ဒီးမော့ဆိုတွင် စစ်အုပ်စု စစ်ကြောင်းထိုးနေသဖြင့် ဒေသခံများ ထပ်မံတိမ်းရှောင်နေရ

ဒီးမော့ဆိုတွင် စစ်အုပ်စု စစ်ကြောင်းထိုးနေသဖြင့် ဒေသခံများ ထပ်မံတိမ်းရှောင်နေရ

စစ်အုပ်စုတပ်သည် ပြီးခဲ့သည့် မေလကတည်းက ဒီးမော့ဆိုမြို့အနီး၊ ဒေါငံခါးကျေးရွာဘက်သို့ လက်နက်ကြီး၊ ဒရုန်းနှင့် လေယာဉ်များဖြင့် သာလွန်အင်အားသုံးကာ ထိုးစစ်ဆင်နေခြင်းကြောင့် ဒေသခံများ ထပ်မံစစ်ဘေး ရှောင်နေကြရသည်။

ယခုထပ်မံ စစ်ရှောင်နေရသည့် ဒေသခံများသည် စစ်ရှောင်နေရာမှ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ရန်အတွက် နေရပ်ပြန်လာကြသည့် ကုန်းသာကျေးရွာသားများ ဖြစ်သည်။

ကျေးရွာခံ အမျိုးသားတစ်ဦးက “ပြန်လာနေတာတော့များတယ်။ အိမ်ခြေတစ်ရာလောက်ရှိတယ်။ ဒီဘက် တကြောပေါ့။ နောက်အခုပြေးကုန်ပြီ။ အိမ်ခြေတစ်ရာကျော်လည်း။ သူတို့(စစ်အုပ်စု) ဒရုန်းတွေလဲချတယ်။ ပြည်သူတွေ ဘာတွေ သူတို့မသိဘူး” ဟု ပြောသည်။

စစ်ကြောင်းများ နီးကပ်လာခြင်းအပြင် စစ်အုပ်စုတပ်များ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်များနှင့် ဒရုန်း များမှာ ကျေးရွာအတွင်းသို့ မကြာခဏ ကျရောက်ပေါက်ကွဲနေခြင်းကြောင့် ဩဂုတ်လ ပထမပတ် အတွင်း၌ပင် တိမ်းရှောင်ရသူ အရေအတွက် များပြားလာခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ထိုသို့ အရေးပေါ် ထွက်ပြေးတိမ်းရှောင်နေကြရသဖြင့် ကျေးရွာခံများအနေဖြင့် မိမိတို့၏ အရေးကြီးပစ္စည်းများ၊ အသုံးအဆောင်များနှင့် ဆန်စပါးများကို သယ်ဆောင်ကာ ထွက်ပြေးနေရပြီး စိုက်ပျိုးထားပြီးစီးသည့် ပြောင်းများ ကိုလည်း အလောတကြီး ရိတ်သိမ်းနေကြရကြောင်း သိရသည်။

လက်ရှိတွင် အရေးပေါ် ထွက်ပြေးတိမ်းရှောင် နေရခြင်းကြောင့် အခြေခံ စားသောက်ကုန်များ အပြင် မိုးကာ လိုအပ်ချက်များလည်း ရှိနေဆဲဖြစ်သည်။

ကုန်းသာကျေးရွာနှင့် အနီးစပ်ဆုံးရှိ ဒေါငံကျေးရွာဘက်တွင် စစ်အုပ်စုတပ်က အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးရန် လှုပ်ရှားလျက်ရှိနေသဖြင့် တော်လှန်ရေးတပ်ဖွဲ့များနှင့် မကြာခဏ ထိတွေ့တိုက်ပွဲများ ဖြစ်ပွား နေသည်။

Most read this week

September 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းကို စစ်အုပ်စုတပ်က လေကြောင်းမှ...
KNPP ပါတီ၏ ပထမဆုံး အမျိုးသမီး အတွင်းရေးမှူး (၂) ဖြစ်လာသူ မော်သဲမာ။ / Credit
September 15, 2026
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ၏ လစ်လပ်တာဝန်များ ပြန်လည်ရွေးချယ်ခန့်အပ်ရာတွင်...
September 15, 2026
ကရင်နီပြည်၊ နန်းမယ်ခုံမြို့နယ်ရှိ ကျေးရွာတစ်ရွာကို စစ်အုပ်စုတပ်က အသေခံဒရုန်း (Suicide Drone)...
ကြွက်ဖျက်ဆီးမှုကြောင့် ပျက်စီးသွားသည့် ဖရူဆိုမှ စစ်ဘေးရှောင်များ၏ ပြောင်းခင်းတစ်ခု။ / Crd
September 14, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ယခုနှစ်၌ တစ်ပိုင်တစ်နိုင်...