စိတ်ဓာတ်ခွန်အားမြင့်တင်ရေး သင်တန်းတွေ ပိုမိုဖွင့်လှစ်ပေးဖို့ စစ်ရှောင်အမျိုးသမီးတွေ တောင်းဆို

စိတ်ဓာတ်ခွန်အားမြင့်တင်ရေး သင်တန်းတွေ ပိုမိုဖွင့်လှစ်ပေးဖို့ စစ်ရှောင်အမျိုးသမီးတွေ တောင်းဆို

စစ်ရှောင်ကာလ ကြာလာတာနဲ့အမျှ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု ခံစားရတဲ့အတွက် စိတ်ဓာတ်ခွန်အားမြင့်တင်ရေး သင်တန်းတွေ ပိုမိုဖွင့်လှစ်ပေးဖို့ စစ်ရှောင်အမျိုးသမီးတွေက တောင်းဆိုကြပါတယ်။

မေလ ၂၃ ရက်နေ့မှာ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်းတစ်နေရာမှာ ကရင်နီအမျိုးသမီး အစည်းအရုံး (KNWO) ကနေ စိတ်ဓာတ်ခွန်အားပေးခြင်း သင်တန်းတို တစ်ရက် ပြုလုပ်ခဲ့ပါတယ်။ အဆိုပါ သင် တန်းကို စစ်ရှောင်စခန်းက အမျိုးသမီးဦးရေ ၂၀ ကျော် ပါဝင်တက်ရောက်ခဲ့ကြပါတယ်။

ဒီလိုသင်တန်းတွေ ပြုလုပ်ပေးခြင်းက စစ်ရှောင်ရတဲ့ အမျိုးသမီးတွေအတွက် စိတ်ဓာတ်ခွန်အား တစ်ခု ဖြစ်စေ တယ်လို့ အသက် (၃၉) နှစ်အရွယ် ဒေါ်နန်းမိုးက ပြောပါတယ်။

ဒေါ်နန်းမိုးက “ပေးသင့်တယ်။ ဘာဖြစ်လို့လဲဆိုရင် ကျမတို့ စစ်ရှောင်ကတည်းက စိတ်ဒဏ်ရာက ပြောရမယ်ဆို ရင် အများကြီး ရှိတယ်။ ကျမတစ်ယောက်ထဲ ခံစားရသလို သူများလည်း ခံစားရမယ်လို့ထင်တယ်ပေါ့နော်။ စစ် ရှောင် ကတည်းက စိတ်ဒဏ်ရာကတော့ အယောက်တိုင်းရှိမှာပဲ။ အထူးသဖြင့် အမျိုးသမီးတွေမှာ ပိုဆိုးမယ် စားဝတ်နေရေးက တစ်ဖက် မိသားစုအရေး၊ သားသမီးအရေး၊ ကလေးတွေ ကျောင်းပညာရေးကတစ်ဖက်က အမျိုး မျိုးပေါ့နော်။ စိတ်ဒဏ်ရာရှိကြမယ်လို့ ထင်တယ်။ ဒီသင်တန်းကတော့ ဘယ်လိုပဲဖြစ်ဖြစ် စိတ်ခွန်အား တစ်ခုတော့ ဖြစ်စေမှာပါ” လို့ ပြောပါတယ်။

သူမကတော့ ကရင်နီပြည်မှာ ၂၀၂၁ ခုနှစ် ဒီးမော့ဆိုမြို့နယ်မှာ တိုက်ပွဲစတင် ဖြစ်ပွားစဉ်ကတည်းက နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့သူ ဖြစ်ပါတယ်။ မိသားစုဝင် ၆ ဦးရှိပြီး စစ်ရှောင်ကာလ ၂ နှစ်ပြည့်ပြီလို့ သူမက ပြော ပါတယ်။

စားဝတ်နေရေး အဆင်ပြေဖို့အတွက် ဈေးရောင်းနေပေမယ့် ဈေးရောင်းတဲ့နေရာအနီးတစ်ဝိုက်မှာ လက်နက်ကြီး မကြာခဏ ကျရောက်မှုတွေရှိတာကြောင့် ဈေးရောင်းနားထားလိုက်ရတယ်လို့ ဆိုပါတယ်။

စားသောက်နေထိုင်ရေးအတွက် လိုအပ်ချက်တွေရှိနေဆဲ ဖြစ်တာကြောင့် စိတ်ဖိစီးမှု ပိုဖြစ်စေတယ်လို့ ဒေါ်နန်းမိုး က ပြောပါတယ်။

စိတ်ဓာတ်ခွန်အား မြင့်တင်ရေး တစ်ရက်တာ သင်တန်းတိုမှာ အမျိုးသမီးဆိုင်ရာ အသိပညာပေးခြင်း အစီအစဉ် တွေဖြစ်တဲ့ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ လိင်ပိုင်ဆိုင်ရာ အကြမ်းဖက် ခြင်း၊ လူမှုစီးပွားရေးဆိုင်ရာ အကြမ်းဖက်ခြင်း၊ ရိုးရာဓလေ့ဆိုင်ရာ အကြမ်းဖက်ခြင်း၊ ရင်ဖွင့်ခြင်းအစီအစဉ် နဲ့ အပြန်အလှန် ဆွေးနွေးခြင်း အစီအစဉ်တွေ ပြုလုပ်သွားခဲ့တာ ဖြစ်ပါတယ်။

သင်တန်းတက်ရောက်ခဲ့တဲ့ အသက် (၁၇)နှစ်အရွယ် မဒီးဒီးက “ရင်ဖွင့်ခြင်းမှာတော့ တစ်ယောက်ရဲ့အခက်အခဲကို တစ်ယောက်နဲ့ တစ်ယောက် ရင်ဖွင့်ကြတယ်။ ပြီးတော့မှ စိတ်တော့ တော်တော်လေးပေါ့သွားတယ်။ သင်တန်း တွေတော့ များများလုပ်ပေးရင်တော့ စိတ်ဖိစီးမှုတော့ တော်တော်လေးပေါ့သွားမယ်လို့ထင်တယ်။ ပြီးတော့မှ နောက်ဆိုလည်း စိတ်ဖိစီးမှုနည်းသွားအောင် သင်တန်း ခဏခန လုပ်ပေးဖို့လည်း တောင်းဆိုချင်တယ်” လို့ ပြော ပါတယ်။

ကရင်နီပြည်တွင်းက အမျိုးသမီးအဖွဲ့အစည်း၊ လူမှုအသင်းအဖွဲ့၊ အစုအဖွဲ့၊ တစ်ဦးချင်းတွေကနေ စစ်ရှောင်စခန်း တွေမှာ စိတ်ဓာတ်ခွန်အား မြင့်တင်ရေး သင်တန်းအစီအစဉ်၊ စစ်ရှောင်တွေနဲ့ ဝိုင်းဖွဲ့စကားပြောတာ၊ အခက်အခဲ ရင်ဖွင့်စကားကို နားထောင်တာ၊ အကြံပြု ဆွေးနွေးပေးတာ၊ အားပေးတာ၊ ဂိမ်းလေးတွေနဲ့ စိတ်ပျော်အောင် ကစားကြတာ စတဲ့ ပုံစံတွေနဲ့ လုပ်ဆောင်ကြတာ ရှိပါတယ်။

အမှတ် ၁ - အယ်လ်ဖာစစ်ဒေသ/ မိုးဗြဲနယ် ထုတ်ပြန်သည့် စစ်ရေးပြအခမ်းအနားကို တွေ့ရစဉ်
April 29, 2026
မိုးဗြဲဒေသက ကရင်နီလက်နက်ကိုင်တပ်ဖွဲ့တွေကြား ပစ်ခတ်မှုကြောင့် ၉ဦး သေဆုံးသွားတဲ့အမှုကို...
ဓါတ်ပုံ - Karenni Hope
April 28, 2026
ကရင်နီပြည်၊ နန်းမယ်ခုံမြို့နယ်အတွင်းက ကျေးရွာတရွာမှာ စစ်အုပ်စုရဲ့ လက်နက်ကြီးနဲ့ ဒရုန်း...
April 27, 2026
ကရင်နီပြည်က တော်လှန်ရေးနယ်မြေအတွင်းမှာ ဖွင့်လှစ်ထားတဲ့ ကျောင်းတွေထဲက အဆင့်မြင့်ကျောင်း ၆ ကျောင်း...
April 25, 2026
ထိုင်းအစိုးရရဲ့ တရားဝင်ခွင့်ပြုချက်နဲ့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်ခွင့်ရတဲ့...