ပုလောမှာ စစ်ကောင်စီစခန်းတစ်ခု စွန့်ခွာထွက်ပြေး

ပုလောမှာ စစ်ကောင်စီစခန်းတစ်ခု စွန့်ခွာထွက်ပြေး

တနင်္သာရီတိုင်း ပုလောမြို့နယ် ပုလောကုန်းကျေးရွာ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင် စီစခန်းက တပ်ဖွဲ့ဝင်တွေအားလုံး စခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့ တော်လှန်ရေးအင်အားစုအဖွဲ့တွေထံကနေ သိရပါတယ်။

စစ်ကောင်စီဟာ အဲဒီဘုန်းကြီကျောင်းမှာ ပြီးခဲ့တဲ့ ၂၀၂၂ နှစ်ကုန်ပိုင်းလောက်ကတည်းက ဝင်ရောက်တပ်စွဲခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်နဲ့ပြည်သူ့စစ်အဖွဲ့ဝင် ၃၀ နီးပါး စခန်းထိုင်တာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်နဲ့ပြည်သူ့စစ်အဖွဲ့ဝင်တွေ စွန့်ခွာထွက်ပြေးသွားတဲ့အတွက် အဲဒီစခန်းကို ကရင်အ မျိုးသားကာကွယ်ရေးတပ် KNDO အပါအဝင် တော်လှန်ရေးတပ်ဖွဲ့တွေက ဇူလိုင် ၂၉ ရက်နေ့မှာ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့တာပါ။

နယ်မြေရှင်းလင်းရေး လုပ်ဆောင်စဉ် စစ်ကောင်စီထံကနေ တူမီးနှစ်လက်၊ လက်လုပ်လေ သေနတ်တစ်လက်၊ ပြည်သူ့စစ်ပစ္စည်းတွေ၊ ရိက္ခာတချို့နဲ့ အသုံးအပြုပြီးသား လက်နက်ခဲယမ်းတချို့ သိမ်း ဆည်းရမိခဲ့ပါတယ်။

မြိတ်ခရိုင်တပ်ရင်း ၁ ပြန်ကြားရေးတာဝန်ခံက ပုလောကုန်းကျေးရွာကို တော်လှန်းရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့အတွက် ပိတ်မိမှာစိုးရိမ်တာကြောင့် စခန်းစွန့်ခွာထွက်ပြေးသွားတာ ဖြစ်နိုင်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စွန့်ခွာသွားတဲ့ ပုလောကုန်းရွာ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ ရွာထဲကနေရာတချို့မှာ ခြေနင်းမိုင်းတွေ ထောင်သွားတဲ့အတွက် ဒေသခံပြည်သူတွေအနေနဲ့ သတိ ထားသွားလာကြဖို့ တိုက်တွန်းတာပါ။

ဇူလိုင်လဆန်းပိုင်းတုန်းကလည်း ထိုင်း-မြန်မာနယ်စပ် တနင်္သာရီမြို့နယ် မိုးကဖော့စခန်းက စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေအားလုံး စခန်းစွန့်ခွာခဲ့ပါသေးတယ်။

June 29, 2026
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဘီးလင်းမြစ်ကြောင်းတစ်လျှောက်ရှိ ရွှေမျောလုပ်ကွက်တွေ သုံးရက်ဆက်တိုက်...
ဓာတ်ပုံ - Earthquake People's Defence Force
June 27, 2026
မကွေးတိုင်း ပခုက္ကူခရိုင်မှာ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးအဖွဲ့တွေကြားတိုက်ပွဲ ဖြစ်ပွားပြီး...
ဓာတ်ပုံ-MOI
June 26, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်မှုထမ်း အကြုံးဝင်တဲ့ လူငယ်တွေကို  မှတ်ပုံတင် ...
June 25, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် ရတခတိုင်းမှူးအသစ် လက်ထက်မှာ...