ကျိုက်ထိုတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ကလေးအပါ ၆ ဦး ထိခိုက်ဒဏ်ရာရ

ကျိုက်ထိုတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ကလေးအပါ ၆ ဦး ထိခိုက်ဒဏ်ရာရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ လှည်းလမ်းကူးကျေးရွာရှိ နေအိမ်တစ်လုံးပေါ် လက်နက်ကြီးကျည် ကျရောက် ပေါက် ကွဲပြီး ကလေးအပါအဝင် ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

မေလ ၃၁ ရက်နေ့၊ နေ့လည် ၁ နာရီအချိန်ခန့်က လှည်းလမ်းကူးကျေးရွာနေ ဦးထွန်းအေး ဆိုသူ၏ နေအိမ်ပေါ် လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ကျိုက်ထိုဒေသခံတစ်ဦးက “လက်နက်ကြီးက ဘယ်ကနေ ပစ်လာတာလဲတော့ မသိဘူး။ အိမ်ပေါ်မှာ တစ်လုံး ကျကွဲသွားတော့ အဲအိမ်မှာရှိနေတဲ့ ကလေးတွေရော လူကြီးတွေရော အကုန် ထိသွားတယ်” ဟု ပြောသည်။

နေအိမ်ပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၃၀ အရွယ် ဦးစောထွန်း၊ အသက် ၁၃ နှစ် ကလေးတစ်ဦးနှင့် အသက် ၃၀ နှစ်အရွယ် ဒေါ်ဝင်းစန္ဒာမြင့်တို့ ကျည်ထိမှန် ဒဏ်ရာရရှိခဲ့သည်။

ထို့အပြင် အသက် ၃၇ နှစ်အရွယ် ထွန်းထွန်းလင်း၊ အသက် ၆ နှစ်အရွယ် ယွန်းရတီထွန်း၊ အသက် ၁၅ နှစ်အရွယ် မောင်သိမ်းပိုက်စိုးစံတို့လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြသည်။

ဦးထွန်းအေး၏ နေအိမ်ပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုဖြစ်စဥ်နှင့် ပတ်သက်၍  စစ်ကောင်စီကို ထောက်ခံသည့် တယ်လီဂရမ်ချန်နယ်ဘက်က KNLA နှင့် PDF ပူးပေါင်းအဖွဲ့တို့ ပစ်ခတ်သည့် လက်နက်ကြီးကျည်ဖြစ်ကြောင်း ရေးသားထားသည်။

အလားတူ KNLA နှင့် PDF ပူးပေါင်းအဖွဲ့ဘက်ကတော့ ယခုပစ်ခတ်မှုသည် စစ်ကောင်စီတပ်ဘက်က ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ပြောဆိုထားသည်။

လှည်းလမ်းကူးကျေးရွာရှိ နေအိမ်တစ်လုံးပေါ် လက်နက်ကြီး ကျည်ကျရောက် ပေါက်ကွဲမှုနှင့် ပတ်သက်၍ လက်နက်ကိုင်အဖွဲ့များအကြား နှစ်ဖက်အပြန်အလှန် စွပ်စွဲနေကြသည်။

ပြီးခဲ့သည့် မေလ ၃ ရက်နေ့ ညနေကလည်း ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊ ဝါးဒတ်ကွင်းကျေးရွာတွင် စစ်ကောင်စီတပ်ဘက်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ကလေး ၂ ဦး အပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

Most read this week

December 9, 2025
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် စစ်ကော်မရှင်ဆောက်လုပ်ရန်ပြင်ဆင်နေသည့်...
December 8, 2025
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကလိုင်ပဒေါကျေးရွာအရှေ့ဘက်ရှိ တောင်ပေါ်ဘုရားတွင်...
December 4, 2025
နိုင်ငံရေးမတည်ငြိမ်မှုများအကြား၌ မွန်ပြည်နယ်အတွင်းရှိ မသန်စွမ်းသူများ ထောက်ပံ့ငွေမရရှိသည့်အပြင်...
Photo credit - CJ
December 3, 2025
မွန်ပြည်နယ်၊ ရေးမြို့နယ် ကျောင်းရွာအခြေစိုက် ခမရ-၅၉၁ တပ်ရင်းမှ ယမန်နေ့ဒီဇင်ဘာ ၂ ရက်နေ့က...