ရနောင်းထိန်းသိမ်းရေးစခန်းက မြန်မာ ၆၀၀ကျော်ကို ဖေဖော်ဝါရီ ၂ရက်ကစပြီး အသုတ်လိုက်ခွဲပြီး မြန်မာကိုပြန်ပို့မည်

ရနောင်းထိန်းသိမ်းရေးစခန်းက မြန်မာ ၆၀၀ကျော်ကို ဖေဖော်ဝါရီ ၂ရက်ကစပြီး အသုတ်လိုက်ခွဲပြီး မြန်မာကိုပြန်ပို့မည်

ထိုင်းနိုင်ငံ ရနောင်းမြို့က လူဝင်မှုကြီးကြပ်ရေးနဲ့ ထိန်းသိမ်းရေးစခန်းက မြန်မာနိုင်ငံသား ၆၀၀ ကျော်တို့ကို ဖေဖော်ဝါရီလ ၂ ရက်ကစပြီး အသုတ် (၃) သုတ်ခွဲပြီး ပြန်ပို့ရန် စီစဉ်ထားကြောင်း ဘန်ကောက်မြို့ မြန်မာသံရုံးက ထုတ်ပြန်သည်။

သူတို့ကိုပြန်ပို့ရန် အတွက် ရနောင်းမြို့က မြန်မာအလုပ်သမားသံအရာရှိကိုယ်တိုင် မြေပြင်တွင် ကွင်းဆင်းလုပ်ဆောင်နေကြောင်း ဘန်ကောက်မြို့ မြန်မာသံရုံးအလုပ်သမားသံအရာရှိ ဦးသူရိန်ထွန်းက နိရဉ္စရာကို ပြောသည်။

"လောလောဆယ်တော့ သူတို့စာရင်းကောက်တာတွေလုပ်နေပြီပေါ့နော်၊ ပြန်မယ့်သူတွေရဲ့ နေရပ်လိပ် စာတွေ စာရင်းကောက်နေပြီ၊ ဖေဖော်ဝါရီလ ၂ ရက်နေ့ရယ် ၈ ရက်နေ့နဲ့ ၁၅ ရက်နေ့တွေမှာ ပြန်ပို့မှာပါ၊ ကိုဗစ်ကူးစက်မှုတွေဖြစ်နေတဲ့အတွက် သူတို့ကိုပြန်ပို့ရမယ်ဆိုရာမှာလည်း အကန့်အသတ်နဲ့ ပြန်လွှဲရတာ မို့ခုလို လနဲ့ချီ ပြီး ကြန့်ကြာသွားရတာပါ။ ’’

မြန်မာနိုင်ငံသား အယောက် ၆၀၀ ကျော်တို့ဟာ လူ ၃၀၀ သာဆန့်သည့် အခန်းထဲတွင်  ပြွတ်သိပ်ထားရှိပြီး ထိုအထဲတွင် အမျိုးသမီး ၈၀ ကျော်နှင့် သက်ကြီးရွယ်အိုများလည်းပါဝင်သည်ဟု  သိရသည်။

သူတို့မှာ ထိုင်းနိုင်ငံထဲ ကို နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာကြသူများဖြစ်ပြီး ထိုင်းနိုင်ငံ တောင်ပိုင်းဘက်တွင်  အထောက်အထားမဲ့နေထိုင်သူများဖြစ်ကြသည်ဟု ထိုင်းအာဏာပိုင်များက ပြော သည်။

၎င်းတို့မှာ ပြစ်ဒဏ်ကနေလွတ်ရက်စေ့သူများဖြစ်ကြပြီး ထိုင်းနိုင်ငံ ရနောင်းမြို့ကနေတစ်ဆင့် မြန်မာနိုင်ငံ ကော့သောင်းမြို့ သို့ ပြန်လွှဲပေးမည်ကို စောင့်ဆိုင်းနေရသူများဖြစ်ကြသည်။

ဇန်နဝါရီ ၂၈ နှင့် ၂၉ ရက်နေ့များတွင် ၎င်း ထိန်းသိမ်းရေးစခန်းထဲတွင်မြန်မာသို့ လွှဲပြောင်းပေးရန်  ဆန္ဒပြတောင်းဆိုခဲ့ကြရာမှ မြန်မာသံရုံးဖက်က ယခလို စီစဉ်ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း မြန်မာ သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...