ဘီးလင်းမှာ စစ်တပ်လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ ၅၀၀၀ ကျော် ထွက်ပြေးနေရ

ဘီးလင်းမှာ စစ်တပ်လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ ၅၀၀၀ ကျော် ထွက်ပြေးနေရ

မွန်ပြည်နယ် ဘီးလင်းမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ ၅၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU သထုံခရိုင် တာဝန်ရှိသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ မေ ၁၁ ရက်နေ့က ဘီးလင်းမြို့နယ် ရွှေရောင်ပြကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်ရှိ ကျုံအိတ်တံတား မိုင်းခွဲဖျက်ဆီးခံရပြီးနောက် စစ်ကောင်စီတပ်ကနေ အရပ်သားပြည်သူတွေနေထိုင်ရာ ကျေးရွာတွေထဲကို နေ့စဉ်ရက်ဆက် လက်နက်ကြီး ပစ်ခတ်ခဲ့တာပါ။

မေ ၁၁ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ ၄ ရက်အတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ရွှေရောင်ပြ၊ အဝန်းကြီး၊ ဇီးဝန်း၊ ခလောက်အင်း၊ မရမ်းကုန်းကျေးရွာတို့က ဒေသခံပြည်သူ လူထု ၅၀၀၀ ကျော် ထွက်ပြေတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ လက်နက်ကြီးရန်ကြောင့် ဒေသခံတွေဟာ ဘီးလင်းနဲ့သထုံမြို့ပေါ်တွေအပါအဝင် ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိအချိန်အထိ နေရပ်မပြန်ရဲကြသေးဘူးလို့ သိရပါတယ်။

ကျုုံအိတ်တံတား မိုင်းခွဲခံရပြီး မေ ၁၁ ရက်နေ့က ဇီးဝန်းကျေးရွာအခြေစိုက် စစ်ကောင်စီ အမှတ် ၃၁၄ အမြောက်တပ်ကနေ လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ရာ အဝန်းကြီးနဲ့ဒေါက်ရပ်ကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ကလေးငယ်တွေအပါအဝင် ဒေသခံ ၃ ဦးသေဆုံးပြီး ၁၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါ့အပြင် မေ ၁၂ ရက်နေ့နဲ့ ၁၃ ရက်နေ့တို့မှာလည်း မိုးကောင်းနဲ့ရွှေရောင်ပြကျေးရွာချင်းဆက်လမ်းပေါ် စစ်တပ်လက်နက်ကြီ ကျရောက်ပေါက်ကွဲမှုကြောင့် ခရီးသွား ၂ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရ ကာ ကားတစ်စီးလည်း ထိမှန်ပျက်စီးသွားပါတယ်။

အာဏာသိမ်းကာလအတွင်း ဘီးလင်းမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အရပ်သားပြည်သူ သောင်းနဲ့ချီ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ KNU သထုံခရိုင်ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ဓာတ်ပုံ - HOS
July 3, 2026
စစ်တပ်အသွင်ပြောင်း အစိုးရ၏ ရက်ပေါင်း ၁၀၀ စီမံချက်ပါ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍...
July 2, 2026
မွန်ပြည်နယ် သထုံမြို့အပြင် ဝင်းစိန်ကျေးရွာကနေ အာဏာသိမ်း စစ်တပ် ဖမ်းဆီးသွားတဲ့ ဒေသခံ ကိုးဦးဟာ...
ဓာတ်ပုံ-PDF
July 1, 2026
တော်လှန်ရေးနဲ့ နိုင်ငံရေး အင်အားစုတွေအနေနဲ့ အချင်းချင်းကြား လက်နက်သုံး ဖြေရှင်းမှုတွေကို...
June 30, 2026
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်တပ် လစဉ်ဖွင့်လှစ်နေတဲ့ စစ်မှုထမ်း အပတ်စဉ် ၁ ကနေ အပတ်စဉ် ၂၆ အထိ...