ဒေသခံတစ်ဦး လက်နက်ကြီး ထိမှန်ပြီး သေဆုံး

ဒေသခံတစ်ဦး လက်နက်ကြီး ထိမှန်ပြီး သေဆုံး

ယမန်နေ့ ဇန်နဝါရီလ ၂၉ ရက်နေ့က ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာ အကြမ်းဘက်စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံတစ်ဦး ထိမှန် သေဆုံးသွားခဲ့ပါတယ်။

လက်နက်ကြီးဟာ မနက်ပိုင်း ၉ နာရီခွဲ ဝန်းကျင်လောက်က ကျလာတာဖြစ်ပြီး နေအိမ်မျာ ပစ္စည်းပြန်ယူတဲ့ အသက် ၂၇ နှစ်အရွယ် အမျိုးသားတစ်ဦး ကို ထိမှန်ခဲ့တာဖြစ်ပါတယ်။

“လက်နက်ကြီး ကျတဲ့အချိန်မှာ သူက ဆိုင်ကယ် မောင်းပြီးထွက်သွားတော့ နောက်ကနေထိတာလို့ ” နီးစပ်သူ တစ်ဦးက ပြောပါတယ်။

သူ့ကို ထိမှန်တဲ့ လက်နက်ကြီးဟာ ဒီးမော့ဆိုမြို့ အခြေစိုက် ခလရ (၁၀၂)တပ်ကနေပစ်တာ မဟုတ်ပဲ လောပိတဘက်က အမှတ် (၅၃၀) အမြောက်တပ်ရင်း ကနေပစ်တာလို့ ဆိုပါတယ်။

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာ အကြမ်းဘက် စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဇန်နဝါရီလ အတွင်းမှာ စစ်ရှောင်အပါအဝင် ဒေသခံ ပြည်သူ ၁၀ ဦး ထိခိုက်ဒဏ်ရာ ရပြီး (၁)ဦး သေဆူံးခဲ့တယ်လို့ သိရပါတယ်။

Most read this week

December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...
December 16, 2025
မြလေးကုန်းဆိုတဲ့ စစ်ရှောင်စခန်းအတွင်းက အေးချမ်းတဲ့ ဆောင်းမနက်ခင်းတခုရဲ့ နံနက်ခင်းလေးမှာ...
December 15, 2025
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အတွင်းက သုံးနှစ်အရွယ် စစ်ဘေးရှောင်ကလေးငယ်တစ်ဦးကို...