ဆားတောင်တွင် PDF တပ်ဖွဲ့ဝင် ၂ ဦးပစ်သတ်ခံရ

ဆားတောင်တွင် PDF တပ်ဖွဲ့ဝင် ၂ ဦးပစ်သတ်ခံရ
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦး ပစ်သတ်ခံလိုက်ရပြီး သိမ်းဆည်းခံလိုက်ရသည့် လက်နက်ပစ္စည်း
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦး ပစ်သတ်ခံလိုက်ရပြီး သိမ်းဆည်းခံလိုက်ရသည့် လက်နက်ပစ္စည်း

စစ်ကိုင်းတိုင်းဒေသကြီး ဆားတောင်မြို့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF တပ်သား၂ ဦး ပစ်သတ်ခံ လိုက် ရသည်။

သတ်ဖြတ်ခံရသည့် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦးသည် ဆားတောင်မြို့မစျေး အနီးရှိ မိုဘိုင်းလ်ဖုန်းဆိုင်းတစ်ဆိုင် တွင် ဖုန်းသွားဝယ်ခဲ့စဉ် ပျူစောထီး ၂ ဦးက ပစ်ခတ်သွားခြင်း ဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက KNG ကို ပြော သည်။

“သူတို့က ဖုန်းဆိုင်တစ်ခုမှာ ဖုန်းသွားဝယ်တယ်။ အဲ့ဒါကို နောက်ကနေ ပျူကလည်ပင်းကို တေ့ပစ်လိုက်တယ်။ နှစ်ယောက်စလုံး အဲ့နားမှာတင် ပစ်သတ်လိုက်တယ်။ ကိုယ့်ဘက်က အဖွဲ့တွေကတော့ အလောင်းကို ရအောင် သွားကောက်ခဲ့တယ်“ ဟု ပြောသည်။

ထို PDF တပ်ဖွဲ့ဝင် နှစ်ဦးသည် ဇွန်လ ၂၅ ရက်နေ့တွင် သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်ခံလိုက်ရခြင်း ဖြစ်သည်။

အဆိုပါ ပစ်ခတ်ခံရမှုတွင် သေဆုံးသွားသည့် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦးမှာ ဆားတောင် မိုးကြိုး ပြည်သူ့ ကာ ကွယ်ရေးတပ်ဖွဲ့မှ ဟိန်းမျိုးထက်နှင့် ငြိမ်းချမ်းကို (ခ) ပေါက်စ တို့ ဖြစ်ကြသည်။

“ရုပ်အလောင်းကတော့ ပြန်ရတာသေချာပါတယ်။ ပါသွားတဲ့ သေနတ်တွေတော့ ပြန်မရခဲ့ဘူး။ နေ့ချင်းပဲ သင်္ဂြိုလ် လိုက်တယ်လို့ သိရတယ်။ ဖုန်းသွားဝယ်တာလည်း ဖြစ်နိုင်ပါတယ်။ အခြေအနေက အရင် အခြေအနေနဲ့ မတူဘူး။ ကျနော်တို့ဘက်က ဆင်ခြင်ရမှာ။ ဒီလိုထွက်သွားတော့ သူတို့က အသာလေး ကပ်လုပ်သွားတာလို့ ကြားတယ်” ဟု Zero ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆက်ပြောသည်။

ပြီးခဲ့သော ဇွန်လ ၁၅ ရက်နေ့တွင်လည်း ဆားတောင်မြို့ အနီးတဝိုက်တွင်ရှိသော ကျေးရွာများတွင် စစ်ကောင်စီ တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ အကြား ၃ ရက်ကြာ တိုက်ပွဲပြင်းထန်ခဲ့ပြီး ထိုတိုက်ပွဲတွင် စစ်ကောင်စီ ဘက်က စစ်ကြောင်းမှူး အပါအဝင် ၃၀ ဦးထက် မနည်းသေဆုံးခဲ့သည်။

ထို့ကြောင့် လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့က ဆားတောင်မြို့ပေါ်တွင် စစ်အင်အားအများအပြားဖြင့် စစ်ရေး လှုပ်ရှားမှု လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ် ထောက်ခံသူများ၏ သတင်းဌာနများတွင် ဆားတောင်မြို့တွင် စစ်ကောင်စီဘက်က ကင်း လှည့်နေစဉ်  ဆက်ကြေးကောက်နေသည့် PDF တပ်ဖွဲ့ဝင်များကို ပစ်ခတ်ဖမ်းဆီးနိုင်ခဲ့ပြီး လက်နက်အချို့ကိုလည်း သိမ်းဆည်းရမိသည်ဟု ရေးသားဖော်ထားသည်ကို တွေ့ရသည်။

ဓါတ်ပုံ - ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦး ပစ်သတ်ခံလိုက်ရပြီး သိမ်းဆည်းခံလိုက်ရသည့် လက်နက်ပစ္စည်း

August 14, 2026
ကချင်ပြည် အတွင်းရှိ မြို့နယ် ၅ ခု၌ စစ်အုပ်စုတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)...
August 13, 2026
ပထမတစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ပြီးနောက် မိနစ်အနည်းငယ်အတွင်းမှာပင် ထိုနေရာသို့ ဒုတိယအကြိမ် ပြန်လာ...
ဓာတ်ပုံ - ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့ဝင်အချို့ကို တွေ့ရစဉ် (Crd)
August 13, 2026
ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးသတ်ဖြတ်လိုက်သည့် နောင်းမီဒေသခံ အရပ်သား ၄ ဦး၏ ရုပ်အလောင်းကို...
ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားများကို ဆင်ဖြင့် ဆွဲတင်နေသည့် မြင်ကွင်း
August 11, 2026
ကချင်ပြည်နှင့် စစ်ကိုင်းတိုင်းကို ဆက်သွယ်ထားသည့် မြစ်ကြီးနား - မန္တလေး ကားလမ်းတွင် စစ်ရေးအခြေအနေ...