မော်တိတ်ကျေးရွာအနီး စစ်တပ်ကအပြည့်အဝထိန်းချုပ်နိုင်ရန် စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်လာ

မော်တိတ်ကျေးရွာအနီး စစ်တပ်ကအပြည့်အဝထိန်းချုပ်နိုင်ရန် စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်လာ

ကချင်-စစ်ကိုင်းနယ်စပ် အင်းတော်မြို့နယ် မော်တိတ်ကျေးရွာအုပ်စုတွင် စစ်တပ်က အပြည့်အဝထိန်းချုပ်ရန် စစ်အင်အားဖြည့်ခြင်း၊ စစ်ရေးလှုပ်ရှားခြင်းများ သိသိသာသာ လုပ်ဆောင်လာကြောင်း ဒေသခံများ ပြောသည်။

စစ်ကောင်စီတပ်သည် ၂၀၂၃ မတ်လမှစတင်၍ မော်တိတ်ကျေးရွာအုပ်စုဖြစ်သည့် နန့်သာကျေးရွာတွင် တပ်စွဲနေ ထိုင်ထားပြီးနောက် ဇွန်လ ၁ ရက်နေ့မှ စတင်ကာ နန့်သာရွာမှ တစ်ဖန် မော်တိတ်ကျေးရွာ အုပ်စုဝင်များဖြစ် သည့် ကျွန်းတော်နှင့် ရွာသာရွာဘက်သို့ စစ်ကြောင်းထိုး ဝင်ရောက်လာကခြင်း ဖြစ်သည်ဟု  ကျွန်းတော်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ကျွန်းတော် ဒေသခံတစ်ဦးက “သူတို့က မော်တိတ်ဒေသကို ထိန်းချုပ်ချင်နေတဲ့သဘောပါပဲ နီးစပ်တဲ့ပတ်ဝန်း ကျင်ရွာတွေကို ဝင်တယ်။ သတင်းပေါက်ကြားရင် ဖမ်းတယ် ဆီးတယ်။ သူတို့ဝင်လို့ရတဲ့ ရွာတွေဆို မီးရှို့တယ် ပြီးရင်သူတို့ ဗုံးခိုကျင်းတွေတူးတယ်။ ရပ်ထဲရွာထဲက သစ်တုံးကြီးတွေ ဘာဘာယူပြီးတော့ ကြီးကြီးကျယ်ကျယ် လုပ်ထားတယ်။ လို့ကြားနေတယ်။ လူနေအိမ်မှာလည်းနေတယ် ဘုရားကုန်းမှာလည်းနေတယ်” ဟု KNG ကို ပြောသည်။

အဆိုပါ စစ်ကြောင်းအား ဇွန်လ ၁ ရက်နေ့ည ၇နာရီဝန်းကျင်တွင် နန့်သာကျေးရွာမှ ကျွန်းတော်ကျေးရွာနှင့် ရွာ သာရွာဘက် စစ်ကြောင်းထိုး ဝင်ရောက်လာရာ ABSDF နှင့် ကာကွယ်ရေးပူးပေါင်းတပ်မှ ကြားဖြတ်တိုက်ခိုက်ခဲ့ ကြောင်း ကာကွယ်ရေးတပ်ဘက်မှ ပြောသည်။

“စစ်ကြောင်းက ရွာသာရွာ၊ ကျွန်းတော်ဘက်ကို ထိုးစစ်ဆင်တာလေ။ တိုက်ပွဲက ည ၈နာရီ ၉ နာရီလောက်ကနေ မနက်  ၁နာရီဝန်းကျင်လောက်ကိုဖြစ်တာ။ တိုက်ပွဲ ဖြစ်တဲ့နေရာကတော့ တုံးစည်ဆိုတဲ့တံတားလေးရှိတယ်။ ဘုရားလေးနဲ့ပေါ့ အဲ့နားလေးမှာဖြစ်တာ ရွာသာရွာနဲ့ ကျွန်းတော်ကြားပေါ့။ စစ်ကြောင်းက  အင်းတော်ဘက် ကနေ စုန်သွားတဲ့စစ်ကြောင်းပဲ” ဟု ပြောသည်။

မော်တိတ်အနီး စစ်ရေးလှုပ်ရှားနေသည့် စစ်ကြောင်းသည် တပ်မ ၇၇ အောက်တပ်ရင်းများဖြစ်ကပြီး ABSDF နှင့် ကာကွယ်ရေး ပူးပေါင်းတပ်မှ ကြားဖြတ် တိုက်ခိုက်ခဲ့သောကြောင့် ကျွန်းတောရွာဘက်မှ ပြန်လည် ဆုတ်ခွာ သွား သည်ဟု သိရသော်လည်း နန့်သာကျေးရွာတွင် စစ်ကား ၂ စီးဖြင့် ပြန်လည်ထွက်ခွာရန် ပြင်ဆင်နေသူများလည်း ရှိနေသည်။

လက်ရှိ နန့်သာကျေးရွာတွင် စစ်ကောင်စီတပ်က အထိုင်ချထားပြီး စစ်ရေးလှုပ်ရှားမှုများ ရှိနေသောကြောင့် နန့်သာ၊ အောင်းကုန်း၊ တုံ့တော်၊ ရွာသာရွာ၊ တုံစည် စသည့် ရွာပေါင်း ၁၁ ရွာခန့်မှ ပြည်သူများသည် စစ်ဘေး ရှောင်နေကြရသည်။

ထို့အပြင် စစ်တပ် တပ်စွဲထားသည့် နန့်သာကျေးရွာတွင် ပြည်သူအချို့ကို စစ်ကောင်စီတပ်မှ ဖမ်းဆီး၊ သတ်ဖြတ် မှုများ ရှိနေသောကြောင့် မော်တိတ်ဒေသ၌ စစ်ကောင်စီတပ် အခြေချလာမည်ကို ဒေသခံများက စိုးရိမ်နေကြ ခြင်း ဖြစ်သည်။

မော်တိတ်ဒေသ နန့်သာကျေးရွာ၌ စစ်ကောင်စီတပ်သည် မတ်လ ၁၀ ရက်နေ့မှစတင်ကာ တပ်စွဲနေထိုင်လာခဲ့ပြီး နောက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် ကျောင်းသားတပ်၊ အင်းတော် PDF တို့ကြား ထိတွေ့တိုက်ပွဲ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။

အင်းတော်မြို့နယ်သည် စစ်အုပ်ချုပ်ရေး ကြေညာခံထားရသည့် မြို့နယ်တစ်မြို့ ဖြစ်သည့်အပြင် စစ်ကိုင်း-ကချင် နယ်စပ်၊ မြစ်ကြီးနား - မန္တလေး လမ်းမကြီးတွင် တည်ရှိသောကြောင့် စစ်ရေးအရ အရေးပါသော မြို့နယ် တစ်မြို့ နယ်ဖြစ်သည်။

Most read this week

January 23, 2026
နော်ထွယ့်(ဟူးကောင့်) — ဗန်းမော်မြို့၊ ကောင်ဂျာကျေးရွာမှာ နာရေးဆုတောင်းပွဲပြုလုပ်ဖို့...
January 22, 2026
အမိုး — စစ်ကိုင်းနဲ့ ကချင်အစပ်က တိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈...
January 21, 2026
စစ်ကိုင်းနဲ့ ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ရဲ့...
January 20, 2026
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC က စေတနာ့ဝန်ထမ်း ကချင်ဆရာမ ၂ ဦး...