ကျိုက်ထိုတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ကလေးအပါ ၆ ဦး ထိခိုက်ဒဏ်ရာရ

ကျိုက်ထိုတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ကလေးအပါ ၆ ဦး ထိခိုက်ဒဏ်ရာရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ လှည်းလမ်းကူးကျေးရွာရှိ နေအိမ်တစ်လုံးပေါ် လက်နက်ကြီးကျည် ကျရောက် ပေါက် ကွဲပြီး ကလေးအပါအဝင် ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

မေလ ၃၁ ရက်နေ့၊ နေ့လည် ၁ နာရီအချိန်ခန့်က လှည်းလမ်းကူးကျေးရွာနေ ဦးထွန်းအေး ဆိုသူ၏ နေအိမ်ပေါ် လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ကျိုက်ထိုဒေသခံတစ်ဦးက “လက်နက်ကြီးက ဘယ်ကနေ ပစ်လာတာလဲတော့ မသိဘူး။ အိမ်ပေါ်မှာ တစ်လုံး ကျကွဲသွားတော့ အဲအိမ်မှာရှိနေတဲ့ ကလေးတွေရော လူကြီးတွေရော အကုန် ထိသွားတယ်” ဟု ပြောသည်။

နေအိမ်ပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၃၀ အရွယ် ဦးစောထွန်း၊ အသက် ၁၃ နှစ် ကလေးတစ်ဦးနှင့် အသက် ၃၀ နှစ်အရွယ် ဒေါ်ဝင်းစန္ဒာမြင့်တို့ ကျည်ထိမှန် ဒဏ်ရာရရှိခဲ့သည်။

ထို့အပြင် အသက် ၃၇ နှစ်အရွယ် ထွန်းထွန်းလင်း၊ အသက် ၆ နှစ်အရွယ် ယွန်းရတီထွန်း၊ အသက် ၁၅ နှစ်အရွယ် မောင်သိမ်းပိုက်စိုးစံတို့လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြသည်။

ဦးထွန်းအေး၏ နေအိမ်ပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုဖြစ်စဥ်နှင့် ပတ်သက်၍  စစ်ကောင်စီကို ထောက်ခံသည့် တယ်လီဂရမ်ချန်နယ်ဘက်က KNLA နှင့် PDF ပူးပေါင်းအဖွဲ့တို့ ပစ်ခတ်သည့် လက်နက်ကြီးကျည်ဖြစ်ကြောင်း ရေးသားထားသည်။

အလားတူ KNLA နှင့် PDF ပူးပေါင်းအဖွဲ့ဘက်ကတော့ ယခုပစ်ခတ်မှုသည် စစ်ကောင်စီတပ်ဘက်က ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ပြောဆိုထားသည်။

လှည်းလမ်းကူးကျေးရွာရှိ နေအိမ်တစ်လုံးပေါ် လက်နက်ကြီး ကျည်ကျရောက် ပေါက်ကွဲမှုနှင့် ပတ်သက်၍ လက်နက်ကိုင်အဖွဲ့များအကြား နှစ်ဖက်အပြန်အလှန် စွပ်စွဲနေကြသည်။

ပြီးခဲ့သည့် မေလ ၃ ရက်နေ့ ညနေကလည်း ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊ ဝါးဒတ်ကွင်းကျေးရွာတွင် စစ်ကောင်စီတပ်ဘက်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ကလေး ၂ ဦး အပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

Most read this week

August 22, 2026
မွန်ပြည်၊ ရေးမြို့နယ်၊ ရေးချောင်းဖျားဒေသတွင် စစ်ဘေးရှောင်နေရသူများ ရေဘေးအန္တရာယ်ပါ ထပ်မံကြုံ...
(ပြန်/ဆက်) ဇူလိုင်လအတွင်း ပေါင်မြို့နယ်၌ စားအုန်းဆီ လာရောက် ရောင်းချပေးနေစဉ်။
August 21, 2026
မွန်ပြည်၊ ပေါင်မြို့နယ်ရှိ စစ်အုပ်စု၏ အုပ်ချုပ်ရေးအဖွဲ့များ ကောက်ခံနေသည့် စစ်မှုထမ်းကြေးကို...
ဓာတ်ပုံ - Crd
August 20, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်း စစ်အုပ်စုတပ်က အင်အား ရာနှင့်ချီ...
(ဓာတ်ပုံ - Crd)
August 20, 2026
မွန်ပြည်၊ မုဒုံမြို့နယ်၊ နှီးပဒေါကျေးရွာရှိ မော်လမြိုင်-သံဖြူဇရပ် ကားလမ်းပိုင်း၌ ယနေ့ (ဩဂုတ်လ ၂၀...