ဖားကန့်ဒေသတွင် လုပ်ကွက်ဟောင်းတစ်ခု ပြိုကျ၍ လူ ၄ ဦးသေဆုံး

ဖားကန့်ဒေသတွင် လုပ်ကွက်ဟောင်းတစ်ခု ပြိုကျ၍ လူ ၄ ဦးသေဆုံး
ယနေ့ မြေစာပုံပြိုကျမှုကြောင့် သေဆုံးရုပ်အလောင်းများ (ပရဟိတ)
ယနေ့ မြေစာပုံပြိုကျမှုကြောင့် သေဆုံးရုပ်အလောင်းများ (ပရဟိတ)

ကချင်ပြည်နယ်၊ ဖားကန့်ဒေသ နမ့်မှော်ကျေးရွာအနီးရှိ လုပ်ကွက်ဟောင်းတစ်ခု ယမန်နေ့ ဇန်နဝါရီ ၃၀ ရက်နံနက်က မြေစာပြိုမှုကြောင့် ကျောက်စိမ်းတူးဖော်နေသည့် လူ ၄ ဦး သေဆုံးခဲ့ပြီး ၎င်းတို့မှာ ရခိုင်လူမျိုးများဖြစ်ကြောင်း ဒေသခံများက ပြောသည်။

သေဆုံးသွားသူများမှာ ကိုမောင်မောင်မြင့်၊ ကိုဇော်မြင့်နိုင်၊ ကိုဇော်ဇော်အောင်နှင့် ကိုရှည်ကြီးဆိုသူတို့ ဖြစ်ကြောင်း ဒေသခံများပြောဆိုချက်အရ သိရှိရသည်။

မြေစာပြိုကျမှုသည့် ဇန်နဝါရီလ ၃၀ ရက်နေ့ ယနေ့ မနက်ပိုင်း ၉ နာရီလောက်က ဆန်းရွှင် ကုမ္ပဏီ၏ လုပ်ကွက် ဟောင်းတစ်ခုဖြစ်ပြီး သေဆုံးသူ (၄)ဦးသည့် ၄ ပေကျင်း တူးရှာဖွေနေချိန် မြေစာပြိုကျမှုအောက် ရောက်ရှိသွားခဲ့ ခြင်းဖြစ်ကြောင်း သိရှိရသည်။

“မြေစာပုံပြိုတာ သူတို့ကအဲ့နားမှာ ရေမဆေးကျောက်ရှာနေကြတာလေ။ လေး ဦးလုံး မြေစာပိသွားတာ။ ၄ ယောက်လုံး ရခိုင်ဘက်ကလို့ တော့ ပြောကြတာပဲ”ဟု ဒေသခံ မျက်မြင်တစ်ဦးက ပြောသည်။

သေဆုံးသူများကို ဒေသခံ လူမှုကူညီရေးအသင်းများ၊ ရှာဖွေကယ်ဆယ်ရေးအသင်းများ၊ ဒေသခံများမှ ပြိုကျမြေစာပုံအောက်မှ ကူညီရှာဖွေ ပေးခဲ့ကြသည်။

သေဆုံးရုပ်အလောင်းများကို ဆိုင်းတောင် (ဆိပ်မူ) သုဿာန်သို့ ပို့ဆောင်ထားကြောင်း သိရှိရသည်။

ဖားကန့်ဒေသတွင် လုပ်ကွက်ဟောင်းများမှ မြေစာပုံ ပြိုကျ၍  ရေမဆေးကျောက် ရှာဖွေသူများ သေဆုံးမှုသည် ယခု ၂၀၂၃ ခုနှစ်အတွက် ယခု ဖြစ်စဉ်သည် ပထမဆုံး သေဆုံးမှု ဖြစ်စဉ် ဖြစ်ကြောင်းကိုလည်း သိရှိရသည်။

၎င်းသေဆုံးသူ ၄ ဦးရခိုင်လူမျိုးများဖြစ်ကြောင်း ဒေသခံများက ပြောဆိုထားသဖြင့် မည်သည့်မြို့နယ်က ဖြစ်သည်ကို သိရှိနိုင်ရန် ဖားကန့်ရှိ ရခိုင်လူမှုအဖွဲ့အစည်းများသို့ ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါသည်။

April 4, 2026
ကျော်သီဟ — ရခိုင်ပြည်တွင် ပြီးခဲ့သည့်မတ်လအတွင်း အကြမ်းဖက်စစ်ကော်မရှင်တပ်၏ လေကြောင်းအသုံးပြုကြဲ၍...
April 3, 2026
ကျော်သီဟ — နိုင်ငံခြားဖြစ် အရက်နှင့် ဘီယာများကို အာရက္ခတပ်တော်(AA)က သင်္ကြန်ကာလအတွင်း...
April 2, 2026
ခိုင်လူလှ (ရိုးမမြေ) — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ မသုန်ကျေးရွာအနီးရှိ ကပစ (၁၆ )...
April 1, 2026
ကျော်သီဟ — ရခိုင်ပြည်အတွင်း ကြက်သွန်နီစိုက်ပျိုးမှုမှာ ဖြစ်ထွန်းအောင်မြင်နေသည်ဟု...