စစ်တပ်အုပ်ချုပ်နေသည့် အင်းတော်-ဗန်းမောက် ကားလမ်းဘေးရှိ ရွာများတွင် စပါးပျိုးကြဲရန် အခက်ခဲဖြစ်နေ

စစ်တပ်အုပ်ချုပ်နေသည့် အင်းတော်-ဗန်းမောက် ကားလမ်းဘေးရှိ ရွာများတွင် စပါးပျိုးကြဲရန် အခက်ခဲဖြစ်နေ
ပုံဟောင်းအသုံးပြုထားသည်
ပုံဟောင်းအသုံးပြုထားသည်

အင်းတော်မြို့နယ်တွင် စစ်ကောင်စီတပ် စစ်ရေးလှုပ်ရှားနေသောကြောင့် အင်းတော် –ဗန်းမောက် ကားလမ်းပိုင်း တလျှောက်ရှိ တောင်သူများ စပါးပျိုးကြဲရန် အခက်ခဲနေကြသည်။

ယခုနှစ် မတ်လမှစပြီး အင်းတော်မြို့နယ် နန့်သာရွာတွင် အင်အား ၁၀၀ ကျော်ပါ စစ်ကောင်စီစစ်ကြောင်းသည် အရပ်သားများကိုတွေ့ပါက ပစ်ခတ်ခြင်း၊ ဖမ်းဆီးခြင်းများ ပြုလုပ်နေသောကြောင့် အင်းတော်–ဗန်းမောက် ကား လမ်းပိုင်းရှိ ဒေသခံပြည်သူများသည် ပျိုးကြဲခွင့်မရပဲ အခက်ခဲဖြစ်နေသည်ဟု အောင်းကုန်းကျေးရွာမှ အမျိုးသား တစ်ဦးက KNG ကို ပြောသည်။

“ဘယ်လိုအခက်အခဲ ကြုံသလဲဆိုတော့သူတို့က အရိပ်အယောင်မြင်တာနဲ့ပစ်တာ။ ကျွန်တော်တို့ တောင်သူတွေ ကတော့ မိုးကျပြီဆိုတော့ လယ်တွေဘာတွေလည်းလုပ်ချင်ကြပြီလေး အဲ့လိုဆိုတော့ သူတို့က လူအရိပ် အယောင်မြင်ရင် ပစ်တယ်။ သူတို့ရဲ့ ရန်သူသတ်မှတ်ပြီးတော့ ပစ်တယ်။ အခက်အခဲဖြစ်တယ်။ အခုက ပျိုးကြဲ ချိန်ရောက်ပြီ ခုထိလူတွေက အကြောက်တရားနဲ့ ရင်ဆိုင်နေရပြီး လယ်ထဲမဆင်းရဲ ကြသေးဘူး” ဟု ပြော သည်။

ပျိုးကြဲရန် ခက်ခဲနေသော ကျေးရွာများမှာ အောင်းကုန်း၊ နန့်သာ၊ အင်ဘင်၊ ရွာသာရွာ၊ မော်တိတ်၊ ကျွန်းတော၊ မြသီတာ၊ တုံ့တော်စသည်တို့ ဖြစ်သည်။

ပုံမှန်အားဖြင့် မော်တိတ်ဒေသတွင် လက်ရှိရာသီ၌ ပျိုးကျဲ၊ ထယ်ထိုးစသည့်လုပ်ငန်းများ တစ်ဝက်ခန့် ပြီးစီးနေပြီ ဖြစ်သော်လည်း ယခုနှစ်သည် စစ်ကြောင်းဝင်ရောက်နေမှုကြောင့် လုပ်ငန်းမစတင်နိုင်သေးကြောင်း တုံ့တော် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ခါတိုင်းပုံမှန်နှစ်လိုဆိုရင် ဒီချိန် ပျိုးတွေထောင်ပြီဗျ လယ်ယာမြေတွေထယ်ထိုးကြပြီပေါ့။ ထွန်စက်ကြီးတွေနဲ့ တနိုင်တပိုင်ကျွဲ၊နွားတွေနဲ့ တောင်သူတွေက နိုးနိုးကြွကြွလုပ်နေကြပြီ။ လယ်စိုက်တာကတော့ ဝါခေါင်လဆိုတာ နောက်ဆုံးပဲ။ နှစ်တိုင်းလိုဆို အခုက မရန်းစပါးတွေ အစောပေါတဲ့ စပါးတွေ စိုက်ကြပြီ။ အခုတော့ ဘယ်သူမှ မစိုက်နိုင်သေးဘူး” ဟု ပြောသည်။

မော်တိတ်ဒေသ၌ ဝင်နေသည့်စစ်ကြောင်းသည် အရပ်သားများကိုတွေ့ပါက ပစ်သတ်ခြင်း၊ ဖမ်းဆီးခြင်း၊ လူသား ဒိုင်း ပြုလုပ်ခြင်း ကျူးလွန်နေသောကြောင့် ဒေသခံများသည် စစ်ကြောင်းနှင့်တိုးမည်ကို စိုးရိမ်နေရခြင်း ဖြစ် သည်။

ထို့အပြင် စစ်ကောင်စီတပ် အထိုင်ချထားသည့် နန့်သာကျေးရွာတွင်လည်း အရပ်သား ၂၀၀ ခန့်လက်ရှိချိန်ထိ ပိတ်မိနေဆဲ ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ဓာတ်ပုံ - ပင်လည်ဘူးမြို့နယ် ဩဂုတ်လ ၁၆ ရက်နေ့က လေကြောင်းတိုက်ခိုက်ခံရသည့် အခြေအနေ။
August 18, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်အစပ်ရှိ ပင်လည်ဘူးမြို့နယ်၊ ကင်းပန်းကျေးရွာ ယခုရက်ပိုင်းအတွင်း...
ဓါတ်ပုံ - ရွှေကူမြို့တွင်း မြင်ကွင်းတစ်ခုအား တွေ့ရစဉ်။
August 17, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် တိုက်ပွဲများကြောင့် လမ်းပိုင်း ပိတ်ဆို့ထားသဖြင့် ကျေးရွာများ၌ အစား...
August 14, 2026
ကချင်ပြည် အတွင်းရှိ မြို့နယ် ၅ ခု၌ စစ်အုပ်စုတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)...
August 13, 2026
ပထမတစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ပြီးနောက် မိနစ်အနည်းငယ်အတွင်းမှာပင် ထိုနေရာသို့ ဒုတိယအကြိမ် ပြန်လာ...