ပြည်သူ့စစ်အဖွဲ့ ဖမ်းသွားတဲ့ ကချင်လူငယ်တစ်ဦး မပခ ပို့ခံရ

ပြည်သူ့စစ်အဖွဲ့ ဖမ်းသွားတဲ့ ကချင်လူငယ်တစ်ဦး မပခ ပို့ခံရ
၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်း ဝူယန်ရွာက ပြည်သူ့စစ်ခန်းရှေ့ လမ်းသွားလမ်းလများကို စစ်ဆေးနေပုံ (ပုံဟောင်း)
၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်း ဝူယန်ရွာက ပြည်သူ့စစ်ခန်းရှေ့ လမ်းသွားလမ်းလများကို စစ်ဆေးနေပုံ (ပုံဟောင်း)

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဝူယန်ကျေးရွာမှာ တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီ လက်အောက်ခံ ရွှေမင်း ပြည်သူ့စစ်တပ်က ဖမ်းဆီးသွားတဲ့ ကချင်လူငယ်ကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် မပခ ကို ပို့လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖမ်းဆီးခံရသူမှာ အသက် ၂၃ နှစ်ဝန်းကျင်အရွယ် လမြန်ကျေးရွာက ဘာလမ်ဟောင်းဇောင်းဆိုသူ ဖြစ်ပြီး စက် တင်ဘာလ ၂၅ ရက်နေ့ ဝူယန်ဂိတ်မှာ လမ်းသွားလမ်းလာ ပြည်သူတွေကို စစ်ဆေးတဲ့ချိန် ဖုန်းမှာ KIA ယူနီဖောင်း ဝတ်ထားတဲ့ ဓါတ်ပုံတစ်ပုံကြောင့် ဖမ်းဆီးခံရတာဖြစ်တယ်လို့ ဆိုပါတယ်။

“ဖမ်းခံရတဲ့လူငယ်က စစ်ဆေးတဲ့အချိန် သူ့ဖုန်းထဲမှာ KIA စစ်ဝတ်စုံနဲ့ ရိုက်ထားတဲ့ပုံပါလို့ ဖမ်းသွားတာလို့ သိရ တယ်။ တကယ်တော့သူက KIA စစ်သားမဟုတ်ဘူး။ အရင်ကသူဘာသာရေးမှာ စေတနာ့ဝန်ထမ်း အလုပ် လုပ် တာ။ သူတာဝန်ကျတဲ့ရွာက KIA စစ်စခန်းနဲ့နီးတော့ ဓာတ်ပုံရိုက်ထားတာနေမှာ။ တိုင်းထိ ခေါ်သွားကြတယ်ဆိုတဲ့ သတင်းကလွဲပြီး အခုထိ ဘာသတင်းမှ ပြန်မကြားရသေးဘူး” လို့ ဖမ်းဆီးခံရသူနဲ့နီးစပ်သူ တစ်ယောက်က ပြော ပါတယ်။

ဖုန်းထဲက ဓါတ်ပုံတစ်ပုံကြောင့် မေးမြန်းခြင်းမရှိ ဖမ်းဆီးပြီး မပခ တိုင်းအထိ ပို့လိုက်တာဟာ ပြည်သူ့စစ်အဖွဲ့က ပြည်သူတွေကို တမင်ခြိမ်းခြောက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ဝိုင်းမော်မြို့နယ် ဝူယန်ရွာထိပ်မှာ တပ်စွဲနေထိုင်တဲ့ ရွှေမင်းပြည်သူ့စစ်အဖွဲ့ဟာ လမ်း သွားလမ်းလာ အရပ်သားတွေကို ဖမ်းဆီးစစ်ဆေးနေတဲ့အပြင် အခုရက်ပိုင်းဆို လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှု ပါ ပြုလုပ်နေတယ်လို့ ဝူယန်ဒေသခံတစ်ဦးက ပြောပါတယ်။

“သူတို့က ညအချိန်မတော်လည်း ပစ်တယ် မနက်အစောလည်း ထပစ်တယ်။ ပြည်သူတွေအတွက် တကယ် စိတ် အနှောက်ယှက် ဖြစ်စေတယ်။ စခန်းပစ်ခံရတာမဟုတ်ဘူး သူတို့ဖာသာ လျှောက်ပစ်နေတာ ရွာထဲနေပြီး ဒီလိုလုပ်တာ မကောင်းပါဘူး” လို့ ပြောပါတယ်။

ဝူယန်ရွာမှာတပ်စွဲထားတဲ့ ရွှေမင်းပြည်သူ့စစ်စခန်းဟာ အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၁၁ ခုနှစ် နိုဝင်ဘာလမှာ ဖွင့်လှစ်ထားတာဖြစ်ပြီး လမ်းသွားလမ်းလာ ပြည်သူတွေဆီက ငွေကြေးတောင်းခံတာတွေ မကြာခဏ ပြုလုပ်နေ တာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် အဲ့ဒီဂိတ်နေရာကို KIA ဘက်ကလည်း မကြာခဏဆိုသလို သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ၂၀၂၂ ခုနှစ် ဇူလိုင်လ တိုက်ခိုက်ခံရချိန် ပြည်သူ့စစ်ဘက်က ထိခိုက်သေဆုံးမှု အများဆုံးကြုံခဲ့ရတာလည်း ဖြစ်ပါတယ်။

စစ်အုပ်စု တပ်ဖွဲ့ဝင်အချို့နှင့် တန်ဂူးတန် ပြည်သူ့စစ် တပ်ဖွဲ့ဝင်များ။ / Crd
September 21, 2026
ကချင်ပြည်နယ်၊ ပူတာအိုနှင့် မချမ်းဘော့မြို့နယ်တို့တွင် စစ်အုပ်စုတပ်နှင့် တန်ဂူးတန်...
Myanmar CNICO
September 21, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာပြီး တကောင်းနီကယ်စက်ရုံဆိပ်ကမ်း၌ ၁၀ ရက်ခန့် ရပ်နားထား သည့်...
အရှေ့နာဂကာကွယ်ရေးတပ် (ENDA) / Crd - ENDA
September 19, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်း အရှေ့နာဂကာကွယ်ရေးတပ် (ENDA) က တပ်သားသစ်စုဆောင်း ရန်...
စင်းခန်းကျေးရွာတစ်ဝိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းနေစဉ်။ / Crd
September 18, 2026
ကချင်ပြည်၊ ဗန်းမော်၊ မံစီနှင့် ဇင်းဘုံ၊ စင်းခန်းတံတားတစ်ဝိုက် ဒေသများတွင် စစ်ရေးတင်းမာနေပြီး...