ကရင်နီနယ်ကို ပွိုင့် 5 ရောက်ပြီ

ကရင်နီနယ်ကို ပွိုင့် 5 ရောက်ပြီ

ကရင်နီနယ်ကို ပွိုင့် 5 ရောက်ပြီဖြစ်ကြောင်း KNDF က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီ၏ လေကြောင်း ထောက်ပို့ကို ဖြတ်တောက်ရန် ပြည်သူများထံမှ အလှူငွေကောက်ခံကာ ပွိုင့် 5 ဝယ်ယူရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

ကရင်နီပွိုင့်5 ဟုအမည်ရှိသည့် ပရောဂျက်ကို NUG အစိုးရ တာဝန်ရှိသူများ၊ တော်လှန်ရေးအင်အားစုများက ဝန်းရံကာ လှုံ့ဆော်ခဲ့ပြီး ဒေါ်လာလေးသိန်း ရရှိရန် ရည်မှန်းခဲ့သော်လည်း ပရောဂျက်ပြီးဆုံးချိန်တွင် ဒေါ်လာ သုံးသိန်းသာ ရရှိခဲ့သည်။

ရရှိခဲ့သော ငွေကြေးဖြင့် ပွိုင့် 5 နှစ်လက်ကို ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ကျည်ဆန်များလည်း ထပ်မံဝယ်ယူခဲ့သည်။

KNDF ဗျူဟာ ၁ မှ တာဝန်ရှိသူက “ကရင်နီပွိုင့် 5 မှာ ဝါဝင်ပေးတဲ့တစ်ဦးချင်းစီတိုင်းကို အမှတ် ရနေမှာပါ။ ရရှိလာတဲ့ ကရင်နီပွိုင့် 5 လက်နက်များ ဟာလည်း ကျနော်တို့ပြည်နယ် လွတ်မြောက်ခြင်း၊ မြန်မာပြည်ကြီး လွတ်မြောက်ခြင်း၊ စစ်အာဏာရှင် လက် အောက်က လွတ်မြောက်ခြင်းစတဲ့ ရည်မှန်းချက်ကို အကောင်အထည် ဖော်သွားမှာပါ” ဟု ပြောသည်။

ပွိုင့် 5 ၏ အဓိက စွမ်းဆောင်ချက်များမှာ စကစ၏ စစ်ဆင်ရေး အသက်ဆက်ရန် ရဟတ်ယာဉ်ဖြင့် အင်အား ဖြည့်တင်းခြင်းကို ရပ်တန့်နိုင်ခြင်း၊ ဝေဟင်ကလာမည့် ထောက်ပို့လမ်းကြောင်း များကိုဖြတ်တောက်နိုင်ခြင်း၊ မြေပြင်စစ်ဆင်ရေးကလာမည့် သံချပ်ကာတင့်ကားများကို ရာနှုန်းပြည့်တိုက်ခိုက်ချေမှုန်းနိုင်ခြင်းများ ဖြစ်သည်။

ယင်းလုပ်ငန်းများကို လုပ်ဆောင်နိုင်မည် ဆိုပါက တော်လှန်ရေး၏ အဓိကရည်မှန်းချက်ဖြစ်သည့် နယ်မြေ စိုးမိုးနိုင်မှုနှင့် လွတ်မြောက်နယ်မြေ ဖော်ဆောင်နိုင်မည့် အပြင် ဖယ်ဒရယ်ပြည်ထောင်စု၏ ရှေ့ပြေး လမ်းပြ ဖြစ်သည်အထိ အောင်မြင်မှုများရရှိမည်ဖြစ်ကြောင်း KNDF က ဆိုသည်။

ကရင်နီပွိုင့် 5 ပရောဂျက်မှာ သတ်မှတ်ငွေကြေး မရရှိခဲ့သော်လည်း ရရှိသည် ငွေကြေးဖြင့် ဝယ်ယူနိုင်ခဲ့ ကြောင်း၊ ကပ်ပိန်းသတ်မှတ်ရက် ပြည့်သော်လည်း ပြည်သူများ၏ တောင်းဆိုမှုကြောင့် အလှုငွေများကို ဆက် လက် လက်ခံနေသည်ဟု ကရင်နီ ပွိုင့် 5 က သတင်းထုတ်ပြန်ထားသည်။

April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...