၁၀ နှစ်နီးပါးရှိလာတဲ့ အင်းတော်ကြီး နန့်မွန်းမြို့ရှိ နန့်မွန်းနှစ်ခြင်း IDPs စခန်း အပြီးပိတ်သိမ်း

၁၀ နှစ်နီးပါးရှိလာတဲ့ အင်းတော်ကြီး နန့်မွန်းမြို့ရှိ နန့်မွန်းနှစ်ခြင်း IDPs စခန်း အပြီးပိတ်သိမ်း

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ နန့်မွန်းမြို့ရှိ နန့်မွန်းနှစ်ခြင်း IDPs စခန်းကို စစ်ရှောင်တွေ နေရပ်ပြန်သွားပြီ ဖြစ်လို့ အပြီးပိတ်သိမ်းလိုက်ပါတယ်။

နန့်မွန်းနှစ်ခြင်း IDPs စခန်းမှာ နေထိုင်ကြတဲ့ စစ်ဘေးရှောင် အိမ်ထောင်စု (၁၁) စုဟာ အသီးသီး ရွှေ့ပြောင်း သွား ကြပြီ ဖြစ်သောကြောင့် စခန်းကို ပိတ်သိမ်းလိုက်ပြီလို့ နန့်မွန်း အုပ်ချုပ်ရေးမှုးများထံမှ သိရပါတယ်။

“သူတို့ ရွှေ့သွားလိုက်ပြီ မိုးညှင်းကိုရွှေ့တဲ့လူလည်း ရွှေ့သွားတယ်။ နောက်ပြီးတော့ သူတို့ ဆွေမျိုးသားချင်းရှိတဲ့ အိမ်တွေကို ရွှေ့သွားတဲ့သူလည်းသွားတယ်။ နောက်ပြီး အိမ်ထောင်ကျပြီး ယောက်ကျား နောက်လိုက်သွားတဲ့ သူလည်း သွားတယ်” ဟု နန့်မွန်းမြို့ ရပ်ကွက် (၄) အုပ်ချုပ်ရေးမှူးက ပြောပြပါတယ်။

ဇွန်လ ၆ ရက်နေ့ကစတင်ပြီး တစ်ချို့အိမ်ထောင်စုများက ရွှေ့ပြောင်းမှုပြုလုပ်ပြီး ဇွန်လ (၂၁)ရက်နေ့တွင် ကျန်ရှိ နေတဲ့ အိမ်ထောင်စုများက အသီးသီးရွှေ့ပြောင်းခဲ့ကြတာဖြစ်တယ်လို့  ဆိုပါတယ်။

ပြောင်းရွှေ့သွားတဲ့ စစ်ဘေးရှောင်တွေဟာ မိုးညှင်းမြို့ပေါ်ကို အိမ်ထောင်စု (၈) စု၊ အင်းတော်ကြီးဒေသ မိုင်းနောင် ကျေးရွာကို အိမ်ထောင်စု (၂) စုနဲ့ အင်းတော်ကြီးမြို့ (လုံးတုံ) သို့ ရွှေ့ပြောင်းနေထိုင်သူများလည်း ရှိသလို ကျန် ဒေသများသို့ သွားရောက်နေထိုင်သူတွေလည်း ရှိနေပါတယ်။

“ရှမ်းပြည်ထိ ပြန်မယ့်သူလည်းရှိတယ်။ သူ့ကို ဘုရားကျောင်းက လမ်းစရိတ်အနေနဲ့ ငါးသိန်းလားမသိဘူး ထုတ် ပေးလိုက်တယ် လူကယ်ပြန်ကလည်း အရွှေ့အပြောင်းလုပ်တဲ့အခါ တော်တော်လေးကို ကူညီပေးပါတယ်” ဟု အုပ်ချုပ်ရေးမှုးက ဆက်ပြောပါတယ်။

ရွှေ့ပြောင်းမှုဆိုင်ရာ ကိစ္စရပ်များကို နန့်မွန်းမြို့နှင့် မိုးညှင်းမြို့နယ် မှ အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတွေက ကူညီ ဆောင်ရွက်ပေးမှုတွေ ပြုလုပ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

အဆိုပါ စစ်ဘေးရှောင်တွေက ၂၀၁၂ -၂၀၁၃ခုနှစ်က  ကချင်ပြည်နယ် ဝိုင်းမော်မြို့တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများ ကြောင့် လာရောက် ရွှေ့ပြောင်းနေထိုင်နေသူများ ဖြစ်ကာ (၁၀) စုနှစ် တစ်ခုကျော်အကြာ နေထိုင်သွားကြတာ လည်း ဖြစ်ပါတယ်။

ဓာတ်ပုံ - (ရှမ်းနီအသံ) မိုးညှင်းမြို့မဈေးအား ဩဂုတ်လအတွင်း တွေ့ရစဉ်
August 13, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း ပိတ်ဆို့နေသည်မှာ တစ်ပတ်နီးပါး ကြာမြင့်လာပြီး...
August 11, 2026
မန္တလေးမြို့သို့ စစ်ဘေးတိမ်းရှောင် ရောက်ရှိနေသည့် ဗန်းမော်မြို့မှ စစ်ဘေးရှောင်များကို...
August 11, 2026
ရေကြီးရေလျှံမှုဖြစ်ပွား၍ ရေဘေးသင့်နေသည်မှာ ရက်သတ္တပတ် ကြာမြင့်လာပြီဖြစ်သော စစ်ကိုင်းတိုင်း...
ရှမ်းနီအသံ (ဟုမ္မလင်းမြို့နယ်၊ နမ့်တောဒေသတွင် ရေကြီးနေသည့်ပုံရိပ်များ)
August 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး...