လေယာဉ် လာရောက်တိုက်ခိုက်မှုကြောင့် ဝင်းရေးဒေသခံ ၅ဝဝ ကျော် တိမ်းရှောင်နေရ

လေယာဉ် လာရောက်တိုက်ခိုက်မှုကြောင့် ဝင်းရေးဒေသခံ ၅ဝဝ ကျော် တိမ်းရှောင်နေရ

KNU - ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်ထဲကို စစ်ကောင်စီမှ တိုက်လေယာဉ် ဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်သည့်အတွက် ဒေသခံပြည်သူ ၅ဝဝ ကျော် စစ်ဘေးတိမ်းရှောင်နေကြရသည်ဟု ဒေသခံများက ပြောသည်။

ဝင်းရေးမြို့နယ်(မွန်ပြည်နယ် ရေးမြို့နယ်) ဘဲလမု ကျေးရွာအုပ်စု ဝါပသဲရွာထဲကို ယမန်နေ့ မေလ ၇ ရက်နေ့တွင် လာရောက် ဗုံးကြဲတိုက်ခိုက်သွားခြင်း ဖြစ်သည်။

“ည ၁၁ နာရီလောက်မှာ ဗုံးနှစ်လုံးလာကြဲသွားတယ်။ တစ်လုံးပဲ ပေါက်တယ်။ ဝါပသဲရွာသားတစ်ဦး ထိခိုက် ဒဏ်ရာရတယ်။ အဆောက်အအုံတွေ ထိမှန်ပျက်စီးတာရှိတယ်။ တိုက်ပွဲမရှိဘဲနဲ့ လာရောက်ဗုံးကြဲချတာပါ။ ရွာသားတွေတော့ ပြေးကုန်ပြီးလေ။ တော်လှန်ရေးစစ်သားတွေ ထိခိုက်သေဆုံးမှုရှိတယ်” ဟု ဒေသခံ စောသူသူ က ယနေ့ မေလ ၈ ရက်တွင် ကေအိုင်စီ သို့ပြောသည်။

ဝါပသဲကျေးရွာ စာသင်ကျောင်းအနီးဝန်းကျင်များတွင် စစ်ကောင်စီတပ်မှ ယမန်နေ့ ည ၁၁ နာရီဝန်းကျင် အချိန် ဂျက်ဖိုက်တာတိုက်ခိုက်ရေးလေယာဉ်ဖြင့် လာရောက်ဗုံး ကြဲချသည့်အတွက် စာသင်ကျောင်းအဆောက်အဦး နှင့် အရပ်သားများ ထိခိုက်ဒဏ်ရာရမှုရှိပြီး ကရင်တိုင်းရင်းသားအများစုနေထိုင်ကြသည့် ချောင်းနှစ်ခွ၊ ဘဲလမု၊ တာဖ ထော့၊ ဝါပသဲရွာနှင့် အခြားကျေးရွာများမှ ဒေသခံများ စစ်ဘေးတိမ်းရှောင်နေကြရသည်ဟု ဒေသခံများက ပြော သည်။

အဆိုပါ ဗုံးကြဲခံရမှုကြောင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦး ကျ ဆုံးပြီး ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသသတင်းအရင်းအမြစ်များထံမှ သိရသော်လည်း သက်ဆိုင်ရာအဖွဲ့များထံ ကေအိုင်စီ-ကရင်သတင်းဌာနအနေဖြင့် အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဝင်းရေးမြို့နယ် တောင်နောက်ခြမ်း ရေးဒေသတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် - KNLA တပ် ရင်း ၂၇ နှင့် တပ်ရင်း ၁၆ တို့၏ ထိန်းချုပ်သည့်နယ်မြေဖြစ်ပြီး စစ်ကောင်စီတပ်နှင့် မကြာခဏ တိုက်ပွဲဖြစ်ပွား လေ့ ရှိသည်။

KNU ဒူးပလာယာခရိုင် ကျုံဒိုးမြို့နယ်၊ အုန်းခြံရေပူကော့စပ်အနီးရှိ တိုက်ပွဲ ဖြစ်ပွားမှုမရှိသည့် ကျေးရွာများတွင် မေလ ၆ ရက်နေ့ ညနေပိုင်းအချိန်တွင်လည်း စစ်ကောင်စီတပ်မှ တိုက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲချပြီး လူနေအိမ် အဆောက်အအုံ အချို့ မီးလောင်ပျက်စီးခဲ့သေးသည်။

ဝင်းရေးမြို့နယ်တွင် စစ်ကောင်စီတိုက်ခိုက်ရေး လေယာဥ်များ နေ့စဥ်လာရောက် ဝဲပျံ ကင်းထောက်လှမ်း လျက် ရှိပြီး ယနေ့ နံနက် ၁၁ နာရီကျော် အချိန်တွင်လည်း ဘဲလမုကျေးရွာ အနီး၀န်းကျင်တွင် ဒုတိယအကြိမ် လာ ရောက် ဗုံးကြဲတိုက်ခိုက်သည့်အတွက် စစ်ရှောင်ဒေသခံများ ဘေးလွတ်ရာသို့ ထပ်မံတိမ်းရှောင်နေကြရသည်ဟု ဒေသခံများက ပြောသည်။

ချင်းပြည်ကောင်စီ၏ အစီရင်ခံစာမိတ်ဆက် သတင်းစာရှင်းလင်းပွဲ / Press Conference & CNF
August 29, 2026
ရည်ရွယ်ချက်၊ ဦးတည်ချက်ချင်း တူညီသည့် တော်လှန်ရေးအဖွဲ့အစည်းများနှင့် ဆက်လက်ပူးပေါင်း လုပ်ဆောင်...
ဓာတ်ပုံ - (မယ်လဒုက္ခသည်စခန်း / KIC)
August 28, 2026
ထိုင်း-မြန်မာနယ်စပ်ရှိ အကြီးဆုံး ဒုက္ခသည်စခန်းဖြစ်သည့် မယ်လစခန်းတွင် နာတာရှည်ရောဂါ...
(ဓာတ်ပုံ - KIC)
August 28, 2026
ကရင့်ရိုးရာ လက်ချည်ပွဲတော် ဓလေ့အကြောင်းကို ဖော်ပြရလျှင် ကရင်လူမျိုးများ၏...
ဓာတ်ပုံ - (ကော့ကရိတ် အားကစားရုံမှ မှတ်ပုံတင်ရုံး မြင်ကွင်း - ပုံဟောင်း / Crd)
August 27, 2026
ကရင်ပြည်၊ ကော့ကရိတ်မြို့နယ် စစ်အုပ်စု၏ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန (လဝက)...