ကလေးမြို့တွင် စစ်ကောင်စီက လူငယ်များကို ဖမ်းဆီးပြီး အတင်းအဓမ္မ စစ်သင်တန်းတက်ခိုင်းမှုကြောင့် မိဘပြည်သူများ စိုးရိမ်ပူပန်မှုမြင့်တက်

ကလေးမြို့တွင် စစ်ကောင်စီက လူငယ်များကို ဖမ်းဆီးပြီး အတင်းအဓမ္မ စစ်သင်တန်းတက်ခိုင်းမှုကြောင့် မိဘပြည်သူများ စိုးရိမ်ပူပန်မှုမြင့်တက်

စစ်ရေးအခြေအနေတင်းမာနေသော ကလေးမြို့တွင် စစ်ကောင်စီက စစ်မှုထမ်းအပတ်စဉ်ခေါ်ယူရာမှာ လူငယ်များကို ဖမ်းဆီးကာ အတင်းအဓမ္မ တပ်သားစုဆောင်းမှုရှိနေသောကြောင့် မိဘပြည်သူများ၏ စိုးရိမ်ပူပန်မှုမြင့်တက်နေသည်ဟု သိရသည်။

ဒေသကွပ်ကဲမူစစ်ဌာနချုပ်ရှိရာ ကလေးမြို့တွင် မေလဆန်းပိုင်းကစ၍ စစ်ကောင်စီက စစ်မှုထမ်းအပတ်စဉ် (၁) နှင့် (၂) အထိ ဖွင့်လှစ်ခဲ့ပြီဟုသိရသည်။

ယင်းစစ်မှုထမ်းသင်တန်းတွင် တက်ရောက်နေသူအများစုမှာ စစ်တပ်ထောက်ခံသူများနှင့် မြို့တွင်း ပေါ်တာဆွဲဖမ်းဆီးခံရသူအများဆုံးပါဝင်ကြသောကြောင့် သားသမီးများအတွက် စိုးရိမ်ပူပန်နေရသည်ဟု ကလေးမြို့ အောင်သစ္စာရပ် ကွက်သူနေထိုင်သူ အမျိုးသမီးတဦးကပြောသည်။

”ကိုယ့်ဆန္ဒ သဘောနဲ့မရှိကြပါဘူး သူတို့ဆွဲပြီးမှ တက်ခိုင်းတဲ့ဟာမျိုးပဲရှိတာ။ အဲ့လိုမျိုးဆွဲဆွဲ ပြီးမှ မိဘတွေနဲ့ ဆက် သွယ်မရဘူး၊ ကျမတို့ရပ်ကွက်ထဲက အမျိုးသားရော၊အမျိုးသမီးရော  စာရင်းကောက်သွား တဲ့အိမ်က လူငယ်တွေ ကိုဆိုရင် သူတို့မိဘတွေက  အိမ်မှာ မထားတော့ဘူး၊ လွတ်ရာ လွတ်ကြောင်း ပို့လိုက်တယ်၊ တကယ်လို့ လာလို့စစ်လို့ မတွေ့လို့ မိဘတွေကို ပြဿနာရှာရင်လည်း ကိစ္စမရှိဘူးဆို ပြီး အဲ့လိုနေတဲ့မိဘတွေများတယ်။” ဟုပြောသည်။

စစ်ကောင်စီသည် ကလေးမြို့ပေါ် ရပ်ကွက်တချို့တွင်လည်း စစ်မှုထမ်းရန်အသက်ပြည့်မီသည့် အမျိုးသား၊အမျိုးသမီး စာရင်းများကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံမှတဆင့် ကောက်ခံနေသည့်အပြင် ညနေ (၆) နာရီ နောက်ပိုင်း သွားလာ သောလူငယ်များအား အဓိကပစ်မှတ်ထား တပ်သားစုဆောင်း ဖမ်းဆီးခြင်းများ ပြုလုပ်နေသည်ဟုသိရသည်။  

ဧည့်စာရင်းစစ်မည်ဟု အကြောင်း ပြုကာ  လူငယ်များအား အိမ်တိုင်ရာဝင်ရောက်ဖမ်း ဆီးခြင်း၊ မြို့တွင်း စစ်ဆေးရေး ဂိတ်တို့တွင် ဖမ်းဆီးမှုများလာခြင်းကြောင့် မိဘပြည်သူများအနေဖြင့် သားသမီးများကို လွတ်မြောက်ရာဒေသကို စေလွှတ်သူများလာကြောင်း မိခင်တစ်ဦးက ပြောသည်။

“ စာရင်းကတောင်ဇလပ်ရပ်ကွက်ဖက်တော့ ကောက်တာမရောက်သေးပေမယ့် သားရှိတော့ သူ့တွက်စိတ်ပူနေရတယ်၊ နယ်စပ်ဖက်သွားခိုင်းမလို့၊ အခုလည်း ရပ်ကွက်ထဲက လူငယ် တော်တော်များ များသွားနေပြီ ”ဟု အဆိုပါမိခင်က ပြောသည်။

လက်ရှိကလေးမြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့သည် မြို့တွင်းလုံးခြုံရေးစစ်ဆေးမှုများတင်းကြပ်စွာ ပြုလုပ်လာ သည့်အ ပြင် ကလေးမြို့နယ်မြောက်ပိုင်းတွင်း ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နှင့် စစ်ရေးတင်းမာနေဆဲ သည်ဟု သိရသည်။

May 20, 2026
ချင်းပြည်နယ်မြောက်ပိုင်း၊ တွန်းဇံမြို့ကို အာဏာသိမ်းစစ်တပ်နှင့် ZRA – EC ပူးပေါင်းတပ်များ၏...
May 18, 2026
ဖလမ်းမြို့ကို စစ်တပ်က ပြန်လည်သိမ်းပိုက်ပြီးနောက် ဖလမ်း- ဟားခါး လမ်းပိုင်း...
May 15, 2026
စစ်ကိုင်းတိုင်းအထက်ပိုင်း၊ အိန္ဒိယ-မြန်မာနယ်စပ် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်ရှိသော ကူကီး...
May 14, 2026
ချင်းအပါအဝင် မြန်မာနိုင်ငံတစ်ဝန်းလုံးက ကလေးငယ်များသည် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကို...