ကုလားတန် ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းလမ်းကြောင်းမှ ကုန်ပစ္စည်း အစမ်းသယ်ယူပို့ဆောင်မည်

ကုလားတန် ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းလမ်းကြောင်းမှ ကုန်ပစ္စည်း အစမ်းသယ်ယူပို့ဆောင်မည်

ကုလားတန် ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်း လက်အောက်တွင် အကောင်အထည်ဖော် ဆောင်ရွက်နေသော အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကြား ဆက်သွယ်မည့် ရေလမ်းကုန်လမ်း အခြေအနေများ သိရှိနိုင်ရန် ကုန်ပစ္စည်းများ အစမ်းသယ် ယူပို့ဆောင်မည့် အစီစဉ်တရပ်ကို မကြာခင်စတင်တော့မည်။

Kaladan Multi-Modal Transit Transport Project ဟုခေါ်သော ကုလားတန်ဘက် စုံဖွံ့ဖြိုးရေး စီမံကိန်း လမ်း ကြောင်းအား စမ်းကြည့်သည့် အနေဖြင့် အိန္ဒိယနိုင်ငံ ကိုလ်ကတ္တား (ကာလကတ္တား) မြို့ဆိပ်ကမ်းမှ တဆင့် ရခိုင် ပြည်နယ် စစ်တွေမြို့ ဆိပ်ကမ်းအထိ ဘိလပ်မြေတန်ချိန် ၃၀၀ တင်ဆောင်သော သင်္ဘောမကြာခင် ထွက်ခွာလာ မည်ဟု DD (Doodarshan) News Mizoram က ဖော်ပြသည်။

ကိုလ်ကတ္တားမြို့ Shyama Prasad Mukherjee Port ဆိပ်ကမ်းမှတဆင့် ထွက်ခွာလာမည့် ယင်းသင်္ဘောသည် စစ်တွေသင်္ဘောဆိပ်ကမ်း ကို မေလ ၉ ရက်နေ့မှာ ဆိုက်ရောက်နိုင်မည်ဟု ဆိုသည်။

စစ်တွေသင်္ဘောဆိပ်ကမ်းမှ တဆင့် ချင်းပြည်နယ် ပလက်ဝမြို့ဆိပ်ကမ်းသို့ ဆက်လက်ပို့ဆောင်ကာ ထိုမှတဆင့် မီဇိုရမ်ပြည်နယ် ဇိုးရင့်ပွီနှင့် အိုင်ဇောလ်မြို့အထိ ကားလမ်းဖြင့် ဆက်လက်သယ်ယူပို့ဆောင်လာမည်ဟု သတင်း စာကဆိုသည်။

ကုလားတန်ဘက်စုံ ဖွံ့ဖြိုးရေးစီမံကိန်းသည် အိန္ဒိယ-မြန်မာနှစ်နိုင်ငံအကြား အကျိူးတူပူးပေါင်းဆောင်ရွက်သော စီမံကိန်းဖြစ်ပြီး အင်ဒို-ပစိဖိတ် ဒေသအတွင်းရှိ နိုင်ငံများနှင့် အိန္ဒိယအရှေ့မြောက်ဒေသကို ချိတ်ဆက်နိုင်ရန် အိန္ဒိယဗဟိုအစိုးရ စီစဉ်ဆောင်ရွက်နေသော မဟာဗျူဟာမြောက် စီမံကိန်းဖြစ်သည်။

အိန္ဒိယနိုင်ငံ၏ လမ်းပန်းဆက်သွယ်ရေးခက်ခဲသော ကုန်းတွင်းပိုင်းဒေသအတွက် ကုန်ပစ္စည်းများကို ဘင်္ဂလား ပင်လယ်အော်မှ တစ်ဆင့် ရခိုင်ပြည်နယ် စစ်တွေ၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်ကိုဖြတ်ပြီး ရေလမ်း၊ ကုန်းလမ်း မှ ကုန်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရည်ရွယ်သော စီမံကိန်းဖြစ်သည်။

ဓာတ်ပုံ -(ပုံဟောင်း / Crd)
August 28, 2026
ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရသည် ဒေသန္တရအစိုးရများကို မြို့နယ်နှင့် ဒေသ ၁၉ ခုတွင်...
August 28, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ ချင်းပြည်မြောက်ပိုင်း ဖလမ်းနှင့် တီးတိန်မြို့သို့ ဆက်သွယ်ထားသည့်...
August 26, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ ပလက်ဝမြို့နယ်၊ မရာဒေသ၊ ရွှေလိုက်ဝကျေးရွာအနီးရှိ မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (...
August 19, 2026
ချင်းတော်လှန်ရေး အင်အားစုများ ဖြစ်ကြသည့် ချင်းပြည်ကောင်စီ (CC) အင်အားစုနှင့် ကြားကာလ ချင်းအမျိုး...