မိုးညှင်းမြို့နယ်အတွင်း မူးယစ်ဆေးဝါးအစားထိုး မက်သာဒုန်းသောက်နေသူ ထောင့်ငါးရာကျော်ရှိနေ

မိုးညှင်းမြို့နယ်အတွင်း မူးယစ်ဆေးဝါးအစားထိုး မက်သာဒုန်းသောက်နေသူ ထောင့်ငါးရာကျော်ရှိနေ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်အတွင်းမှာ ဘိန်းအစားထိုး မက်သာဒုန်းဆေး သောက်သုံးနေသူ လူဦးရေ ထောင့်ငါးရာ ကျော်ရှိနေတယ်လို့ ကျန်းမာရေးဌာနရဲ့ သတင်းအချက်အလက်တွေအရ သိရပါတယ်။

မိုးညှင်းမြို့ပေါ်  ကုတင်တစ်ရာဆေးရုံမှာ လူ ၇၀၀ ဦး၊ အင်းတော်ကြီးဒေသ နန့်မွန်းဆေးရုံမှာ ၇၀၀ ဦး၊ ဟိုပင် ပြည်သူ့ဆေးရုံမှာ ၆၀၀ ဦး နှင့် နမ္မားမြို့မှာ ၂၀၀ ဦး ရှိနေပါတယ်။

“ဖိုးဖြတ်နေတာက မိုးညှင်းမှာက ၇၀၀ လောက်ရှိတယ်။ နန့်မွန်းမှာကလည်း ၇၀၀ လောက်ရှိတယ်။ နောက် တစ်ခါက ဟိုပင်မှာက ၆၀၀ ၊ နမ္မားမှာက ၂၀၀ လောက်ရှိတယ် မက်သာဒုန်းသောက်တဲ့အဖွဲ့တွေပေါ့ ” လို့ မိုးညှင်းရပ်မရပ်ဖ တစ်ဦးက ပြောပြပါတယ်။

မူးယစ်ဆေးဝါးဖြစ်တဲ့ ဘိန်းဖြတ်ဖို့နဲ့ လျော့ချဖို့အတွက် မက်သာဒုန်းကို ကျန်းမာရေးဌာနကနေ တိုက်ကျွေးနေ တာလည်း ဖြစ်ပါတယ်။

မိုးညှင်းမြို့နယ်အတွင်းမှာ ကျေးရွာအများစုမှာ အခုလိုမက်သာဒုန်းသောက်နေရသူတွေရှိနေပြီး မူလ ရည်ရွယ် ချက်ဖြစ်တဲ့ ဘိန်းဖြတ်ရေးနှင့် လျော့ချရေးအတွက်လည်း ထိရောက်မှုလုံးဝမရှိဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

“မက်သာဒုန်းက ဖြတ်တာမဟုတ်ဘူးလေ၊ လျော့ချတာလေ၊ အခုက သွားတာပဲ အဲ့တာ(မက်သာဒုန်း) သောက်ပြီး ရင်လည်း ပြန်လာတုတ်ကြတာပါ့၊  မက်သာဒုန်းလည်း သောက်တယ်။ ဖိုးလည်းလာသုံးတယ်။ ဘာမှလည်းမထူး ဘူး”  လို့ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသခံ တစ်ဦးက ပြောပါတယ်။

မိုးညှင်းမြို့နယ်အတွင်းမှာ မူးယစ်ဆေးဝါးတွေဟာ လွန်ခဲ့တဲ့ ၃ နှစ်ကနဲ့ နှိုင်းယှဉ်မယ်ဆိုရင် သုံးစွဲသူတွေ မြင့်တက် လာပေမယ့် လည်း ဖမ်းဆီးအရေးယူတာတွေလုံးဝမရှိသလို ရောင်းဝယ်သူတွေကိုလည်း ဖမ်းဆီးပြီး ပြန်လွှတ် ပေးမှုတွေရှိနေတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုမှုအရသိရပါတယ်။

ပြီးခဲဲ့တဲ့ ဩဂုတ်လတစ်လအတွင်းမှာပဲ မိုးညှင်းမြို့နယ်မှာ  နန့်စီးအောင် ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးပြား ကျပ်သိန်း နှစ်ထောင့်ရှစ်ရာကျော် ဖမ်းဆီးရမိခဲ့တာလည်း ဖြစ်ပါတယ်။

August 26, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ်အတွင်းရှိ Starlink (စတားလင့်ခ်) ဝိုင်ဖိုင်စက် အသုံးပြုခများကို...
ဓာတ်ပုံ – ရှမ်းနီအသံ
August 21, 2026
မြန်မာ - တရုတ်နယ်စပ် ကန်ပိုင်တည်မြို့မှ ဝင်ရောက်လာသည့် တရုတ်ကုန်ပစ္စည်းများကို ဗလမင်းထင်တံတား ၌...
ဓာတ်ပုံ - (ရှမ်းနီအသံ) မိုးညှင်းမြို့မဈေးအား ဩဂုတ်လအတွင်း တွေ့ရစဉ်
August 13, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း ပိတ်ဆို့နေသည်မှာ တစ်ပတ်နီးပါး ကြာမြင့်လာပြီး...
August 11, 2026
မန္တလေးမြို့သို့ စစ်ဘေးတိမ်းရှောင် ရောက်ရှိနေသည့် ဗန်းမော်မြို့မှ စစ်ဘေးရှောင်များကို...