ကာမိုင်းမြို့တွင် စစ်ကိုင်းဘက်မှ ရောက်ရှိလာသည့် စစ်ကောင်စီတပ်သားများက စစ်ဆေးမှုများ တင်းကြပ်

ကာမိုင်းမြို့တွင် စစ်ကိုင်းဘက်မှ ရောက်ရှိလာသည့် စစ်ကောင်စီတပ်သားများက စစ်ဆေးမှုများ တင်းကြပ်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့မှာ စစ်ကိုင်းဘက်ကနေ တပ်ပြောင်းလာတဲ့ စစ်ကောင်စီတပ်သား တွေကနေ လမ်းသွားလမ်းလာ ပြည်သူတွေကို စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

အခုပြောင်းလာသူတွေဟာ စစ်ကိုင်းတိုင်းဘက်က တပ်မ (၃၃) တပ်သားတွေ ဖြစ်ပြီး လက်ရှိ ကာမိုင်းမြို့တွင်းနဲ့ မြို့ပြင်ဘက် လမ်းဆုံတွေမှာ လမ်းသွားလမ်းလာ ပြည်သူတွေကို တားဆီးစစ်ဆေးတာတွေ တင်းတင်းကြပ်ကြပ် လုပ်ဆောင်နေကြတယ်လို့ ဆိုပါတယ်။

ကာမိုင်းဒေသခံ အမျိုးသားတစ်ဦးက “လူသစ်တွေ ဆိုတော့ ရွာခံတွေကိုရော အကုန်စစ်တယ်။ ခုထိဖမ်းတာတာ့ မကြားသေးဘူး။ ခုဝင်လာတာက(၁၀၀)လောက်တော့ ရောက်မယ်” လို့ ပြောပါတယ်။

စစ်ဆေးတဲ့နေရာတွေမှာ အင်အား(၂၀)လောက် စောင့်ကြပ်ကြပြီး ကားတွေကို စစ်ဆေးတာအပြင် သေနတ်ပါ/ မပါနဲ့ ဖုန်း စတာတွေကို စစ်ဆေးနေကြတယ်လို့လည်း ဒေသခံပြည်သူ တစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

အဲဒီတပ်သားတွေဟာ ကာမိုင်းဘက် အခုမှရောက်ရှိလာတဲ့ လူသစ်တွေ ဖြစ်တဲ့အတွက် ခရီးသွားတွေကိုသာမက ကာမိုင်းမြို့ခံပြည်သူတွေကိုပါ စစ်ဆေးနေတယ်လို့လည်း ဆိုပါတယ်။

အထက်ပါ တပ်သားတွေဟာ ကာမိုင်းမြို့တွင်း ရောက်ရှိနေတာ ၁၀ ရက်ကျော်လောက် ရှိနေပြီ ဖြစ်ပြီး စစ်ဆေးမှု တွေ ဆက်တိုက် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ကာမိုင်းမြို့အတွင်း စစ်ကောင်စီတပ်တွေကနေ လမ်းသွားပြည်သူတွေကို ရှောင်တခင် စစ်ဆေးတာတွေ မကြာခဏ ပြုလုပ်လေ့ရှိနေတာလည်း ဖြစ်ပါတယ်။

July 25, 2026
အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နှိမ်နင်းသည့်အနေဖြင့် စစ်အုပ်စုက သက်ဆိုင်ရာ...
July 22, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ် အတော်များများတွင် ဆက်သွယ်ရေးလိုင်းများ...
ဓါတ်ပုံ - WHO
July 17, 2026
ကချင်ပြည်အတွင်း ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်မားနေပြီး အချို့ဒေသများတွင် ဆေးဝါးများ...
July 16, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်နှင့် စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်အစပ်ရှိ ဆယ်ဇင်းဒေသဘက်တွင်...