ဟာခါးမြို့က ဆိတ်စာထွက်ရှာသူတစ်ဦး မိုင်းနင်းမိပြီး သေဆုံး၊ ၅ ဦး ထိခိုက်ဒဏ်ရာရ

ဟာခါးမြို့က ဆိတ်စာထွက်ရှာသူတစ်ဦး မိုင်းနင်းမိပြီး သေဆုံး၊ ၅ ဦး ထိခိုက်ဒဏ်ရာရ

ချင်းပြည်နယ်၊ ဟားခါးမြို့၊ မြို့သစ်ရပ်ကွက် ဂေါက်ကွင်းနားနေထိုင်သူ အသက် ၇၀ နှစ်အရွယ် ဦးချန်ကီယန်း ဆိုသူ ဆိတ်အစာရှာရင်း မိုင်းနင်းမိကာ သေဆုံးသွားတဲ့အပြင် အနီးအနားမှာ မိုင်းပေါက်ကွဲမှုကြောင့် ဒေသခံ ၅ ဦး လည်း အပြင်းအထန်ဒဏ်ရာများ ရရှိသွားခဲ့ပါတယ်။

မေလ ၂၄ ရက်နေ့ ညနေပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ မိုင်းပေါက်ကွဲမှုထဲ ဆိတ်စာရှာထွက်တဲ့ ဦးချိန်ကီးယန်းဆိုသူ မိုင်းနင်း မိကာ သေဆုံးခဲ့ပြီး မေလ ၂၅ ရက်နေ့ မနက်မှာတော့ ဝန်ကြီးများ အိမ်ယာအနီး လိုက်လံရှာဖွေမှုတွေ ပြုလုပ် ခဲ့ရာ မိုင်းပေါက်ကွဲမှု ထပ်မံဖြစ်ပွားမှုကြောင့် သေဆုံးသူရဲ့ တူ အပါအဝင် ၅ ဦး ထပ်မံ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါ တယ်။

ဟားခါးမြို့ဒေသခံ တစ်ဦးက “သူဆိတ်စာရှာဖို့ ထွက်သွားတယ်၊ ညဆိုလည်း ထွက်မရ ကြောက်လည်း ကြောက် တာနဲ့ နောက်နေ့ မနက်ပိုင်းမှာပဲ သေဆုံးသူရဲ့ တူဖြစ်သူအပါအဝင် လူ ၅ ဦးက လိုက်ရှာကြတယ်၊ သူတို့တွေလည်း မိုင်းပေါက်ကွဲမှုကြောင့် အပြင်းအထန် ဒဏ်ရာရကြပါတယ်၊ ဦးချန်ကီယန်းရဲ့ တူဖြစ်သူ ဦးဇဗျက် ထောင်းဟာ ဒူးအောက်ပိုင်း ခြေထောက်တစ်ဖက်ပြတ်သွားတယ်။ UPC အသင်းတော်က ဆရာပါရှန်းဟာလည်း ဒဏ်ရာ တော်တော်ပြင်းတော့ စိုးရိမ်ရတဲ့ အခြေ အနေမှာ ရှိတယ်” လို့ ပြောပါတယ်။

ထိခိုက်ဒဏ်ရာ ရရှိသွားတဲ့သူတွေကို ဟားခါးဆေးရုံကို ပို့ဆောင်ထားရတယ်လို့ ဟားခါးဒေသခံက ဆက်ပြောပါတယ်။

“ကျန် ၃ ဦးတို့ကတော့ သိပ်မစိုးရိမ်ရပါဘူး၊ သူတို့ ငါးဦးစလုံး ဟားခါးမြို့ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပြီးတော့ ဆေးကုသမှု ခံယူလျက်ရှိကြပြီးတော့ သေဆုံးသူရဲ့ ရုပ်အလောင်းကိုလည်း နေအိမ်ကို ပြန်လည် သယ်ဆောင် လာခဲ့တယ်လို့ ကျွန်တော်တို့ သတင်းကြားရပါတယ်” လို့ ပြောပါတယ်။

လတ်တလော ဟားခါးမြို့အနီးအနားကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဆက်တိုက် တိုက်ခိုက်နေသလို မြို့နဲ့ နီးတဲ့ နေရာတွေမှာလည်း မိုင်းပေါက်ကွဲမှုတွေ များလာနေပါတယ်။

 ဒီပေါက်ကွဲမှုတွေထဲ ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်း များလာကာ တောင်ယာသွားဖို့တောင် ကြောက်နေရတဲ့ အနေအထားရှိပြီး ဟားခါးမြို့ခံ ပြည်သူတွေ စိုးရိမ်ပူပန်နေရပါတယ်။

ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...
ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...
August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...