ကျောက်တောင်ဒေသကို စစ်ကောင်စီတပ်ဖွဲ့ ထိုးဖောက်ဝင်ရောက်

ကျောက်တောင်ဒေသကို စစ်ကောင်စီတပ်ဖွဲ့ ထိုးဖောက်ဝင်ရောက်

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ခြမ်းရှိ ကျားသစ်နက်စစ်ကြောင်းနှင့် ကော်ဘရာစစ်ကြောင်းတို့ ထိန်းချုပ် ရာနေရာဖြစ်သည့် ကျောက်တောင်ဒေသကို စစ်ကောင်စီတပ်က ထိုးဖောက် ဝင်လာနေသည်ဟု မြေပြင် သတင်း အရင်းအမြစ်က ပြောသည်။

မြေပြင် သတင်းအရင်းအမြစ်၏ ပြောပြချက်အရ စစ်ကောင်စီတပ်က ကျောက်တောင်ဒေသထဲကို မေလ ၂၉ ရက်နေ့၊ ညနေ ၅ နာရီဝန်းကျင် အချိန်တွင် ဝင်လာနေခြင်း ဖြစ်သည်ဟု သိရသည်။

“တိုက်ခိုက်ခံရတာက ကာကင်းစခန်းတစ်ခုပါ။ ကျောက်တောင်ဒေသကို စစ်ကောင်စီဘက်က ထိုးဖောက်ဖို့ နေရာမျိုးစုံကနေ ဝင်တာပေါ့။ ဒီဘက်ကလည်း ထိုးဖောက်လို့ မရအောင်ခုခံနိုင်ခဲ့တယ်။ သူတို့ဝင်လာတာက BGFထိန်းချုပ်တဲ့နေရာဖြစ်တဲ့ လက်ခတ်တောင်နဲ့ မေတ္တာလင်းမြိုင်ဘက်ကနေ တိုးလာတဲ့သဘောပေါ့” ဟု မြေပြင်သတင်းအရင်းအမြစ်က ပြောသည်။

စစ်ကောင်စီတပ်သည် အင်အား ၂၀၀ ဝန်းကျင်ဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့ဝင်များဘက်မှ ထိခိုက်မှုအချို့ရှိခဲ့သည်ဟု ဆိုသည်။ အလားတူ အဆိုပါ စစ်ကောင်စီတပ် စစ်ကြောင်းသည် အထိအခိုက်များကာ ပြန်လည်ဆုတ်ခွာသွားခဲ့သည်။

တိုက်ပွဲဖြစ်ပွားခဲ့သည့် အခြေအနေကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တရား၀င်ထုတ်ပြန်ထားခြင်း မရှိသေး ပေ။

ရှေ့တန်းရောက်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက “စစ်ကောင်စီဘက်က လက်နက်ကြီးတွေ ဆက်တိုက်ပစ်တာ စွယ်တော်ကုန်း၊ကြက်ကင်ကုန်း၊လက်ခတ်တောင် အဲ့နေရာကနေ လက်နက်ကြီးနဲ့ပစ်တယ် အခုနောက်ပိုင်း ဒီကောင်တွေက ဒရုန်းတွေသုံးပြီး ဗုံးကြဲတာတွေရှိတယ် ။ ၆၀မမတို့ ၈၁မမတို့မဟုတ်ဘူး။ အီနာဂါလို ဗုံးသီးအသေးတွေနဲ့ လေးလုံးလောက်ချိတ်ပြီး ပစ်ချတာတွေရှိတယ်”ဟု ပြောသည်။

အဆိုပါ ကာကင်းစခန်း တိုက်ခိုက်မခံရခင် မေလပိုင်း တတိယပတ်အတွင်း စစ်ကောင်စီ၏ ကင်းထောက် လေယာဉ်များ အချိန် အတန်ကြာ နှစ်ကြိမ် ပျံသန်းခဲ့သေးသည်။

မဲကနယ်ဒေသနှင့် ကျောက်တောင်ဒေသတို့တွင် စစ်ကောင်စီတပ် တပ်မ ( ၄၄)၊ ခလရ(၂၇၅)၊ ခမရ(၃၅၅)၊ BGF(၁၀၁၉)တပ်ရင်း၊ ခမရ(၁၁၈)၊ သင်္ကန်းညီနောင်ဗျူဟာတို့နှင့် KNU/KNLA၊ ကော်ဘရာစစ်ကြောင်း၊ ကျား သစ်နက်စစ်ကြောင်း၊ Golden Eagle၊ Federal Wings၊ ရောင်နီတို့ အကြား ရင်ဆိုင်တိုက်ပွဲဖြစ်ပွားနေခြင်း ဖြစ်သည်။  

တိုက်ပွဲ နှစ်လတာ ကာလအတွင်း စစ်ကောင်စီတပ် နှင့် BGF မှ အရာရှိများ အပါအဝင် တပ်ဖွဲ့ဝင် ၁၁၄ ဦး သေဆုံးကာ၊ စုစုပေါင်း ၁၂၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ထို့အပြင် စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင် ၁၁ ဦးလည်း ဖမ်းဆီးခံခဲ့ရကြောင်း ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ထားသည်။

March 12, 2026
အိန္ဒိယ - မြန်မာ ကုန်သွယ်မှုပြုလုပ်မည့် ကုလားတန်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေး စီမံကိန်း (Kaladan...
March 11, 2026
မောင်ခက်နွေ — အာဏာသိမ်းမြန်မာစစ်တပ်၏ ဝင်ငွေအရင်းအမြစ်ဖြစ်သည့် ပုလဲလုပ်ငန်းတွင် ပါဝင်ပတ်သက်နေသော...
March 10, 2026
ဇာမဏီလင်းမောင် — မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင် ဖယ်ထုတ်၍မရသည့် လူထုခေါင်းဆောင်...
March 9, 2026
ပါခွီး — ကချင် ၊ ချင်းနှင့် ရခိုင်ပြည်နယ်များသို့ ပို့မည့် စက်သုံးဆီများ NUG၏ တိုင်း/ ဖက်ဒရယ်...