မြေရှားတူးဖော်ရေး လုပ်ငန်းများ ရပ်ဆိုင်းသွားရေး ဒေသခံများ ဆုတောင်းခြင်းအစီစဉ် ပြုလုပ်

မြေရှားတူးဖော်ရေး လုပ်ငန်းများ ရပ်ဆိုင်းသွားရေး ဒေသခံများ ဆုတောင်းခြင်းအစီစဉ် ပြုလုပ်

ဗန်းမော်ခရိုင်တွင် မြေရှားသတ္တုတူးဖော်ခြင်းလုပ်ငန်း လုံး၀ရပ်ဆိုင်းသွားရန် နှင့် သက်ဆိုင်ရာ KIO အစိုးရမှ ပြည်သူ့ဆန္ဒအား အလေးပေးလာတတ်ရန် ဆုတောင်းဝတ်ပြုခြင်းအစီအစဉ်ကို ဧပြီလ ၁၀ ရက်နေ့ တွင် ဒေသခံများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဗန်းမော်ဇုံနယ်အတွင်းရှိ အသင်းတော် ၄၅ ပါးလုံးနှင့် ကက်သလစ်အသင်းတော်များ ပါဝင်ကာ ဧပြီလ ၁၀ ရက်နေ့ ယနေ့ နံနက် ၁၀ နာရီအချိန်မှစပြီး ဝိုင်းဝန်းဆုတောင်းဝတ်ပြုခဲ့ခြင်းဖြစ်ကြောင်း ဒိန်ဆင်းပါ မြေရှားသတ္တုတူးဖော်ခြင်း ကန့်ကွက်ကော်မတီအဖွဲ့ဝင်တစ်ဦး KNG ကို ယခုလိုပြောသည်။

“ကျနော်တို့ ပြည်သူတွေ ဝိုင်းဆုတောင်းရခြင်းအကြောင်းရင်းက ဗဟို KIO အစိုးရလည်း မှန်ကန်သောနည်းလမ်းနဲ့ ဦးဆောင်တတ်ဖို့နဲ့ မကောင်းဘူး မသင့်ဘူးဆိုတဲ့လုပ်ငန်းကို ကောင်းကောင်းဦးဆောင်ပိုင်းခြားတတ်ဖို့၊ ဒီမြေရှားသတ္တု တူးဖော်ခြင်းကို ကျနော်တို့ပြည်သူတွေ အောင်မြင်စွာ ကန့်ကွက်နိုင်ဖို့ KIO အစိုးရလည်း နားထောင်ပေးဖို့ အဓိက ထား ဝိုင်းဆိုတောင်းကြတာဖြစ်ပါတယ်။” ဟု ၎င်းကပြောသည်။

မံစီမြို့နယ် အင်ဘာပါ၊ ဒိန်ဆင်းပါဒေသရှိ ကျိန်းလပ်ပါတွင်ရှိသော တရုတ်ကုမ္မဏီ၏ မြေရှားတူးဖော်ရေး လုပ်ငန်းခွင်အား မတ်လ ၂၁ ရက်နေ့ ဒေသခံများ သွားရောက်ဆန္ဒပြကာ ဖျက်ဆီးခဲ့သည့်ဖြစ်စဉ်များ ရှိခဲ့သည်။

ထို့နောက် KIO ဗဟိုဌာနချုပ် ဗိုလ်ချုပ်ကြီးအင်ဘန်လ နှင့် ခရစ်ယာန်အသင်းတော် ၅ ပါးမှ ဒေသခံများကိုယ်စား ခေါင်းဆောင်တို့သည် ဗဟိုဌာနချူပ်တွင် မြေရှားသတ္တုတူးဖော်ရေးနှင့်ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

သို့သော်လည်း မြေရှားတူးဖော်မှုအစီစဉ် ဆက်လက်လုပ်ဆောင်ရန် နှင့် ရပ်တန့်ရန် KIO အစိုးရ၏ ဆုံးဖြတ်ချက်ကို မသိရသေးကြောင်း ဒေသခံများပြောသည်။

ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဒိန်ဆင်းပါ ၊ အင်ဘာပါ ဒေသခံများအနေဖြင့်တော့ ၎င်းတို့ဒေသတွင် မြေရှားသတ္တုတူးဖော်ရေး လုံးဝ ရပ်တန့်သွားအောင် ကြိုးစားသွားမည်ဟု ပြောဆိုနေကြပါသည်။

ဓာတ်ပုံ - (မြစ်ကြီးနား - မန္တလေး ကားလမ်းပေါ်ရှိ မော်လူးဂိတ်)
August 19, 2026
မန္တလေးမြို့မှ မြစ်ကြီးနားမြို့သို့ ကုန်စည်သယ်ယူရာတွင် အသုံးပြုနေရသည့် ကွင်းလမ်းများ၌...
(ရှမ်းပြည်မြောက်ပိုင်း မန်တုံမြို့နယ်တွင် မြေရှားသတ္တုတူးဖော်ရန် ပြင်ဆင်နေစဉ်/ Crd)
August 18, 2026
ရှမ်းပြည် မြောက်ပိုင်း၊ မန်တုံမြို့နယ်တွင် မြေရှားသတ္တုတူးဖော်မှုကြောင့် ထိခိုက်မည့်...
ဓာတ်ပုံ - ပင်လည်ဘူးမြို့နယ် ဩဂုတ်လ ၁၆ ရက်နေ့က လေကြောင်းတိုက်ခိုက်ခံရသည့် အခြေအနေ။
August 18, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်အစပ်ရှိ ပင်လည်ဘူးမြို့နယ်၊ ကင်းပန်းကျေးရွာ ယခုရက်ပိုင်းအတွင်း...
ဓါတ်ပုံ - ရွှေကူမြို့တွင်း မြင်ကွင်းတစ်ခုအား တွေ့ရစဉ်။
August 17, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် တိုက်ပွဲများကြောင့် လမ်းပိုင်း ပိတ်ဆို့ထားသဖြင့် ကျေးရွာများ၌ အစား...