တနင်္သာရီတိုင်းမှာ စစ်ရှောင်ဒုက္ခသည် ၆၀၀၀၀ ဝန်းကျင်အထိတိုးလာ

တနင်္သာရီတိုင်းမှာ စစ်ရှောင်ဒုက္ခသည် ၆၀၀၀၀ ဝန်းကျင်အထိတိုးလာ

တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတဲ့ တနင်္သာရီတိုင်းမှာ စစ်ရှောင်ဒုက္ခသည် အရေအတွက် ၆၀၀၀၀ ဝန်းကျင်အထိ တိုးလာတယ်လို့ ဒေသအခြေစိုက် သုတေသနအဖွဲ့ဖြစ်တဲ့ FE5 Tanintharyi ထံကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလကစလို့ တနင်္သာရီတိုင်းရဲ့ ထားဝယ်၊ ပုလော၊ တနင်္သာရီ၊ သရက်ချောင်းနဲ့ ရေဖြူမြို့ နယ်တို့မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့ကြား တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတဲ့အတွက် စစ်ဘေးရှောင်အရေအတွက် ထပ်တိုးလာတာပါ။

စစ်ရှောင်ပြည်သူတွေဟာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာမှုနဲ့အတူ စစ်ကောင်စီတပ်ရဲ့ လေယာဉ်နဲ့ဗုံး ကြဲတိုက်ခိုက်မှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရမှု သိသိသာသာ မြင့်တက်လာတယ်လို့ FE5 Tanintharyi တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ရှောင်အရေအတွက် ထပ်တိုးလာတာကြောင့် စားနပ်ရိက္ခာ၊ ဆေးဝါး၊ အဝတ်အထည်၊ အမိုးအ ကာနဲ့ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေကအစ လိုအပ်ချက်တွေ မြင့်မားနေတယ်လို့ ဆိုပါတယ်။

တဖက်မှာတော့ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာမှုနဲ့အတူ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ လေ ကြောင်းတိုက်ခိုက်မှု ပိုမိုပြုလုပ်လာတာကြောင့် ဒေသခံတောင်သူတွေဟာ ဥယျာဉ်ခြံလုပ်ငန်းတွေ လုပ်ကိုင်နိုင်ခြင်းမရှိကြတော့ဘူးလို့ သိရပါတယ်။

အဆိုးဆုံးအနေနဲ့ ဥယျာဉ်ခြံတွေနဲ့ လူသွားလူလာလမ်းတွေမှာ စစ်ကောင်စီက မိုင်းထောင်ထားတာတွေ ပြုလုပ်လာတဲ့အတွက် မိုင်းနင်းမိမှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။

တနင်္သာရီတိုင်းအတွင်းမှာ အမြဲတမ်းစစ်ဘေးရှောင်ဦးရေ ၂၀၀၀၀ ဝန်းကျင်သာရှိပြီး ကျန်စစ်ရှောင်တွေကတော့ တိုက်ပွဲဖြစ်ပွားချိန် စစ်ဘေးရှောင်ကြပြီး တိုက်ပွဲမဖြစ်ပါက နေရပ်ပြန်နေထိုင်ကြသူတွေ ဖြစ်ပါတယ်။

အမြဲတမ်းစစ်ရှောင်နေရသူတွေအတွက် စစ်ရှောင်အရေးကူညီနေသူတွေက နေထိုင်စားသောက်ရေး၊ ကျန်းမာရေးအတွက် ကူညီပေးနေပြီး ယာယီစစ်ရှောင်တွေအတွက်ကတော့ စစ်ရှောင်တွေကိုယ်တိုင် နေထိုင်စားသောက်ဖို့ စီစဉ်နေကြရတယ်လို့ သိရပါတယ်။

Most read this week

ဓာတ်ပုံ - CJ
August 22, 2026
မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေများ စီးဆင်းလာမှုကြောင့် ကရင်ပြည်ရှိ ဘားအံမြို့အပါအဝင်...
ဓာတ်ပုံ – MOI
August 21, 2026
စစ်အုပ်စုတပ်၏ တပ်ချုပ်သစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၏ ထိုင်းခရီးစဉ်အတွင်း နှစ်နိုင်ငံ...
ဓာတ်ပုံ - BGF
August 21, 2026
ကရင်ပြည်၊ ဖာပွန်စစ်ဆင်ရေးအတွင်း စစ်အုပ်စုတပ်ကို ကူညီပေးနေပြီး စစ်အုပ်စုတပ် လက်အောက်ခံအဖြစ်...
ဓာတ်ပုံ - CJ / Crd
August 20, 2026
မွန်ပြည်တွင် စစ်အုပ်စုတပ် အသွင်ပြောင်း ပြည်နယ်အစိုးရ အပြောင်းအလဲ ဖြစ်ပေါ်ခဲ့ပြီး ၄ လကျော် ကာလ...