ဟုမ္မလင်းမြို့နယ်အတွင်းမှာ ကုန်စျေးနှုန်း နှစ်ဆကျော်မြင့်တက်

ဟုမ္မလင်းမြို့နယ်အတွင်းမှာ ကုန်စျေးနှုန်း နှစ်ဆကျော်မြင့်တက်

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ဟုမ္မလင်းမြို့နယ်မှာ ရေလမ်းကြောင်းတွေ ပိတ်ထားလို့ ကုန်စျေးနှုန်းတွေ အရင်ကထက် နှစ်ဆကျော်မြင့်တက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဟုမ္မလင်းမြို့နယ်မှာ စက်တင်ဘာလ ဒုတိယပတ်ကစလို့ စားသောက်ကုန်စည်တွေရဲ့ ဈေးနှုန်း နှစ်ဆကျော်မြင့် တက်ခဲ့ပြီး  ကြက်ဥတစ်လုံးကို ၂၀၀၀ ကျပ် အထိ ဈေးနှုန်းမြင့်တက်ခဲ့တယ်လို့ ဟုမ္မလင်းဒေသခံတွေက ပြောပါ တယ်။

“ကြက်ဥက နောင်ပူအောင်မှာဆိုရင် တစ်လုံးကို ၂၀၀၀ အထိ ရောက်ခဲ့တယ်။ ဟုမ္မလင်းမှာကြတော့ တစ်လုံးကို ၁၅၀၀ အထိကို ရောက်ခဲ့တယ်။ အခုမှ တစ်ထောင်ဖိုးကို သုံးလုံး ပြန်ဖြစ်ခဲ့တာ” လို့ ဟုမ္မလင်းဒေသခံတစ်ဦးက ရှမ်းနီအသံကို ပြောပါတယ်။

စက်တင်ဘာလ ၁၁ ရက်နေ့က ဟုမ္မလင်းမြို့မှာ ပဲသီးတစ်ပိဿာကို ၄၅၀၀ ကျပ်၊ ခရမ်းသီး တစ်ပိဿာကို ၇၀၀၀ ကျပ်၊ ခရမ်းချဥ်သီး တစ်ပိဿာကို ၁၈၀၀၀ ကျပ်အထိ မြင့်တက်ရာကနေ လက်ရှိမှာတော့ စျေးနှုန်းပြန် လည်ကျဆင်းလာတယ်လို့ ဆိုပါတယ်။

ဓာတ်ဆီဈေးနှုန်းများဟာ လွန်ခဲ့တဲ့ လေးရက်က တစ်လီတာကို တစ်သောင်းသုံးထောင်ကျပ်အထိ မြင့်တက် နေခဲ့ကာ လက်ရှိမှာတော့ ၇၀၀၀ ကျပ်ဝန်းကျင်ရှိနေတယ်လို့ ဆိုပါတယ်။

ဟုမ္မလင်းမြို့နယ်အတွင်း ကုန်စည်ဝင်ရောက်နိုင်တဲ့ လမ်းတွေမှာ ကုန်တင်သင်္ဘောများ ပိတ်ဆို့ခံထားရတာ၊ ကုန်းလမ်းအသုံးပြုပြီး သယ်ယူလို့မရနိုင်တာကြောင့် စျေးနှုန်းမြင့်တက်လာခြင်းဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“ဘာကြောင့်တက်သလဲဆိုတော့ လှေတွေတက်တဲ့ ရေလမ်းကြောင်းကို သူတို့တွေက ပိတ်ထားတာကြောင့်မို့လို့ ဈေးတက်တယ်လို့ သူတို့တွေက ပြောကြတယ်။ အခု ကုန်တင်သင်္ဘောတွေ ကပ်ထားရတာကြာပြီ။ တချို့ ရောက်ခဲ့တဲ့ ကုန်ပစ္စည်းတွေဆိုလည်း ပုပ်သိုးကုန်ပြီလေ။ ဒါကြောင့်မို့လို့ အခု ဆီတွေ ဘာတွေကော မတက်ခိုင်း ဘူး သူတို့တွေက ပိတ်ထားတယ်လို့ ဆိုင်ရှင်တွေ ပြောလို့သိရတာ” လို့ နန့်တောဒေသခံ တစ်ဦးက ပြောပါတယ်။      

အခြေခံကုန်စျေးနှုန်း ကြီးမြင့်မှုတွေဟာ ဒေသတွင်း စစ်ရေးကြောင့် ကုန်သွယ်ရေးတွေအတွက် လမ်းပိတ်ထား တာ၊ လမ်းပိုင်းမှာ ငွေကြေးအဆမတန် တောင်းခံမှုတွေ ရှိနေတာအပြင် လမ်းပိုင်းကြန့်ကြာမှုတွေကြောင့် မြင့်တက်လာရခြင်း ဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။

ဟုမ္မလင်းမြို့နယ်ရဲ့ အခြေခံကုန်စျေးနှုန်းတွေဟာ တခြားဒေသနဲ့ နှိုင်းယှဉ်မယ်ဆိုရင် အမြဲမြင့်တက်နေတဲ့ ဒေသ တစ်ခုလည်း ဖြစ်ပါတယ်။

Most read this week

Photo credit - CJ
December 3, 2025
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့မှာ  မြို့သိမ်းတိုက်ပွဲတွေကြောင့် ထွက်ပြေး...
December 1, 2025
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်အတွင်းမှာ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်...
November 19, 2025
မိုးညှင်းမြို့နယ် နမ္မားမြို့ ရဲစခန်းကို KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက ဒီနေ့ မနက် အစောပိုင်းမှာ...
Photo credit - CJ
November 18, 2025
ဗန်းမောက်မြို့နယ်အတွင်းမှာ စက်သုံးဆီတစ်ပေပါ ကျပ်သိန်း (၃၀) ကျော်အထိစျေးနှုန်းမြင့် တက်နေတယ်လို့...