ဖားကန့်မြို့နယ်မှာ ရေကြီးမှုကြောင့် လူ ၂ ဦးသေဆုံးကာ နေအိမ် (၁၀)လုံးကျော် ရေစီးထဲမျှောပါပျက်စီးခဲ့

ဖားကန့်မြို့နယ်မှာ ရေကြီးမှုကြောင့် လူ ၂ ဦးသေဆုံးကာ နေအိမ် (၁၀)လုံးကျော် ရေစီးထဲမျှောပါပျက်စီးခဲ့

ဖားကန့်မြို့နယ်အတွင်းက ရေကြီးရေလျှံခဲ့မှုမှာ  ဒေသခံ(၂)ဦးမျှောပါသေဆုံးခဲ့တာအပြင်  ကား(၁)စီးနှင့် လူနေအိမ်(၁၀)လုံးကျော်ခန့်လည်း ဥရုချောင်းထဲ မျှောပါပျက်စီးခဲ့ကြတယ်လို့  ဒေသခံများထံမှ သိရပါတယ်။

ရေစီးထဲမျှောပါသွားသူတွေက ဖားကန့်မြို့ ၊ငှက်ပျောတောရပ်ကွက်ရှိ အမျိုးသမီး(၁)ဦးနှင့် လုံးခင်းကျေးရွာအုပ်စု၊မလန်းကျေးရွာက ဒေသခံတစ်ဦး(အမျိုးသား/အမျိုးသမီးမသိရသေး) တို့ဖြစ်ပြီး သူတို့အလောင်းများအားရှာဖွေနိုင်ခြင်းလည်း မရှိသေးဘူးလို့ ဆိုကြပါတယ်။

“ ဖားကန့်မြို့ထဲမှာက လူသေတာတစ်ယောက်ရှိတယ် ရေစတက်တဲ့အရင်နေ့က ပစ္စည်းတွေရွှေ့ကြရင်းနဲ့ လှေမှောက်ပြီးမှ အမျိုးသမီးတစ်ယောက်တော့ပါသွားတယ်  အလောင်းလည်းဒီရေစီးနဲ့တော့မရနိုင်ဘူးလေ ခုထိတောင်ဝင်လို့မရသေးဘူး အဲ့နေရာတွေ’ဟု ကူညီကယ်ဆယ်ရေးများ ပြုလုပ်ပေးနေတဲ့ ကွန်းဖောင်ဒေးရှင်း ပရဟိတလူငယ်အသင်း(ဖားကန့်) မှ တာဝန်ရှိသူတစ်ဦးက ပြောပြပါတယ်။

ဖားကန့်မြို့နယ် ၊ဆန်ခါကျေးရွာ၊ ဆန်ခါချောင်းအနီးရှိ လူနေအိမ် အလုံး(၁၀)ကျော်နဲ့ ပါဂျဲရိုးကား(၁)စီးတို့ကိုလည်း ရေတိုက်စားပြီး ချောင်းရေနဲ့အတူ မျှောပါဆုံးရူံးသွားတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် လုံးခင်းကျေးရွာက ကျေးရွာတစ်ခုလုံးနီးပါး ရေနစ်မြှုပ်ခဲ့မှုမှာလည်း ရွှေဆိုင်များသာ ပစ္စည်းတွေသိမ်းဆည်းနိုင်ခဲ့ပြီး  ဖုန်းဆိုင်၊ ကုန်မာဆိုင်၊အထည်ဆိုင်၊ကုန်စုံဆိုင်၊ငါးခြောက်ဆိုင်၊စားသုံးဆီဆိုင် စတဲ့စျေးဆိုင်ခန်းအတော်တော်များများမှာ  ရေနစ်မြှုပ်ဆုံးရူံးခဲ့ကြရတာလည်း ဖြစ်ပါတယ်။

“ တချို့ဖုန်းဆိုင်တွေဆိုရင်လည်း မသိမ်းနိုင်ဘူးလေနော့  သံဆိုင်တွေလည်းတူတူပဲ တစ်ချို့အထည်ဆိုင် တကယ်ဘရန်းတွေရောင်းတဲ့  တစ်ထည် (၁၀)သိန်းကျော်တန်မှအစ ဆုံးရူံးသွားကြတာ အဲဒီတော့ တန်ဖိုးငွေကများတယ်  ပြီးရင် ရွာလယ်ခေါင်က ကားတွေအတော်များများရေနစ်တယ်  အစီးရေပြောလို့ကိုမနိုင်ဘူး များလွန်းလို့လေ’ဟု လုံးခင်းကျေးရွာမှာ  ကယ်ဆယ်ရေးပြုလုပ်နေသူတစ်ဦးက ဆိုပါတယ်။

ဖားကန့်မြို့နယ်အတွင်းက ဒီနှစ်ရေကြီးရေလျှံမှုဟာ ပြီးခဲ့တဲ့နှစ်တွေထက် ဒေသခံများရဲ့ ပစ္စည်းဥစ္စာ၊နေအိမ်တွေ ဆုံးရူံးမှုအများဆုံးဖြစ်ပွားတဲ့နှစ်ဖြစ်ကြောင်း  မြို့နယ်အတွင်းနေထိုင်သူများက  ပြောပါတယ်။

ဒီနေ့ဇူလိုင်(၃)ရက်နေ့အထိ  ဒေသထဲက မြေအနိမ့်ပိုင်းနေရာတွေမှာ ရေနစ်မြှုပ်နေဆဲဖြစ်ပြီး ဒေသတွင်းက ကူညီကယ်ဆယ်ရေးအသင်းအဖွဲ့များ၊ ပရဟိတအဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များက အစားအသောက်ပေးဝေမှုတွေ၊ ကူညီကယ်ဆယ်ပေးမှုတွေကို တတ်နိုင်သမျှလုပ်ဆောင်ပေးနေတယ်လို့လည်း သိရပါတယ်။

ဓာတ်ပုံ - (ရှမ်းနီအသံ) မိုးညှင်းမြို့မဈေးအား ဩဂုတ်လအတွင်း တွေ့ရစဉ်
August 13, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း ပိတ်ဆို့နေသည်မှာ တစ်ပတ်နီးပါး ကြာမြင့်လာပြီး...
August 11, 2026
မန္တလေးမြို့သို့ စစ်ဘေးတိမ်းရှောင် ရောက်ရှိနေသည့် ဗန်းမော်မြို့မှ စစ်ဘေးရှောင်များကို...
August 11, 2026
ရေကြီးရေလျှံမှုဖြစ်ပွား၍ ရေဘေးသင့်နေသည်မှာ ရက်သတ္တပတ် ကြာမြင့်လာပြီဖြစ်သော စစ်ကိုင်းတိုင်း...
ရှမ်းနီအသံ (ဟုမ္မလင်းမြို့နယ်၊ နမ့်တောဒေသတွင် ရေကြီးနေသည့်ပုံရိပ်များ)
August 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး...