စစ်ကောင်စီတပ်လက်နက်ကြီးကြောင့် ၁၂ အရွယ် ကလေးငယ်တစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရ

စစ်ကောင်စီတပ်လက်နက်ကြီးကြောင့် ၁၂ အရွယ် ကလေးငယ်တစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် တောင်ပိုင်းရှိ ရွာတန်းရှည်ကျေးရွာတွင် ဇွန်လ ၇ ရက်နေ့၊ နံနက် ၉ နာရီခွဲ ဝန်းကျင်က စစ်ကောင်စီတပ် ပစ်ခတ်လိုက်သော လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးပြီး မိသားစုဝင် ၂ ဦးဒဏ်ရာရရှိခဲ့ကြသည်။

ကော့ကရိတ်မြို့ လှိုင်းဝကုန်းရှိ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်သည် နေအိမ်တစ်လုံး ခေါင်မိုးပေါ် တည့်တည့်တွင် ကျရောက် ပေါက်ကွဲခဲ့သဖြင့် အသက် ၁၂ နှစ်အရွယ် စောကျော်သန်းအောင်မှာ ပွဲချင်းပြီးသေဆုံးကာ မိခင်ဖြစ်သူဒေါ်တပီ (၄၃) နှစ်နှင့် ညီမဖြစ်သူ နန်းရေဝတီ (၄) နှစ်တို့ ဒဏ်ရာအသီးသီးရရှိခဲ့ သည်ဟု ရွာသားများက ပြောသည်။

ရွာတန်းရှည်ကျေးရွာသားတစ်ဦးက “ကျနော်တို့ရွာက မိသားစုဝင်အိမ်တစ်လုံး‌ ပေါ် တည့်တည့်မှာ ကျတယ်။ မိ သားစုဝင် ၃ ဦးထိတယ်။ အမျိုးသမီးကြီးတစ်ဦး၊ သူ့ သားတစ်ဦးနှင့်သမီးတစ်ဦးထိတယ်။ သားကတော့ ပွဲချင်း ပြီး အဲ့မှာပဲ ဆုံးသွားတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ကော့ကရိတ်မြို့နယ် တောင်ပိုင်းဒေသဘက်တွင် ကော့ကရိတ်မြို့အခြေစိုက် စစ်ကောင်စီတပ်များ၏ လက်နက် ကြီး ပစ်ခတ်မှုကြောင့် ဒေသခံအရပ်သားပြည်သူများနှင့် အိမ်မွေးတိရစ္ဆာန်များ မကြာခဏ အသက်ဆုံးရှုံးခဲ့ ရသ လို လူနေအိမ်များလည်း လက်နက်ကြီးကျည်ထိမှန် ပျက်စီးခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

“ကျနော်တို့ ပြည်သူတိုင်း ခံစားနေရတယ်။ ကော့ကရိတ်တောင်ပိုင်းက ပြည်သူတွေ အခုလို ထိခိုက် သေဆုံးမှု မျိုးဟာ တောက်လျှောက်ကြုံနေရတယ်။ ထိခိုက် ဒဏ်ရာ ရတာ အယောက် ၄၀ ကျော်၊ ၅၀ရှိပြီ။ သေဆုံးသွား တာလည်း အယောက် ၁၀ ကျော်၂၀ ရှိတယ်။ အခုလိုကြုံတွေ့ရတာ စိတ်မကောင်းဖြစ်ကြတယ်” ဟု ဒေသခံ တစ်ဦးက ပြောသည်။

ဇွန်လ ၇ ရက်နေ့၊ နံနက်ပိုင်းမှစ၍ ကော့ကရိတ်မြို့အခြေစိုက် ခလရ (၉၇)တပ်နှင့် လှိုင်ဝ အ‌မြှောက်ကုန်းမှ စစ်ကောင်စီတပ်များသည် မြို့၏ဘေးပတ်ဝန်းကျင်ရှိ ကျေးရွာများဘက်သို့ လက်နက်ကြီးဖြင့် အဆက်မပြတ် ပစ်ခတ်မှုပြုလုပ်ခဲ့သည်ဟု ကော့ကရိတ်မြို့ခံများက ပြောသည်။

အလားတူ ဇွန်လ ၆ ရက်နေ့တွင်လည်း ကော့ကရိတ်မြို့ တောင်ပိုင်းရှိ ခုဒုံရွာ ဆံဖလားစာသင်ကျောင်းအား လေယာဥ် ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဥ်အပြီး နံနက် ၉ နာရီ အချိန်ခန့်တွင် ခနိမ်းမှု၊ တတန်ကူး၊ ဆင်ကုန်း ကျေးရွာ များဘက်သို့ ကော့ကရိတ် ၉၇ တပ်က လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်သည့်အတွက် တောင်ယာကုန်းမှ အင်ဥရှာပြန် လာသည့်ဒေသခံ အမျိုးသမီး ၁ ဦး လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့သည်ဟု ဒေသခံ သတင်းအရင်းအမြစ်က ပြောသည်။

ထို့သို့ စစ်ကောင်စီတပ်၏ အမြဲလိုလို လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်သောကြောင့် ကော့ ကရိတ်မြို့နယ်ရှိ ဒေသခံများ ထိခိုက်သေဆုံးမှုများ လာသလို နေအိမ်များပျက်စီးခြင်းနှင့် နေအိမ်များမီးရှို့ခံရခြင်း‌ တို့ ကြောင့် ဒေသခံအရပ်သားပြည်သူများမှာ ဘဝရပ်တည်ရေးအတွက် အခက်အခဲရှိ လာနေကြသည်ဟု ဆိုသည်။

December 23, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)/ သထုံခရိုင်ရှိ ကျေးရွာနှစ်ရွာသို့ ယမန်နေ့ (ဒီဇင်ဘာလ...
December 22, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ CDM ဆရာမနှင့်အမျိုးသားဖြစ်သူကို လူသတ်မှုကျူးလွန်ခဲ့သည့်...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဖလူးကျေးရွာအုပ်စု၊ ဖလူးလေးကျေးရွာထိပ်ပိုင်းတွင် ယနေ့ ဒီဇင်ဘာ...