ရှမ်းနီဒေသတွေမှာ ပြည်သူ့စစ်မှုထမ်းဥပဒေ အသက်မဝင်နိုင်သေး

ရှမ်းနီဒေသတွေမှာ ပြည်သူ့စစ်မှုထမ်းဥပဒေ အသက်မဝင်နိုင်သေး

စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက် မေလ ၁၄ ရက်နေ့မှာ ပြည်သူ့စစ်မှုထမ်း သင်တန်းအပတ်စဉ် (၂)ကို ပြုလုပ်ခဲ့တယ်လို့  မြန်မာ့အလင်းသတင်းစာကနေ ဖော်ပြပါတယ်။

ဒီစစ်မှုထမ်းဥပဒေဟာ အပတ်စဉ် (၂) ရောက်ရှိလာခဲ့ပေမယ့်လည်း ရှမ်းနီဒေသတွေဖြစ်တဲ့ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းဒေသတွေမှာ အသက်ဝင်နိုင်ခြင်းမရှိသေးကြောင်း ဒေသခံတွေက ပြောဆိုကြပါတယ်။

ပြီးခဲ့တဲ့ ဧပြီလအတွင်းမှာ ဟုမ္မလင်းမြို့နယ်အတွင်းရှိ  မြို့ပေါ်နှင့် ကျေးရွာအုပ်စုတွေမှာ ပြည်သူ့စစ်မှုထမ်းဥပဒေအတွင်း အကျုံးဝင်သူတွေရဲ့ စာရင်းတွေကို ကောက်ယူထားပြီးစီးကြောင်း အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေက ပြောဆိုထားသော်လည်း အပတ်စဉ် (၂) အထိ ဆင့်ခေါ်ခြင်းမရှိသေးကြောင်း သိရပါတယ်။

ရှမ်းနီဒေသတွင်း  အထူးသဖြင့် ဟုမ္မလင်းမြို့နယ်မှာ စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းအတွက် သင်တန်းသား စာရင်းကောက်ယူခဲ့ပေမယ့် ထိရောက်မှာ မဟုတ်ကြောင်း ဒေသခံတွေက ပြောဆိုနေကြပါတယ်။

“ သူတို့က ဟိုလိုနေမှာ  တစ်ရွာကို ၇ ယောက်ဆို ၇ ယောက် အဲ့လိုပဲ ကောက်တာ ၊ ဟိုလိုအများကြီးလဲ မဟုတ်ပါဘူး၊  တစ်အိမ်တစ်ယောက်ကြီးလဲ မကောက်ပါဘူး၊ ဒီမှာ အဲ့လိုလုပ်နိုင်တာ SNA ပဲ ရှိတာ” လို့ ဟုမ္မလင်းမြို့နယ် ဟွေဖလာ ဒေသခံတစ်ဦးက ပြောပြပါတယ်။

စစ်ကောင်စီဘက်က ကောက်ယူထားတဲ့ စာရင်းတွေထဲမှာ ပါဝင်နေသူတွေဟာလည်း ဆင့်ခေါ်လာလို့ မဝင်ရောက်နိုင်ရင် ငွေကြေးပေးပြီး လူငှားတာ ၊ အစားထိုးတာတွေကို လုပ်ဆောင်နိုင်တယ်လို့ ဟုမ္မလင်းဒေသခံတစ်ဦးက ပြောပါတယ်။

“ မဝင်နိုင်တဲ့သူတွေလဲ ငှါးတာပါ့အေး ၊လူလဲ မဝင်နိုင်ဘူးဆိုရင်လဲ  ပိုက်ဆံတွေဘာတွေနှင့်ပေါ့၊  အောက်ပိုင်းဘက်မှာလဲ အဲ့တိုင်းပဲ ၊ ဒါတော့ အစားစားပေါ့လေ သူတို့တတ်နိုင်သလောက်ပေါ့လေ  အစားစားပေါ့ ၅၀ ဆိုရင်လဲ ၅၀ ပေါ့” လို့ နောက်ထပ် ဟုမ္မလင်းဒေသခံ တစ်ဦးက ပြောပါတယ်။

ဗန်းမောက်မြို့နယ်မှာလည်း ပြည်သူ့စစ်မှုထမ်း ဥပဒေနဲ့ ပတ်သက်ပြီး အခုမေလအတွင်းမှာ စာရင်းကောက်ယူမှုတွေအပါအဝင် အသိပညာပေးမှုတွေ လုပ်ဆောင်သွားမယ်လို့ ဆိုထားပေမယ့် လက်ရှိအချိန်ထိ လုပ်ဆောင်နိုင်ခြင်းမရှိသေးကြောင်းသိရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းဒေသတွေဖြစ်တဲ့ ဟုမ္မလင်း ၊ တမူး ၊ ဖောင်းပြင် ၊ပင်လည်ဘူး ၊ ကောလင်း ၊ ဝန်းသို ၊ ဗန်းမောက် မြို့တွေမှာ ပြည်သူ့စစ်မှုထမ်းဥပဒေဟာ အကောင်အထည်အပြည့်အဝ မဖော်နိုင်သေးကြောင်း စုံစမ်းသိရှိရပါတယ်။

ဓာတ်ပုံ – ရှမ်းနီအသံ
August 21, 2026
မြန်မာ - တရုတ်နယ်စပ် ကန်ပိုင်တည်မြို့မှ ဝင်ရောက်လာသည့် တရုတ်ကုန်ပစ္စည်းများကို ဗလမင်းထင်တံတား ၌...
ဓာတ်ပုံ - (ရှမ်းနီအသံ) မိုးညှင်းမြို့မဈေးအား ဩဂုတ်လအတွင်း တွေ့ရစဉ်
August 13, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း ပိတ်ဆို့နေသည်မှာ တစ်ပတ်နီးပါး ကြာမြင့်လာပြီး...
August 11, 2026
မန္တလေးမြို့သို့ စစ်ဘေးတိမ်းရှောင် ရောက်ရှိနေသည့် ဗန်းမော်မြို့မှ စစ်ဘေးရှောင်များကို...
August 11, 2026
ရေကြီးရေလျှံမှုဖြစ်ပွား၍ ရေဘေးသင့်နေသည်မှာ ရက်သတ္တပတ် ကြာမြင့်လာပြီဖြစ်သော စစ်ကိုင်းတိုင်း...