မြေရှားတူးဖော်ရေး လုပ်ငန်းများ ရပ်ဆိုင်းသွားရေး ဒေသခံများ ဆုတောင်းခြင်းအစီစဉ် ပြုလုပ်

မြေရှားတူးဖော်ရေး လုပ်ငန်းများ ရပ်ဆိုင်းသွားရေး ဒေသခံများ ဆုတောင်းခြင်းအစီစဉ် ပြုလုပ်

ဗန်းမော်ခရိုင်တွင် မြေရှားသတ္တုတူးဖော်ခြင်းလုပ်ငန်း လုံး၀ရပ်ဆိုင်းသွားရန် နှင့် သက်ဆိုင်ရာ KIO အစိုးရမှ ပြည်သူ့ဆန္ဒအား အလေးပေးလာတတ်ရန် ဆုတောင်းဝတ်ပြုခြင်းအစီအစဉ်ကို ဧပြီလ ၁၀ ရက်နေ့ တွင် ဒေသခံများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဗန်းမော်ဇုံနယ်အတွင်းရှိ အသင်းတော် ၄၅ ပါးလုံးနှင့် ကက်သလစ်အသင်းတော်များ ပါဝင်ကာ ဧပြီလ ၁၀ ရက်နေ့ ယနေ့ နံနက် ၁၀ နာရီအချိန်မှစပြီး ဝိုင်းဝန်းဆုတောင်းဝတ်ပြုခဲ့ခြင်းဖြစ်ကြောင်း ဒိန်ဆင်းပါ မြေရှားသတ္တုတူးဖော်ခြင်း ကန့်ကွက်ကော်မတီအဖွဲ့ဝင်တစ်ဦး KNG ကို ယခုလိုပြောသည်။

“ကျနော်တို့ ပြည်သူတွေ ဝိုင်းဆုတောင်းရခြင်းအကြောင်းရင်းက ဗဟို KIO အစိုးရလည်း မှန်ကန်သောနည်းလမ်းနဲ့ ဦးဆောင်တတ်ဖို့နဲ့ မကောင်းဘူး မသင့်ဘူးဆိုတဲ့လုပ်ငန်းကို ကောင်းကောင်းဦးဆောင်ပိုင်းခြားတတ်ဖို့၊ ဒီမြေရှားသတ္တု တူးဖော်ခြင်းကို ကျနော်တို့ပြည်သူတွေ အောင်မြင်စွာ ကန့်ကွက်နိုင်ဖို့ KIO အစိုးရလည်း နားထောင်ပေးဖို့ အဓိက ထား ဝိုင်းဆိုတောင်းကြတာဖြစ်ပါတယ်။” ဟု ၎င်းကပြောသည်။

မံစီမြို့နယ် အင်ဘာပါ၊ ဒိန်ဆင်းပါဒေသရှိ ကျိန်းလပ်ပါတွင်ရှိသော တရုတ်ကုမ္မဏီ၏ မြေရှားတူးဖော်ရေး လုပ်ငန်းခွင်အား မတ်လ ၂၁ ရက်နေ့ ဒေသခံများ သွားရောက်ဆန္ဒပြကာ ဖျက်ဆီးခဲ့သည့်ဖြစ်စဉ်များ ရှိခဲ့သည်။

ထို့နောက် KIO ဗဟိုဌာနချုပ် ဗိုလ်ချုပ်ကြီးအင်ဘန်လ နှင့် ခရစ်ယာန်အသင်းတော် ၅ ပါးမှ ဒေသခံများကိုယ်စား ခေါင်းဆောင်တို့သည် ဗဟိုဌာနချူပ်တွင် မြေရှားသတ္တုတူးဖော်ရေးနှင့်ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

သို့သော်လည်း မြေရှားတူးဖော်မှုအစီစဉ် ဆက်လက်လုပ်ဆောင်ရန် နှင့် ရပ်တန့်ရန် KIO အစိုးရ၏ ဆုံးဖြတ်ချက်ကို မသိရသေးကြောင်း ဒေသခံများပြောသည်။

ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဒိန်ဆင်းပါ ၊ အင်ဘာပါ ဒေသခံများအနေဖြင့်တော့ ၎င်းတို့ဒေသတွင် မြေရှားသတ္တုတူးဖော်ရေး လုံးဝ ရပ်တန့်သွားအောင် ကြိုးစားသွားမည်ဟု ပြောဆိုနေကြပါသည်။

Most read this week

December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...