လနီးပါးကြာ ဖျားနာနေကြ

ဗန်းမောက်မြို့နယ် မြောက်ပိုင်းက နန့်မားကျေးရွာအုပ်စုမှာ နှစ်လနီးပါးကြာ ဖျားနာနေကြ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်မြောက်ပိုင်းဒေသရှိ  နန့်မားကျေးရွာအုပ်စုမှာ ရက်ရှည်ဖျားနာနေကြတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရှိရပါတယ်။

လွန်ခဲ့တဲ့ နှစ်လကတည်းက  နန့်မားကျေးရွာမှာ ရွာလုံးကျွတ်နီးပါး ဖျားနာခဲ့ကြပြီး လက်ရှိမှာ ရက်ရှည်ဖျားနာတာတွေ အနည်းငယ် လျော့နည်းလာပြီလို့ နန့်မားဒေသခံတစ်ဦးက ဆိုပါတယ်။

“ ရွာမှာ တစ်အားဖျားကြတယ်။ အခုတော့ နည်းနည်း ပါးလာပြီ။ အရင်က တစ်အားဖျားကြတယ်။ ငှက်ဖျားပြီးတော့ ဘယ်လိုအဖျားကြီးလည်း မသိဘူး။ ချောင်းဆိုးတယ်၊ ခေါင်းကိုက်တယ်၊ အန်တယ် အဲ့လိုမျိုးကြီး။” လို့ သူကပြောပါတယ်။

ဖျားနာတာတွေဟာ  ချောင်းဆိုး၊ ခေါင်းမူး၊ ခေါင်းကိုက်တာတွေအပြင် အော့အန်တာတွေပါ ဖြစ်နေကြတာပါ။

လူတစ်ဦး ဖျားနာတဲ့အခါမှာ ရက်ပေါင်း နှစ်ဆယ်ကျော်ကနေ တစ်လအထိ ကြာမြင့်ကာ ဆေးဝါးသောက်သုံးကာ ကောင်းမွန်လာပြီးရင်လည်း  ပြန်လည်ဖျားနာနေကြတယ်လို့ ဆိုပါတယ်။

“ လူတစ်ယောက်က တစ်ခါတစ်ခါ ဖျားပြီဆိုရင် ရက်ပေါင်း နှစ်ဆယ်ကျော်၊ တစ်လ အဲ့လောက်တောင် ကြာတယ်။ ဘာဆေးပဲ သောက်သောက်၊ ဘာဆေးမှ မတိုးဘူး။ ကောင်းသွားရင်လည်း ပြန်ပြီးတော့ ဖျားတာပဲ။” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ဒါ့အပြင် ဗန်းမောက်မြို့နယ်အတွင်းမှာ ဆေးဝါးရှားပါးမှုတွေကြောင့် အကန့်အသတ်နဲ့သာ ရောင်းချဝယ်ယူနေကြရပါတယ်။

“ဆေးတွေက အရမ်းကို အခက်အခဲ ဖြစ်နေတာ။ ဆေးဆိုင်တွေကလည်း သုံးခေါက်မှာမှ တစ်ခေါက်ပဲ ရောင်းပေးတာ။ ရောင်းပေးပြန်တော့လည်း တစ်ခေါက်ကို ငါးကဒ်လောက်ပဲ ရောင်းပေးကြတာ။”

နန့်မားကျေးရွာအုပ်စုမှာ ကျေးလက်ကျန်းမာရေးဌာနခွဲ တစ်ခု ရှိခဲ့ပေမယ့် ၂၀၂၁ ခုနှစ် စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း ကျန်းမာရေးဝန်ထမ်းတွေက CDM ပြုလုပ်သွားကာ လက်ရှိ ကျေးရွာအတွင်းမှာ  ဆေးဝါကျွမ်းကျင် သင်တန်းဆင်းတွေကိုသာ အားထားနေရတာပဲ ဖြစ်ပါတယ်။

ချီဖွေငယ်ရေအားလျှပ်စစ်ကိုတွေ့ရစဉ်/Credit
May 4, 2026
ချီဖွေငယ်ရေအားလျှပ်စစ်ကို ပြန်လည်ပြုပြင်နေတာပြီးစီးသွားပေမယ့် မြစ်ကြီးနားမြို့...
May 1, 2026
ကချင်ပြည်နယ်၊ကာမိုင်း-ဖားကန့် လမ်းပိုင်းကို ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)+PDF...
April 30, 2026
ကချင်ပြည်နယ်က ဧရာဝတီမြစ်ဆုံ-မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းကို တမံအရွယ်အစားနဲ့ ဆည်ရဲ့...
April 29, 2026
မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသအတွင်းက တောင်သူတွေဟာ စပါးစိုက်ပျိုးဖို့အတွက်...