ထိုင်း-ကရင်နီနယ်စပ်တစ်နေရာမှာ စစ်ကောင်စီနဲ့ KA ထိတွေ့တိုက်ပွဲဖြစ်၊ တိုက်လေယာဉ်နဲ့ ဗုံးကြဲ

ထိုင်း-ကရင်နီနယ်စပ်တစ်နေရာမှာ စစ်ကောင်စီနဲ့ KA ထိတွေ့တိုက်ပွဲဖြစ်၊ တိုက်လေယာဉ်နဲ့ ဗုံးကြဲ

ထိုင်း - ကရင်နီ နယ်စပ်ရှိ စစ်ကောင်စီ တပ်စခန်း အနီးတစ်နေရာမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်မတော် (KA) တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီကနေ တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကရင်နီတပ်မ တော် (KA) စစ်ရေးချုပ်က ပြောပါတယ်။

မေလ ၂၂ ရက်နေ့၊ မွန်းလွှဲပိုင်းအချိန်မှာ ဖြစ်ပွားခဲ့တာလို့ ကရင်နီတပ်မတော် (KA) စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်း နိုင်က ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

“ကျနော်တို့တပ်နဲ့ စစ်ကောင်စီတပ်တိုးလို့ တိုက်ပွဲဖြစ်တာ။ သူတို့ (စစ်ကောင်စီ) အကျအရှုံး ရှိမယ်ထင်တယ်။ သူ တို့ လေယာဉ်အကူ တောင်းတယ်နဲ့ တူပါတယ်။ လေယာဉ်က လာပြီးတော့ ကြဲတာ ၂ ခါလောက်ကြဲတယ်ပေါ့ နော်။ အကျအရှုံးရှိလို့ပဲ လေယာဉ်ခေါ်တယ်လို့ပဲ သုံးသပ်ရတာပေါ့။ ကျနော်တို့ဖက်တော့ ပြဿနာမရှိဘူး ထိ ခိုက် ကျဆုံးမှု မရှိပါဘူး“ လို့ ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြောပါတယ်။

ကရင်နီ တပ်မတော်ဖက် ထိခိုက်ကျဆုံးမှု မရှိပေမယ့် စစ်ကောင်စီဖက်က ထိခိုက်ကျဆုံးမှုတွေ ရှိနိုင်ပြီး အတိ အကျကိုတော့ မသိရဘူးလို့ ဆိုပါတယ်။

မွန်းလွှဲပိုင်း တိုက်ပွဲဖြစ်ပွားပြီးနောက် ညနေ ၃နာရီအချိန်မှာ တိုက်လေယာဉ်နဲ့ လာရောက်ဗုံးကြဲခဲ့တာဖြစ်တယ် လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ထိုင်း-ကရင်နီနယ်စပ်က တပ်စခန်းတွေကို ရိက္ခာဖြည့်တင်းဖို့ ကြိုးစားနေတာဖြစ်ပြီး ဖြည့် တင်းနေတဲ့ စစ်ကောင်စီတပ်ကို ကရင်နီတပ်မတော်က မကြာခဏ ဖြတ်တိုက်မှုတွေ ရှိနေပါတယ်။

ထိုင်း-ကရင်နီ နယ်စပ်တကျောမှာ စစ်ကောင်စီ တပ်စခန်းတွေ အနည်းဆုံး ၁၀ ခုနဲ့ အထက် ရှိတယ်လို့ သိရပါ တယ်။

စစ်ကောင်စီတပ်ဟာ ပွင့်လင်းရာသီကာလအတွင်း ရိက္ခာတွေကို စုဆောင်းနေတာဖြစ်ပြီး တပ်စခန်းတွေဆီ ရိက္ခာ ပို့ဖို့အတွက် ကုန်းလမ်းအပြင် ရေကြောင်း၊ လေကြောင်းတွေပါ အသုံးပြုနေတာ ဖြစ်ပါတယ်။

မတ်လ အစောပိုင်းကစ ထိုင်း - ကရင်နီ နယ်စပ် သံလွင်မြစ် အရှေ့ဘက်ခြမ်း နှစ်လကျော် တိုက်ပွဲအတွင်း ကရင် နီ တပ်မတော်ရဲ့ မိုင်းဆွဲတိုက်ခိုက်မှု၊ ရှေ့တန်းစခန်း တိုက်ခိုက်မှု၊ ပြောက်ကျား တိုက်ခိုက်မှုတွေကြောင့် စစ် ကောင်စီ တပ်သား (၄၀)ကျော် သေဆုံးခဲ့တယ်လို့ ကရင်နီပြည်အစိုးရ ပြည်ထဲရေးဝန်ကြီးဌာနထံမှ သိရပါတယ်။

မေလအတွင်း ကရင်နီပြည်နယ်အတွင်းရှိ နေရာဒေသများ၊ ရှမ်း- ကရင်နီနယ်စပ်ဒေသ၊ ထိုင်း-ကရင်နီနယ်စပ် သံလွင်မြစ် အရှေ့ဘက်ခြမ်းတွေမှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီကနေ လေကြောင်းသုံး တိုက်ခိုက်မှု ခပ်စိပ်စိပ် လုပ်ဆောင်လာနေတာ ဖြစ်ပါတယ်။

Most read this week

August 6, 2026
စစ်အုပ်စုတပ်သည် ပြီးခဲ့သည့် မေလကတည်းက ဒီးမော့ဆိုမြို့အနီး၊ ဒေါငံခါးကျေးရွာဘက်သို့ လက်နက်ကြီး၊...
August 6, 2026
ကရင်နီပြည်တွင်းရှိ နေရာဒေသအသီးသီးတွင် ရက်သတ္တပတ်အတွင်း စက်သုံးဆီဈေးနှုန်းမှာ ကျပ် ၂,၀၀၀...
ထွန်းမြန်မာဒိုနေးရှင်း
August 5, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က ဒရုန်းဖြင့်...
August 4, 2026
စက်သုံးဆီဈေးနှုန်းများ ယခုရက်ပိုင်းအတွင်း ထပ်မံမြင့်တက်လာခြင်းကြောင့် စပါးရိတ်သိမ်းရာသီတွင်...