ကချင်ပြည်နယ် ချီဖွေချောင်းတွင် ရွှေအလွန်အကျွံတူးဖော်နေမှုသဘာဝပတ်ဝန်းကျင်အား ထိခိုက်ပျက်စီးအောင် လုပ်ဆောင်နေကြသည့် စီးပွားရေးလုပ်ငန်းများကို အရေးယူ ပေးရန် တောင်းဆို

ကချင်ပြည်နယ် ချီဖွေချောင်းတွင် ရွှေအလွန်အကျွံတူးဖော်နေမှုသဘာဝပတ်ဝန်းကျင်အား ထိခိုက်ပျက်စီးအောင် လုပ်ဆောင်နေကြသည့် စီးပွားရေးလုပ်ငန်းများကို အရေးယူ ပေးရန် တောင်းဆို

ဇွန်လ ၅ ရက်နေ့ ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ သဘာဝပတ်ဝန်းကျင်နေ့ (World Environment Day) အထိမ်းအမှတ်အဖြစ် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးအောင် လုပ်ဆောင်နေကြသည့် စီးပွားရေးလုပ်ငန်း များနှင့် လုပ်ငန်းရှင်များအား ထိရောက်စွာအရေးယူရန် Kachin National Forum (KNF) က တောင်းဆိုလိုက် သည်။

“အရင် အရပ်သားအစိုးရရှိနေတဲ့အချိန်တုန်းကတော့ အပြည့်အဝ ဖြေရှင်းမပေးနိုင်ပေမယ့် သူ့ဟာနဲ့သူတော့ တာဝန်ယူမှု ရှိနေသေးတယ်။ အခုက အရမ်းဆိုးသွားပြီ။ ပြောရမယ်ဆိုရင် အထိန်းအကွတ်မဲ့သလို ဖြစ်သွားတဲ့ အချိန်ဘယ်သူမှ တာဝန်မယူနိုင်တော့တဲ့အတွက် ဧရာဝတီမြစ်ကို ကြည့်လိုက်တာနဲ့ သိသိသာသာကို ပြောင်းလဲ နေတာတွေ့ နေရတယ်” ဟု KNF တာဝန်ရှိသူတစ်ဦးက ပြောသည်။

သဘာဝပတ်ဝန်းကျင် ထိခိုက်စေသည့် မြေရှားသတ္တုတူးဖော်ခြင်း၊ ရွှေ နှင့် ကျောက်စိမ်း တူးဖော်ခြင်း၊ တရုတ် တစ်သျှူးငှက်ပျော စိုက်ခင်းလုပ်ခြင်း၊ သစ်တောဖြုန်းတီးခြင်း အလွန်အကျွံ ပြုလုပ်နေသည့် လုပ်ငန်းများ စီးပွား ရေး လုပ်ငန်းရှင်များအား နိုင်ငံတစ်ကာအရပ်ဘက်အဖွဲ့အစည်းများအနေဖြင့် ထိထိရောက်ရောက် အရေးယူပေး ကြရန်အတွက်လည်း KNF မှ ထပ်မံတိုက်တွန်း ပြောဆိုသည်။

ထို့ကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးစေသည့် လုပ်ငန်းများ ရပ်တန့်ပေးရန် သက်ဆိုင်ရာ အဖွဲ့အစည်းများမှ တာဝန်ယူဖြေရှင်းပေးစေလိုကြောင်း KNF မှ တောင်းဆိုထားခြင်းဖြစ်သည်။

ယနေ့ကျရောက်သည့် World Environment day အထိမ်းအမှတ်ကို ကချင်ပြည်နယ်အတွင်းရှိ နေရာအချို့တွင် အရပ်ဖက်အဖွဲ့အစည်းများ ဦးဆောင်ပြီး အပင်စိုက်ခြင်း၊ အမှိုက်ကောက်ခြင်း လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြသည်။

ကချင်ပြည်နယ်တွင် စစ်တပ်အာဏာပြီးနောက် ရွှေနှင့် သတ္တုတူးဖော်မှု ပိုမို များပြားလာပြီး မြစ်ဆုံအထက် ခမ်ဘူးဒေသတစ်ခုထဲတွင် ရွှေလုပ်ကွက်ပေါင်း ၂၀၀ ကျော်ရှိကာ လုပ်ငန်းရှင် ၇၀ ဝန်းကျင်ရှိကြောင်း မြန်မာ့ သတ္တုစောင့်ကြည့်ရေးကွန်ယက်၏ ပြီးခဲ့သည့် မေလ သုတေသနပြုချက်အရ သိရသည်။

ထို့အပြင် ဧရာဝတီမြစ် အထက်ဘက်ဖြစ်သည့် တောင်ပေါ်ဒေသများတွင်လည်း မြေရှားတူးဖော်မှုများ၊ ဖားကန့်ဒေသအတွင်း ကျောက်စိမ်းတူးဖော်မှုများအပြင် တရုတ်သစ်လျှူးငှက်ပျောစိုက်ပျိုးခြင်းများ သစ်ပင်များခုတ် ခြင်း အစရှိသည့် သဘောဝပတ်ဝန်းကျင်ဖျက်ဆီးမှုများသည် အာဏာသိမ်းပြီးနောက်ပိုင်း ပိုမိုများလာလျှက် ရှိကြောင်း ISP MYANMAR နှင့် GLOBAL WITNESS များ၏ သုတေသနပြုချက်များတွင် ဖော်ပြထားသည်။

ဓါတ်ပုံ - ကချင်ပြည်နယ် ချီဖွေချောင်းတွင် ရွှေအလွန်အကျွံတူးဖော်နေမှု

April 25, 2026
ဂျာဘောက်ရာ — ရှမ်းမြောက်၊ နမ့်ဖတ်ကာမြို့မှာ ကိုးကန့်ရဲ့ ရုံးထားရှိမှာဖြစ်ပေမယ့် KIO ရဲ့...
April 24, 2026
စစ်ကိုင်းတိုင်း၊ ကသာမြို့မှာ စစ်ကောင်စီတပ်ရဲ့စည်းရုံးရေးတပ်လို့ဆိုကာ ဧရာဝတီမြစ်နံဘေး...
April 23, 2026
ဖားကန့် မှာ စစ်ကြောင်းထိုးပြီး စစ်ရေးလှုပ်ရှားနေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေ...
April 22, 2026
စစ်ကိုင်းနဲ့ကချင်အစပ်မှာရှိတဲ့ ကသာမြို့ကို ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က...